သီပေါမှာ လက်နက်ကြီးတွေကျလို့ လူနှစ်ယောက်သေပြီး နေအိမ်တွေ ထိခိုက်ပျက်စီး

ဩဂုတ် ၂၇၊ ၂၀၂၄Shy V (VOM)ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ဩဂုတ်လ ၂၇ ရက်နေ့ မနက်အစောပိုင်းက လက်နက်ကြီးတွေ ကျရောက်ခဲ့မှုကြောင့် ဒေသခံနှစ်ယောက်သေဆုံးသွားတယ်လို့ TNLA က ဒီနေ့ထုတ်ပြန်ပါတယ်။လက်နက်ကြီးတွေ နေအိမ်တွေပေါ်ကျရောက်ခဲ့တာကြောင့် အုတ်ကျင်းရပ်ကွက်က အသင် ၆၀ အရွယ်နဲ့ ၅၀ အရွယ်အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မနက် ၁ နာရီကျော်ကနေ ၂ နာရီခန့် အတွင်း ဗုံး အများအပြား ကြဲခံရလို့ ပြည်သူတွေနဲ့ နေအိမ်တွေ ထိခိုက်မှုရှိကြောင်း ဒေသခံတွေကလည်း ပြောပါတယ်။ အသံတွေကြားရသလောက်တော့ မြို့တွင်း၊မြို့ပြင် နေရာစုံ ကြဲနေသလိုကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Y12 ရော ဂျက်ဖိုက်တာရော လာရောက်တိုက်ခိုက်ခဲ့တာလို့ TNLA က ထုတ်ပြန်ထားပါတယ်။“မနက် ၁ နာရီခွဲလောက်က ဧမာနွေလ ဘရားကျောင်းဝင်းထဲ ဂျက်ဖိုက်တာ ဒလက် တလုံးကျတယ်။ အိမ်တအိမ်ထိတယ်။…

Read More

တရုတ်သူလျှိုလေယာဉ်တစင်း ဂျပန်လေပိုင်နက်ထဲကို ပထမဆုံးအကြိမ် ချိုးဖောက်ဝင်ရောက်

တိုကျို၊ ဩဂုတ်-၂၇-၂၀၂၄မျိုးဆက် (VOM)တရုတ်သူလျှိုလေယာဉ်တစင်းဟာ ဂျပန်လေပိုင်နက်ကို ပထမဆုံးအကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ဂျပန်က စွပ်စွဲလိုက်ပြီး ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။တရုတ်ရဲ့ ဝိုင်-၉ အမျိုးအစား သူလျှိုလေယာဉ်ဟာ ဂျပန်နိုင်ငံ ဒန်ဂျိုကျွန်းစုရှိ လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် ဂျပန်တိုက်လေယာဉ်တွေ စေလွှတ်ပြီး ဟန့်တားမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ဒီလို ပိုက်နက်ချိုးဖောက်မှုဟာ လုံး၀လက်ခံနိုင်ဖွယ်ရှိကြောင်းနဲ့ တိုကျိုရှိ တရုတ်သံရုံးသံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ထားတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ဂျပန်အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်တွေအပေါ် တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေမြင့်တက်လာချိန်မှာ တရုတ်သူလျှိုလေယာဉ်က ဂျပန်နိုင်ငံလေပိုင်နက်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး နောက်တကြိမ်ဖြစ်မလာစေဖို့နဲ့ တားဆီးဖို့အတွက် သံတမန်လမ်းကြောင်းကနေ တရုတ်အစိုးရကို ဆက်သွယ်ကန့်ကွက်ထားတယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ဂျပန်ထိန်းချုပ်ထားတဲ့ ကျွန်းတွေအနီး ရေပြင်မှာလည်း တရုတ်သင်္ဘောတွေ မကြာခဏ ဝင်ရောက်ခုတ်မောင်းမှုတွေရှိနေပြီး ပိုင်ဆိုင်မှုအငြင်းပွားဖွယ် ကျွန်းတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ယခင်းကတည်းက တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။Ref:BBCPhoto:Japan Air…

Read More

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလေးမြို့က နေအိမ်တွေ ရေမြုပ်၊ လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်

ဩဂုတ် ၂၇ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ရေနဲ့ ချောင်းရေမြင့်တက်လာပြီး မြို့ထဲရှိ ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် ကလေးမြို့ရဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ်၊ အောင်မေတ္တာ၊ အောင်မြေမာန်နဲ့ ချမ်းမြေ့အောင်စည် စတဲ့ ရပ်ကွက်တွေက နေအိမ်တွေ ရေနစ်မြုပ်နေတာဖြစ်ပြီး လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ “မိုးက ရွာလိုက်၊ ရပ်လိုက်နဲ့ ဆက်တိုက်ကို သည်းကြီးမည်းကြီး ရွာနေတာ။ ရေစတက်တာက မနေ့ ဩဂုတ် ၂၆ ရက်၊ မနက်ပိုင်းကမှ စတက်တာ။ ပစ္စည်းတွေအကုန် သိမ်းပြီး ပြောင်းရတာပေါ့။ ပြောင်းတယ်ဆိုတာကလည်း နီးစပ်ရာ ရေမတက်သေးတဲ့ နေရာတွေက အသိမိတ်ဆွေတွေ၊…

Read More

ဆူဒန်မှာ မိုးများပြီး ဆည်ကျိုးကျလို့ လူ ၆၀ ကျော်သေ

ခါတွမ်၊ ဩဂုတ်-၂၇-၂၀၂၄မျိုးဆက်(VOM)ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ ဆူဒန်နိုင်ငံမှာ မိုးသည်းစွာရွာသန်းပြီး ဆည်တခုကျိုးကျလို့ လူ ၆၀ ကျော် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ဆိုပါတယ်။ အာဘတ်ဆည်ဟာ သိုလောင်နိုင်စွမ်း ၂၅ သန်းကုဗမီတာရှိပြီး အစိုးရရုံးစိုက်ရာ ပို့ဆူဒန်အတွက် သောက်သုံးရေအဓိက ရင်းမြစ်ဖြစ်ပါတယ်။၁၆ လကြာ ပြည်တွင်းစစ်ဒဏ်ကိုခံနေရတဲ့ ဆူဒန်မှာ မကြသေးမီကစပြီး ရေကြီးရေလျှံမှုတွေနဲ့ အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ဆည်ကျိုးမှုဟာ အဆိုးရွားဆုံးတွေထဲက တခုဖြစ်ကာ လယ်မြေတွေနဲ့ ကျေးရွာတွေပါ ရေနစ်မြုပ်မှု ဖြစ်ခဲ့ပါတယ်။ဆည်ကျိုးမှုကြောင့် ကားခုနှစ်စီးထဲမှာ လူတွေပိတ်မိနေပြီး အပြင်ထွက်လို့မရသေးဘူးလို့ ဒေသခံတယောက်ကပြောပါတယ်။ တခြားနေရာတခုမှာတော့ ဆည်ရေကြောင့် အိမ်တွေရေမျောကုန်တယ်လို့ ဆိုပါတယ်။မိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့် ဆူဒန်ရဲ့ အဓိကအင်တာနက်ဆက်သွယ်ရေး ဖိုက်ဘာလိုင်းပြတ်တောက်သွားတာကြောင့် နိုင်ငံတဝန်းမှာ အင်တာနက်ပြတ်တောက်မှု ဒုတိယမြောက်နေ့ဖြစ်လာပါတယ်။အာဏာပို်ငတွေဟာ ပိတ်မိနေသူတွေကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ဖို့ကြိုးပမ်းနေကြပြီး စစ်ဘေးကြောင့် လူသန်းပေါင်းများစွာ စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေနေရချိန်မှာ ဆိုးရွားတဲ့ သဘာ၀ဘေးကြောင့် အစာရေစာ…

Read More

မတ္တရာမြို့အတွင်း ကုန်စည်သယ်ယူခွင့် တင်းကြပ်ထား

ဩဂုတ် ၂၇ – ၂၀၂၄SS (VOM)လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့ထဲမှာ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ကို နစက က သြဂုတ်လ ၂၅ ရက်နေ့က စလို့ တင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို မန္တလေး – မတ္တရာ ကားလမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ နစက က စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။“လမ်းမှာတော့ အနည်းဆုံး လေး၊ ငါးဂိတ်ကနေ ခုနစ်ဂိတ်လောက်ရှိတယ်။ အစစ်အဆေးတွေက အရမ်းများတယ်။ သွားရလာရလည်း တအားကို ကြပ်လာတယ်။နယ်အလိုက် ထောက်ခံစာယူပြီးမှ သွားလာရတယ်။ ထောက်ခံစာထဲမှာ ဘယ်ပစ္စည်းတွေ ဝယ်ပါမယ်ဆိုတာ တခါတည်း ရေးရတယ်။ စာရင်းထဲမှာ ပစ္စည်း နှစ်မျိုးပဲဝယ်ဖို့ ရေးထားတယ်ဆို တခြားဟာတွေသယ်လာလို့ မရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။မန္တလေးတိုင်းအပြင် စစ်ကိုင်းတိုင်းအတွင်းမှာလည်း ခရီးသွားလာသူတွေကို…

