ဝါရှင်တန်၊ ဇန်နဝါရီ-၂၅-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေအားလုံးနီးပါးကို ရပ်ဆိုင်းထားပြီး အကူအညီသစ်တွေ ပေးအပ်မှုတွေကိုလည်း ခေတ္တရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြားရှိအမေရိကန်သံရုံးတွေကို ပေးပို့တဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေး မူဝါဒနဲ့ ကိုက်ညီမှုမရှိတဲ့ အကူအညီတွေကို ကိုက်ညီမှုရှိမရှိ ပြန်လည်သုံးသပ်ဖို့ အကူအညီပေးတာတွေကို ရက် ၉၀ ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။ အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဟာ ကမ္ဘာအကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပါတယ်။
လက်ရှိအကူအညီပေးအပ်မှုတွေ ရပ်ဆိုင်းမှုဟာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကနေ စစ်ရေးအကူအညီ ပေးအပ်မှုတွေထိ သက်ရောက်လာနိုင်ပါတယ်။ အဆိုပြုထားတဲ့ အကူအညီအသစ် သို့မဟုတ် အကူအညီတွေကို ဆက်ပေးဖို့တွေကိုလည်း ဒီကာလအတွင်းမှာ ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။
အဲဒီအချိန်ကာလအတွင်းမှာ အကူအညီပေးမှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားရမယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပြီး လုပ်ငန်းစဉ်ကို ၈၅ ရက်အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ထောက်ပံ့ပေးထားတဲ့ စစ်ရေးအပါအဝင် နိုင်ငံရပ်ခြား အကူအညီပေးရေးအစီအစဉ်အပေါ် များစွာ သက်ရောက်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ဂျိုးဘိုင်ဒင်လက်ထက်က ဒေါ်လာဘီလီယံများစွာ လက်နက်အထောက်အပံ့တွေ ရရှိခဲ့တဲ့ ယူကရိန်းအပါအဝင် လည်း သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ အလွန်ကျယ်ပြန့်တယ်လို့ အမေရိကန် နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) အရှေ့အလယ်ပိုင်းမစ်ရှင် ညွှန်ကြားရေးမှူးဟောင်း ဒေ့ဗ်ဟာဆန်က ပြောပါတယ်။ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေးပါဘူး ။
Ref:BBC
Photo:Getty Images