တိုင်ပေ၊ ဒီဇင်ဘာ-၃-၂၀၂၄
မျိုးဆက် (VOM)
တရုတ်စစ်တပ်ဟာ ယခုသီတင်းပတ်ကုန်ပိုင်းမှာ ထိုင်ဝမ်အနီး အကြီးစားစစ်ရေးလေ့ကျင့်နိုင်တာကြောင့် တရုတ်လေယာဉ်တင်သင်္ဘောတစင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ဟာ ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းဖို့ လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။ ယခုနှစ်အတွင်း ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ်ပြုလုပ်နေပါတယ်။
ခွဲထွက်ရေးသမားအဖြစ် တရုတ်က တံဆိပ်ကပ်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီဟာ ဟာဝိုင်အီနဲ ဂူအမ်ကျွန်းအပါအဝင် ပစိဖိတ်ဒေသခရီးစဉ်ကြောင်း တရုတ်စစ်တပ်ဟာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှု လုပ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တရုတ်လေယာဉ်တင်င်သင်္ဘော ရှောင်နင်းဟာ ဘယ်နေရာမှာရှိတယ်ဆိုတာ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သိရှိထားပေမယ့် အသေးစိတ်ကိုတော့ ပြောရေးဆိုခွင့်ရှိသူက မပြောပါဘူး။ လေယာဉ်တင်သင်္ဘော ရှောင်နင်းဟာ အောက်တိုဘာလအတွင်း တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး ခိုင်ခိုင်မာမာပြင်ဆင်နေတာကြောင့် ခြိမ်းခြောက်မှုတွေကု မကြောက်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး တရုတ်စစ်တပ်ကတော့ မှတ်ချက်ပေးပြောကြားတာမျိုးမရှိပါဘူး။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကို လာရောက်ခွင့်ပေးတဲ့အတွက် အမေရိကန်ကို တရုတ်က ဝေဖန်ပြောဆိုနေပါတယ်။ လိုင်ချင်းတီကတော့ ထိုင်ဝမ်ကို တရုတ်ကပိုင်တယ်ဆိုတာ ငြင်းဆိုထားပေမယ့် တရုတ်နဲ့ ငြိမ်းချမ်းရေးကိုလိုလားတယ်လို့ ပြောဆိုထားပြီး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် တရုတ်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
Ref:Reuters
Photo:AFP
Related posts
-
မြောင်းမြမှာ မိသားစုလိုက် အစာအဆိပ်သင့် ကလေးငယ်သေဆုံး
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊နာနတ်တောင်ရွာမှာ မိသားစုလိုက်အစာအဆိပ်သင့်ပြီး ကလေးငယ်... -
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့...