Read More

မိုးကုတ်မှာ အေးချမ်းနေပေမယ့် တပိုင်တနိုင်ကျောက်တူးခွင့်မပြုသေးလို့ ဒေသခံတွေ အဆင်မပြေ

ဩဂုတ် ၂၇ – ၂၀၂၄ GG (VOM) မိုးကုတ်မြို့မှာ တိုက်ပွဲတွေမရှိတော့ဘဲ အေးချမ်းနေပေမယ့် ကျောက်တူးဖော်ခြင်းတွေမရှိတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပြီး အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးကုတ်ကို ထိန်းချုပ်ထားတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLAကတော့ မိုးကုတ်မြို့မှာ ဒေသခံ တွေ စားဝတ်နေရေး အဆင်ပြေဖို့အတွက် တပိုင်တနိုင် ကျောက်မျက်တူးဖော်မှု လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုဖို့ ဆောင်ရွက်နေတယ်လို့ ပြည်တွင်းမီဒီယာတချို့ကို ပြောဆိုထားပေမယ့် လက်ရှိမှာတော့ အကောင်ထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးတာကြောင့် ဒေသခံတွေအခက်တွေ့နေရတာဖြစ်တယ်လို့ဆိုပါတယ်။ ” သူတို့ကတော့ တပိုင်တနိုင်တွေခွင့်ပြုပေးမယ့်ပြောထားပေမယ့် ဘယ်တော့လဲဆိုတာမသိရသေးဘူး။အခုက မြို့က တိုက်ပွဲမရှိဘဲအေးချမ်းသွားတယ်ဆိုပေမယ့် အလုပ်ကမရှိဘူး။အလုပ်မရှိတော့ စားဝတ်နေရေးအဆင်မပြေဘူး။ကြာရင်ဒုက္ခရောက်မယ်။အဝေးမှာအလုပ်လုပ်နေတဲ် မိသားစုရှိသူတွေကတော့ ငွေတွေပို့ပေးနေကြရတယ်။ပို့ပေးမယ့်သူမရှိတဲ့ သူတွေကဒုက္ခရောက်ရတယ်။” လို့ မြို့ခံတယောက်ကပြောပါတယ်။ မိုးကုတ်မှာက ဘဏ်စနစ်တွေရပ်ဆိုင်းသွားတဲ့အပြင် Kpay နဲ့ Wave money ကနေငွေသွင်းငွေထုတ်လုပ်ကိုင်သူကလည်း နည်းပြီးငွေထုတ်ရအဆင်မပြေတာကြောင့် မိုးကုတ်ကို ပြေးဆွဲနေတဲ့ကားသမားတွေကနေတဆင့် ငွေလွှဲပို့နေကြရတယ်လို့ ဆိုပါတယ်။…

Read More

This Day in History

Voice of Myanmarဘားရက်ခ် အိုဘားမားကို ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ၂၀၀၈ နှစ် ဩဂုတ်လတွင် ရွေးချယ်ခဲ့ပြီး ၎င်းသည် အမေရိကန်ပါတီကြီးတခုမှ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရသော ပထမဆုံး အာဖရိကန်-အမေရိကန်ဖြစ်ကာ နောက်ပိုင်းတွင် ရီပတ်ဘလီကန်ပါတီမှ ဂျွန်မက်ကိန်းကို အနိုင်ရရှိပြီး အမေရိကန် သမ္မတ ဖြစ်လာခဲ့သည်။

Read More

မြန်မာနယ်စပ်အနီးမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု ဒီနေ့စမယ်

