ဒါကာ၊ ဩဂုတ်-၅-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ နန်းတော်ကို ဒီနေ့ဝင်ရောက်စီးနှင်းခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟာ နန်းတော်ကနေ ထွက်ပြေးသွားပြီးလို့ သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။ “သူမ လုံခြုံတဲ့နေရာမှာရှိနေပါတယ်။ နန်းတော်က ထွက်ခွာသွာပြီ ”လို့ အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ နီးစပ်သူတယောက်က အေအက်ဖ်ပီကို ပြောပါတယ်။ ဒီအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ Waker-Uz-Zaman က မိန့်ခွန်းပြောကြာဖို့ရှိနေတယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နန်းတော်ကို ဝင်မစီးခင် ဒါကာမြို့လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံအာဏာကို နှစ်ရှည်လများရယူခဲ့တဲ့ဝန်ကြီးချုပ် ဟာစီနာ နှုတ်ထွက်ရေး ကျောင်းသားများဦးဆောင်တဲ့ သပိတ်ခေါင်းဆောင်များက အာဏာဖီဆန်ရေး လှုပ်ရှားမှုပြုမယ်လို့ ကြေညာထားပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေကြောင့် လူ ၉၀ ကျော်သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ရဲ…
Read MoreYear: 2024
ယနေ့ ရွှေဈေး (ဩဂုတ် – ၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၁ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၄ ရက်)
Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၅၃၈၀ ကျပ် ဝယ်ဈေး – ၅၂၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၄၃ ကျပ် ဝယ်ဈေး – ၅၄၉၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၇.၀၆ ကျပ် ဝယ်ဈေး – ၁၄၀.၈၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၇၀ ကျပ် ဝယ်ဈေး – ၁၁၂၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၆ ကျပ်…
Read Moreအသက် ၃၅ နှစ်အောက် လူငယ်တွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ခံရမှု အချို့ရှိနေ
ဩဂုတ် ၄ – ၂၀၂၄ SN (VOM) လက်ရှိမှာ နစကအနေနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့် အသက် ၃၅ နှစ်အောက် လူငယ်တွေ ကန့်သတ်မှုတွေ ပြုလုပ်လာတယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံအသီးသီးကို သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမား ၄၀ ကျော်ကို နစက က ပြည်ပထွက်ခွာခွင့် မပေးခဲ့တာကြောင့် အဲဒီ အလုပ်သမားတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ လှည့်ပြန်လာရတယ်လို့ သိရပါတယ်။ လေယာဉ်ပေါ် တက်ခွင့်မရလိုက်တဲ့ အဲဒီ အလုပ်သမား ၄၀ ကျော်ဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေရာကနေ အကြောင်းအမျိုးမျိုးနဲ့ အိမ်ပြန်လာကြတဲ့သူတွေဖြစ်ပြီး အေဂျင်စီ ငါးခုနဲ့ ချိတ်ဆက် လုပ်ကိုင်နေသူတွေ ဖြစ်ကာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားတယ်ဆိုတဲ့ သံသယနဲ့…
Read Moreမူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေ သယ်ယူဖို့ခက်ခဲလို့ ထုတ်ပေးမှု ဆိုင်းငံ့ထားရမယ့် အခြေအနေဖြစ်လာ
ဩဂုတ် ၄၊ ၂၀၂၄ Shy V (VOM) မူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေ သယ်ယူဖို့ခက်ခဲလို့ ထုတ်ပေးမှု ဆိုင်းငံ့ထားရမယ့် အခြေအနေဖြစ်လာကြောင်း ဌာနဆိုင်ရာ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “စာအုပ်နည်းသွားတော့ စိုးရိမ် စရာပေါ့။ လေယာဉ်ကလည်း မလာနိုင်ဘူးလေ” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ကုန်းလမ်းကနေ သယ်ယူလို့ အဆင်မပြေတာကြောင့် ပုံမှန်အားဖြင့် စစ်ရဟတ် ယာဉ်တွေနဲ့ သယ်ယူနေရတာဖြစ်တယ်လို့ဆိုပါတယ်။ “လားရှိုးမှာ စစ်ဖြစ်သွားလို့လေ။ ခါတိုင်း လားရှိုးကနေ သယ်ယူတာ။ အခုက အဆင်မပြေတော့လို့ စာအုပ်ကုန်သွားရင် စာအုပ်အနီနဲ့ တခါစုံးကဒ် လုပ်ပေးတာ သုံးလလောက် နားထားမယ်လို့ကြားတယ်” လို့ လဝက နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။ တရုတ် နယ်စပ်ဖြတ်ကျော်ခွင့်…
Read Moreတိုက်ပွဲဖြစ်မှာ စိုးရိမ်လို့ ချင်းတွင်းမြစ်ဘေး ကျေးရွာ ၄၀ ဝန်းကျင်က ဒေသခံတွေ စစ်ရှောင်
