ဒီဇင်ဘာ ၂၇ – ၂၀၂၄
GG (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးက ကြအိုကျွန်းရွာမှာရှိတဲ့ အောင်သိုက်ဦး တောင်သူလယ်ယာသုံး စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းက ဓားပြတိုက်ပြီးလူသတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အမည်မသိအမျိုးသားအဖွဲ့က လက်နက်တွေနဲ့အတူ ဓားပြတိုက်ပြီးနောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်သိုက်ဦးနဲ့ ယောက္ခမဖြစ်သူ ဦးနေလင်းတို့ကိုသေနတ်နဲ့ပစ်သတ်သွားတာဖြစ်တယ်လို့သိရပါတယ်။
” ယောက္ခမရော၊သားမက်ရော ပွဲချင်းပြီးဆုံးသွားတယ်။ ဓားပြတိုက်ခံရတာကတော့ ည ၈ နာရီလောက်လို့ပြောတယ်။ပစ္စည်းတွေတော့ဘာတွေယူသွားလည်း သေချာတိကျတော့မသိရသေးဘူး။မနက်ပိုင်း ရဲတွေစစ်ဆေးတာလုပ်ကြတယ်။ဘယ်သူတွေလုပ်တယ်တော့မသိပါဘူး။ကျွန်တေည်တို့ ပုဂံနဲ့ချောက်ကြားမှာ ဒီလထဲတင်ခပ်စိပ်စိပ်ဖြစ်နေတယ်။” လို့ ဒေသခံကပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ပုဂံ-ချောက် ကားလမ်းဘေးရှိ ပျော်ဘွယ်ကျေးရွာမှ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဝင်းနေအိမ် ဓားပြတိုက်ခံရပြီး အဲဒီရွာမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူဦးရွှေတင့်အိမ်လည်းဓားပြတိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ လည်း ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်) ရွာအနီးမှာဖွင့်ထားတဲ့ စက်သုံးဆီဆိုင်မှာ ဓားပြတိုက်ပြီးဆိုင် ပိုင်ရှင်အမျိုးသမီးနဲ့ နောက်ထပ်အမျိုးသမီးတို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...