ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၄ ရတီ(VOM) ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတခုမှ တရားအားထုတ်ရာမှာ အသုံးပြုတယ်လို့ယူဆရတဲ့ လူသေအလောင်း ၄၀ ကျော်ကို ရှာဖွေတွေ့ရှိပြီးနောက် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံ ဖီချစ်ပြည်နယ် ပါနက်ခွန်ချိုဗိုဗွန် ဘုန်းတော်ကြီးကျောင်းမှာ ရုပ်အလောင်း ၄၁ လောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းတွေကို လှူထားတယ်ဆိုတဲ့ သက်သေခံလက်မှတ်တွေပါတယ်လို့ ရဲအရာရှိတယောက်က အေအက်ဖ်ပီကို ပြောပါတယ်။ အလောင်းတွေကို ဆန္ဒအလျောက်လှူခဲ့တာ ဟုတ်မဟုတ် သေချာစေဖို့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို ဆက်သွယ်ထားပြီး အလောင်းတွေ အခိုးခံရတာမဟုတ်ဘူးဆိုတာ သေချာစေဖို့ လုပ်ဆောင်နေကာ လက်ရှိမှာတော့ စွဲချက်တင်တာမျိုးမရှိသေးဘူးလို့ အမည်မဖော်လိုတဲ့ ရဲအရာရှိက ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်နီးချင်း ခမ်ဖောင်ဖက်ခရိုင်ရှိ အခြားဘုန်းတော်ကြီးကျောင်းမှာ အလားတူ ရုပ်အလောင်း ၁၂ လောင်းကို ရှာဖွေတွေ့ရှိပြီးနောက်မှာ အခုလိုထပ်မံတွေ့ခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။…
Read MoreDay: November 25, 2024
လားရှိုးမြို့နယ် နမ့်ပေါင်ဘက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၂၅၊ ၂၀၂၄Shy V VOMရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ဘက် နိုဝင်ဘာ ၂၄ ရက်နေ့ ည ၇ နာရီခွဲကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။“နမ့်ပေါင်ကို ကြဲသွားတယ်။ အနည်းဆုံး ဗုံး သုံးလုံးကြဲခဲ့တယ် လို့သိရပါတယ်။ အသေးစိတ် တော့ မသိရသေးပါဗျ။” လို့ နမ့်ပေါင် အနီး နေထိုင်တဲ့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။နမ့်ပေါင်ဘက် နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီ ၄၃ မိနစ်က တကြိမ်၊ ၇ နာရီ ၄၉ မိနစ်က တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။“နမ့်ပေါင်မှာ လေယာဉ်ဗုံး သုံးလုံးကြဲခဲ့တယ် လို့သိရ။ ထိခိုက်ဆုံးရှုံးမှု မသိရသေးပါဘူး။ လေယာဉ်တွေ ရှမ်းမြောက်ဘက် တရစပ်သွားနေတာ။…
Read Moreအစ္စရေးကို ဟဇ်ဘိုလာအဖွဲ့က ဒုံးကျည် ၁၆၀ ကျော်နဲ့ လက်တုံ့ပြန် တိုက်ခိုက်
တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၁၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေပျက်စီးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးအခြေစိုက် သတင်းမီဒီယာတွေကဆိုပါတယ်။ ဒီအတောအတွင်း လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ကို အစ္စရေးက လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေပါတယ်။ပြီးခဲ့တဲ့နေ့က တိုက်ခိုက်မှုအတွင်း လူ ၂၉ ယောက်သေဆုံးပြီး ၆၇ ယောက်ဒဏ်ရာခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို နိုင်ငံတကာက လုပ်ဆောင်နေပါတယ်။မနေ့ကတော့ အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်ဟာ လက်ဘနွန်ကိုသွားရောက်ခဲ့ပြီး လွှတ်တော်ဥက္ကဌ နာဘင့်ဘာရီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ အစ္စရေးအစိုးရနဲ့ ဟဇ်ဘိုလာတို့ကို ဆက်လက်ဖိအားပေးရမယ်လို့ အစည်းအဝေးအပြီးမှာ သူက ပြောပါတယ်။ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှ ဂါဇာစစ်ပွဲစတင်ပြီးနောက် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက်…