ဩဂုတ် ၄ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်မှာ နစကသင်္ဘော ၁၇ စီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတာကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး မြစ်ဘေးမှာ ရှိတဲ့ ကျေးရွာ ၄၀ ဝန်းကျင်က ဒေသခံပြည်သူတွေ စစ်ရှောင်နေရတယ်လို့ လူမူကူညီရေးအသင်းတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်နေရသူတွေဟာ ဘေးလွတ်ရာ တောတောင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ သက်ကြီးရွယ်အိုတွေအပြင် နာမကျန်းဖြစ်နေသူ အယောက် ၃၀ ကျော်လည်း ပါဝင်နေတာကြောင့် အရေးပေါ် ဆေးဝါးအကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။ “အခု မင်းကင်းမြို့ကို ရောက်နေပြီ။ ဩဂုတ် ၂ ရက်နေ့ကတည်းက ရောက်လာကုန်ကြတာ။ မြစ်ဘေးတဝိုက်က ရွာတိုင်း အကုန် စစ်ရှောင်နေကြပြီ။ စစ်ရှောင်အရေအတွက်က ခန့်မှန်းခြေဆိုရင် ၅၀၀၀ ကျော်လောက်ရှိမယ်” လို့ အဲဒီ စစ်ရှောင်တွေကို…
Read MoreThis Day in History
Voice of Myanmar အမေရိကန် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော နော့တီးလပ်စ်သည် ၁၉၅၈ ခုနှစ် ဩဂုတ် ၃ ရက်တွင် မြောက်ဝန်ရိုးစွန်းရှိ ထူထပ်သောရေခဲပြင်များအောက် ပထမဆုံး ဖြတ်သန်းခုတ်မောင်းနိုင်ခဲ့သော ရေငုပ်သင်္ဘော ဖြစ်လာခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August3
Read Moreမိုးသည်းထန်စွာ မြစ်ရေမြင့်တက်လာတာကြောင့် ကျောက်တော်မှာ လယ်ဧက ထောင်နဲ့ချီ ရေမြုပ်
ဩဂုတ် ၃ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် လယ်ဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် ယိုးချောင်းဒေသရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူ၊ ခွဆုံနဲ့ အုတ်သောင်ပြင် စတဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေပြီး ရေအမြင့် ၃ ပေ ကနေ ၄ ပေလောက်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ရေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်ကတည်းက စတက်တာ။ အခုထိ မကျသေးဘူး။ မိုးကလည်း ခုထိ ရွာတာမရပ်သေးဘူး။ အရမ်းသည်းနေတုန်း။ လယ်ကွင်းတွေအားလုံးလည်း ရေတွေလွှမ်းကုန်ပြီ။ လယ်ကွင်းတိုင်းလိုလိုမှာ ရေဝင်နေတာ ဆိုတော့ ဧက အတိအကျတော့ ပြောလို့မရသေးဘူး။ ခန့်မှန်းခြေဆိုရင်တော့ လယ်ဧက ထောင်နဲ့ချီပြီး ရှိနိုင်တယ်”…
Read Moreဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ကမလာဟားရစ် တရားဝင်ရွေးချယ်ခံရ
ဝါရှင်တန်၊ ဩဂုတ်-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန် ဒုတိယသမ္မတ ကမလာဟားရစ်ဟာ ပါတီကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲနဲ့အတူ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတအဖြစ် တရားဝင်ရွေးချယ်ခံရပြီဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ အမေရိကန်နိုင်ငံရေးပါတီကြီးတခုအတွက် အိမ်ဖြူတော်တာဝန်တွေကို နောက်ထပ်ထမ်းဆောင်ဖို့ ကြိုးပမ်းတဲ့ ပထမဆုံးလူမည်းအမျိုးသမီးနဲ့ ပထမဆုံးတောင်အာရှဖွား အမျိုးသမီးဖြစ်လာပါတယ်။ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ကိုသာအနိုင်ရခဲ့မယ်ဆိုရင် ကမလာဟားရစ်ဟာ အမေရိကန်ရဲ့ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အစည်းအဝေးမှာ ကမလာဟားရစ်ဟာ ကိုယ်စားလှယ် ၂၃၅၀ ယောက်ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး သမ္မတလောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းခံရသူဖြစ်လာခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် ကမလာဟားရစ်ဟာ ကယ်လီဖိုးနီယားပြည်နယ် အော့ကလန်မှာ မွေးဖွားခဲ့ပြီး နှစ်ပေါင်း ၂၀၀ အတွင်း ဒီမိုကရက်တစ်ပါတီက ပထမဆုံးရွေးချယ်လိုက်တဲ့ အမျိုးသမီးသမ္မတလောင်းလည်းဖြစ်ပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်သူ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ဟာ သူရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် သမ္မတရွေးကောက်ပွဲဝင်ရောက်မယ့်အပေါ် ဝေဖန်မှုတွေ…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၃ ရက်)
Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၅၅၀၀ ကျပ် ဝယ်ဈေး – ၅၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၄၃ ကျပ် ဝယ်ဈေး – ၅၄၉၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၉.၂၅ ကျပ် ဝယ်ဈေး – ၁၄၂.၈၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၇၀ ကျပ် ဝယ်ဈေး – ၁၁၂၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၆ ကျပ်…
Read More