အမေရိကန် ရွှေခေတ်စပြီလို့ သမ္မတသစ် ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၂၁-၂၀၂၅
ရတီ(VOM)
အမေရိကန်ရဲ့ ၄၇ ယောက်သမ္မတအဖြစ် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ဟာ ဝါရှင်တန်ဒီစီမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ပါရီရာသီဥတုပြောင်းလဲမှု သဘောတူညီချက်ကနေ နုတ်ထွက်တာအပါအဝင် အမိန့်အများအပြားကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
သူဟာ ငြိမ်းချမ်းရေးဖန်တီးသူနဲ့ ညီညွှတ်ရေးသမားဖြစ်တယ်လို့ ထရန့်ကဆိုထားပြီး အမေရိကန်ရဲ့ ရွှေခေတ် စတင်ပြီလို့ ပြောပါတယ်။ အခမ်းအနားမှာ ဒုတိယသမ္မတအဖြစ် ဂျေဒီဗန့်စ်လည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
မိမိတို့အနေနဲ့ အရှုံးနဲ့ဘယ်တော့မှ ရင်ဆိုင်ရမှာမဟုတ်ဘဲ အမေရိကန်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံအနေနဲ့ အနာဂတ်က မိမိတို့လက်ထဲမှာရှိပြီး အမေရိကန်ရဲ့ ရွှေခေတ်အစုပြုတော့မယ်လို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။
ဒေါ်နယ်ထရန့်ဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာလည်း အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ ဒါအပြင် ဘိုင်ဒင်အစိုးရလက်ထက် လူဝင်မှုကြီးကြပ်ရေးတွေကို ပြင်ဆင်မှုအဖြစ် ခှိုလှုံခွင့်တောင်းသူတွေ နယ်စပ်မှာ ရက်ချိန်းယူရတဲ့ CBP One အက်ပလီကေးရှင်းကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
အမျိုးသားစွမ်းအင် အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီး အမေရိကန်မြေမှာ ရေနံနဲ့သဘာ၀ဓါတ်ငွေ့ တူးဖော်ရေးတွေ တိုးလုပ်မယ်လို့လည်း ထရန့်ကပြောပါတယ်။ နိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ စရိတ်တွေနဲ့ ကုန်စျေးနှုန်းတွေ ကျဆင်းဖို့ကိုလည်း လုပ်ဆောင်မယ်လို့ သူကဆိုပါတယ်။
သမ္မတဂျိုးဘိုင်ဒင်ကတော့ သူ့ရဲ့သမ္မတသက်တမ်း နောက်ဆုံးမိန့်ခွန်းကို အန်ဒရူးလေတပ်မှ နှုတ်ဆက်မိန့်ခွန်းပြောခဲ့ပြီး ထရန့်ရဲ့မိန့်ခွန်းက မိမိတို့ လုပ်စရာများစွာရှိနေသေးတယ်ဆိုတာ ပြသနေတယ်လို့ ထောက်ခံသူတွေကို ပြောပါတယ်။ရာထူးကနေ ထွက်ခွာရပေမယ့် ယှဉ်ပြိုင်မှုတွေကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW