သီပေါမှာ လက်နက်ကြီးတွေကျလို့ လူနှစ်ယောက်သေပြီး နေအိမ်တွေ ထိခိုက်ပျက်စီး



ဩဂုတ် ၂၇၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ဩဂုတ်လ ၂၇ ရက်နေ့ မနက်အစောပိုင်းက လက်နက်ကြီးတွေ ကျရောက်ခဲ့မှုကြောင့် ဒေသခံနှစ်ယောက်သေဆုံးသွားတယ်လို့ TNLA က ဒီနေ့ထုတ်ပြန်ပါတယ်။

လက်နက်ကြီးတွေ နေအိမ်တွေပေါ်ကျရောက်ခဲ့တာကြောင့် အုတ်ကျင်းရပ်ကွက်က အသင် ၆၀ အရွယ်နဲ့ ၅၀ အရွယ်အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနက် ၁ နာရီကျော်ကနေ ၂ နာရီခန့် အတွင်း ဗုံး အများအပြား ကြဲခံရလို့ ပြည်သူတွေနဲ့ နေအိမ်တွေ ထိခိုက်မှုရှိကြောင်း ဒေသခံတွေကလည်း ပြောပါတယ်။ အသံတွေကြားရသလောက်တော့ မြို့တွင်း၊မြို့ပြင် နေရာစုံ ကြဲနေသလိုကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Y12 ရော ဂျက်ဖိုက်တာရော လာရောက်တိုက်ခိုက်ခဲ့တာလို့ TNLA က ထုတ်ပြန်ထားပါတယ်။

“မနက် ၁ နာရီခွဲလောက်က ဧမာနွေလ ဘရားကျောင်းဝင်းထဲ ဂျက်ဖိုက်တာ ဒလက် တလုံးကျတယ်။ အိမ်တအိမ်ထိတယ်။ လူတွေ အသက်ဘေးကင်းတယ်။ အိမ်နား ဖြစ်တာလေးပဲ သိတာပါ။ ကျန်တာ မသိရသေးပါဘူး” လို့ ဒေသခံ အမျိုးသား ကပြောပါတယ်။

သီပေါမြို့၊ ဈေးအနီးက ဒုဌဝတီ လက်ဖက်ရည်ဆိုင် အပေါ်ထပ်မှာ ဗုံးထိမှန်ခဲ့ပြီး အုတ်ရိုးပြိုကျကာ ကားပေါ်ပိနေတာလို့ ကြားရပြီး ဧမာနွေလ ဘုရားကျောင်း အပါအဝင် သီပေါ ဒုဌဝတီဆိုင်၊ ဆောက်လုပ်ရေး၀င်း တွေမှာ ဗုံးကျတဲ့အပြင် မြို့လယ်ရပ်၊ ကုန်းတော်ကျောင်းတဝိုက်နဲ့ ရွာသစ် ဘက်တွေက နေအိမ်တွေပေါ် ဗုံးစတွေ စင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီပေါမြို့မှာတော့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းလည်း မြို့ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲ ခဲ့ပြီး အရပ်သား နှစ်ယောက်သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တာ ရှိပါတယ်။

ဒေသတွင်း ပရဟိတတွေရဲ့ မှတ်တမ်းအချက်အလက်နဲ့ TNLA ဘက်က သတင်းထုတ်ပြန်ချက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဝင်း သီပေါမှာ ဒေသခံ အရပ်သားပြည်သူ အယောက် ၂၀ ထက်မနည်း လက်နက်ထိ သေဆုံးခဲ့ရပြီး အယောက် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေလည်း အများအပြား ထိခိုက်ပျက်စီးမှုရှိကြောင်း သိရပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW