တိုကျို၊ ဇန်နဝါရီ-၁၆-၂၀၂၅
မျိုးဆက်(VOM)
ဂျပန်နိုင်ငံမှာ လာမယ့်နှစ် ၃၀ အတွင်း အကြီးစားငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းထိ တိုးလာကြောင်း ဂျပန်အစိုးရရဲ့ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က သတိပေးလိုက်ပါတယ်။
အဲဒီ အင်အားပြင်း မြေငလျင်ကြီးဟာ ရစ်ချ်တာစကေး အဆင့် ၈ ကနေ ၉ ထိရှိနိုင်တာကြောင့် ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်နိုင်ပြီး ငလျင်ကြောင့် လူသိန်းချီသေဆုံးနိုင်ကာ ဒေါ်လာဘီလီယံများစွာ ပျက်ဆီးဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ငလျင်ကြီးလှုပ်ခတ်နိုင်ခြေဟာ ယခင်က ၇၄ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းရှိမယ်လို့ မြေငလျင်သုတေသန ကော်မတီက ယခင်ခန့်မှန်းထားပေမယ့် လက်ရှိမှာတော့ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခှိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။
ဂျပန်နို်ငငံ၏ ပစိဖိတ်ကမ်းရိုးတန်းနဲ့အပြိုင် ကီလိုမီတာ ၈၀၀ အကွာမှာရှိနေတဲ့ နန်ကိုင်းကျောက်လွှာနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အဲဒီကျောက်လွှာကြောင့် ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ထပ်ငလျင်တွေ လှုပ်ခတ်နိုင်ခြေရှိသေးတယ်လို့ ဂျပန်မိုးလေဝသဌာနက သတိပေးထားပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ အတွင်း အဲဒီကနေအစပြုတဲ့ ငလျင်အကြီးစားလှုပ်ခတ်မှုဟာ နှစ် ၁၀၀ နဲ့ ၂၀၀ အတွင်း ဖြစ်ပေါ်တတ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
နောက်ဆုံး လှုပ်ခတ်မှုမှာ ၁၉၄၆ ခုနှစ်ကဖြစ်ပါတယ်။ နောက်ဆုံးငလျင်လှုပ်ခတ်မှုဟာ ၇၉ နှစ်ရှိပြီဖြစ်ပြီး နောက်ထပ် ငလျင်တခုလှုပ်ခတ်နိုင်ခြေဟာ နှစ်စဉ် ၁ ရာခိုင်နှုန်းတိုးလာတယ်လိုပ ဂျပန်အစိုးရရဲ့ မြေငလျင် သုတေသနကော်မတီ တာဝန်ရှိသူတယောက်ကပြောပါတယ်။
၂၀၁၂ ခုနှစ်မှာ ဂျပန်အစိုးရရဲ့ ခန့်မှန်းချက်တွေအရ ပင်မကမ်းရိုးတန်ရှိ သေးငယ်တဲ့ ကျွန်းတွေဟာ အမြင့်မီတာ ၃၀ ကျော်ထိ ဆူနာမီလှိုင်းဒဏ်ခံရနို်ငပြီး ဟွန်ရှူးနဲ့ ရှီကိုကုကျွန်းရှိ လူနေထူထပ်တဲ့နေရာတွေကတော့ မိနစ်အနည်းငယ်အတွင်း ဆူနာမီလှိုင်းတွေရိုက်ခတ်မယ်လို့ ကျွမ်းကျင်သူတွေကလည်း သတိပေးထားပါတယ်။
Ref:CAN
Photo:AP