ပေကျင်း၊ ဩဂုတ်-၂၇-၂၀၂၄မျိုးဆက်(VOM)တရုတ်စစ်တပ်ဟာ တရုတ်-မြန်မာ နယ်စပ်အနီးမှာ လက်နက်အစစ်တွေ ၊ ကျည်အစစ်တွေနဲအတူ မြေပြင် ဝေဟင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီနေ့မှာ စတင်မှာဖြစ်ပါတယ်။ လေ့ကျင်မှုကိုတော့ ဩဂုတ် ၂၉ ရက်ထိ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ဒါဟာ ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်တွေအကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာချိန်မှာ ပြုလုပ်တာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုကို ရွှေလီအပါအဝင် ယူနန်ပြည်နယ် နေရာလေးနေရာမှာ ပြုလုပ်သွားမယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။မြန်မာနယ်စပ်မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဟာ တရုတ်တပ်ဖွဲ့ဝင်တွေရဲ့ လျှင်မြန်စွာ ရွှေ့ပြောင်းနေရာယူခြင်း၊ ပိတ်ဆို့ထိန်းချုပ်ခြင်း၊ ပူးတွဲတိုက်ခိုက်ခြင်း၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ရာမှာ တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို စမ်းသပ်ရန်ဖြစ်ကြောင်း တရုတ်တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုစီးပွားဘ၀တွေအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိနေတယ်လို့ တရုတ်နိုင်ငံပြောဆိုထားပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကတော့ မြန်မာနိုင်ငံမှာ…

Read More

စေတုတ္တရာက ရပ်ကျေးအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး သမီးနှစ်ယောက် ဖမ်းဆီးခံရ

ဩဂုတ် ၂၆ – ၂၀၂၄GG (VOM)မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲက သက်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး သူရဲ့နေအိမ်မှာ အသတ်ခံခဲ့ရတဲ့အပြင် သမီးဖြစ်သူနှစ်ယောက်ကိုပါ လက်နက်ကိုင်တွေကဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖြစ်စဥ်က ဩဂုတ်လ ၂၅ ရက်နေ့ ၊ ညပိုင်း ၈ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းရွှေကို သူရဲ့ နေအိမ်မှာပဲ လာရောက်ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်တယ်လို့သိရပါတယ်။” သက်လယ်ရွာဆိုတာက စေတုတ္တရာနဲ့ ပဒါန်းလမ်းပေါ်မှာရှိတာ။အုပ်ကြီးသတ်ပြီး သမီးတွေဖမ်းသွားတယ်ဆိုတာ ခုမနက်မှသိရတာ။စစ်ဆေးတာတွေတော့ရှိနေတယ်။အုပ်ကြီးမှာတော့ကျည် ငါးချက်ထိတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။လက်ရှိမှာ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ကိုတော့ စေတုတ္တရာ အစိုးရဆေးရုံကိုပို့ဆောင်ထားပြီး ဖမ်းခံလိုက်ရတဲ့ သမီးနှစ်ယောက် သတင်းအချက်အလက်လည်း မရသေးဘူးလိူ့သိရပါတယ်။စေတုတ္တရာမြို့နယ်ထဲကကျေးရွာတွေမှာ ပစ်ခတ်မှုတွေရှိနေပြီး စစ်ရှောင်နေရသူတွေလည်းရှိနေပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း မကွေးတိုင်း ချောက်မြို့နယ် ၊လေးပင်ကုန်းရွာ အုပ်ချုပ်ရေးမှူးရဲ့ အဖေဖြစ်သူ ဦးသန့်ရှင်းလည်း အသတ်ခံခဲ့ရပါတယ်။ဩဂုတ်လ ၂၀ ရက်နေ့ကလည်း မကွေးတိုင်း ၊အောင်လံမြို့နယ်က အင်တောသာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်လှကြည်ဆိုသူသေနတ်နဲ့ပစ်သတ်ခံခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။Photo:CJ

Read More

သပိတ်ကျင်းမြို့ကို ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်

ဩဂုတ် ၂၆ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို မနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ ဒေသခံ လက်နက်ကိုင်တပ်တွေ တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပြီး တိုက်ပွဲအတွင်း စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံနဲ့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေကြောင့် သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအများအပြားမှ ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို အဲဒီ မြို့နယ်အတွင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေက စစ်ရှောင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “အဓိက က ဆန်လိုအပ်တာပါ။ စစ်ရှောင်တွေက များလာတော့ ဆန်က အတော်လေးကို မလောက်မငှ ဖြစ်နေပြီ။ အရေးပေါ်အခြေအနေနဲ့ လိုအပ်တာကတော့ ဆန်၊ စားနပ်ရိက္ခာပေါ့။ ဆေးဝါးတွေလည်း လိုအပ်တယ်။ ဒီဘက်ကလူတွေက စစ်ရှောင်တယ်ဆိုတာကို အတွေ့အကြုံလည်း မရှိကြသေးတော့ အတော်လေးကို…

Read More
VOM News

FREE
VIEW