Read MoreThis Day in History
Voice of Myanmarကျူးဘားကို အနောက်ကမ္ဘာခြမ်း၏ ပထမဆုံး ကွန်မြူနစ်နိုင်ငံအဖြစ် သွတ်သွင်းခဲ့သော ကျူးဘားခေါင်းဆောင် ဖီဒယ်ကက်စထရိုသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည်။
Read Moreစစ်မှုထမ်းရင် အကြွေးလျှော်မယ့်ဥပဒေ ရုရှားသမ္မတပူတင် လက်မှတ်ထိုး
မော်စကို၊ နိုဝင်ဘာ-၂၅-၂၀၂၄မျိုးဆက်(VOM)ရုရှားသမ္မတပူတင်ဟာ စစ်မှုထမ်းသူတွေကို အကြွေးသက်သာခွင့်ပေးမယ့် ဥပဒေတရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲအတွက် စစ်သားသစ်စုဆောင်းဖို့ အားထုတ်မှုအဖြစ် ရှုမြင်နေကြပါတယ်။စစ်မှုထမ်းဖို့အတွက် တနှစ်စာချုပ်ချုပ်သူတွေအနေနဲ့ အကြွေး ရူဘယ် ၁၀ သန်း သို့မဟုတ် ဒေါ်လာ ၉၆၀၀၀ ထိ ဥပဒေအရ သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ စစ်သားသစ် စုဆောင်းရေးမှာ လုပ်ခလစာများများပေးမယ်လို့ ကမ်းလှမ်းခဲ့သလို ပြစ်ဒဏ်ကျ အကျဉ်းသားဆိုရင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုမှာဖြစ်ပါတယ်။ရုရှားဟာ ယူကရိန်းမှာတိုက်ဖို့အတွက်ပြည်ပနိုင်ငံသားတွေကိုလည်း စုဆောင်းနေဖွယ်ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။ ရာနဲ့ချီတဲ့ ယီမင်ကြေးစားစစ်သားတွေကို ယူကရိန်းစစ်မြေပြင်ပို့ခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။သူ့တို့ကို အလုပ်အကိုင်တွေ၊ မြင့်မားတဲ့ လုပ်ခလစာတွေနဲ့ ရုရှားနိုင်ငံသားပေးဖို့ထိပါ ကမ်းလှမ်းခဲ့ပြီး အိန္ဒိယနဲ့ နီပေါနိုင်ငံသားအချို့လည်း ရုရှားစစ်တပ်မှာ ရောက်ရှိ အမှုထမ်းနေကြတယ်လို့ အတည်ပြုပြောဆိုမှုတွေလည်းရှိနေပါတယ်။လက်ရှိမှာတော့ ရုရှားဟာ မြောက်ကိုရီးယားစစ်သား ထောင်ပေါင်းများစွာကို နိုင်ငံအနောက်ပိုင်းမှာ ဖြန့်ကြက်ထားပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေပါတယ်။ ယူကရိန်းဟာ ရုရှားပိုင်နက်ထဲကို အမေရိကန်နဲ့…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
နိုဝင်ဘာ ၂၅ – ၂၀၂၄SN (VOM)ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးဟာ ကျပ် သိန်း ၆၀ အောက်ကို တရက်ကျော်ကြာ ရောက်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလို ပြန်လည် မြင့်တက်လာပြီး သိန်း ၆၀ စွန်းစွန်းကို ရောက်ရှိနေပါတယ်။ ဒေါ်လာဈေးကတော့ အတက်အကျ မငြိမ် ဖြစ်နေပါတယ်။ဒီတပတ် စက်သုံးဆီဈေးတွေကတော့ အနည်းငယ် ထပ်မံ ကျဆင်းလာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်အများစု ဈေးနှုန်း ထပ်မံ မြင့်တက်လာပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြည်တွင်းရွှေဈေးနှုန်းဟာ ဒီတပတ် နိုဝင်ဘာ ၁၇ ရက်၊ နေ့လယ်ပိုင်းကစလို့ အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၆၀ အောက်အထိ ကျဆင်းခဲ့ပါတယ်။ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တာပါ။နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာတော့ ကျပ် ငါးဆယ့်ကိုးသိန်း ခုနစ်သောင်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့…
Read More