ပြည်သူအသံကဏ္ဍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ၊ ပန်ဟတ်ကျေးရွာ ရှိ အထက မိုင်းကိုး ကျောင်းအုပ်ကြီးဒေါ်လှလှမိုးသည် ပညာရေးဋ္ဌာနမှခွင့်ပြုထားခြင်းမရှိသော ငွေကြေးကောက်ခံမှုကို ရေကြေးမီးကြေးဟုခေါင်းစဥ်တပ်ကာ ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ထံမှ တစ်ဦးလျှင် ၁၀ ဘတ် ( မြန်မာငွေ ၁၃၀၀ ကျပ် ) ကို လစဥ်ကောက်ခံနေပါသည်။ ရေစက်ပျက်လျှင်လည်း ကလေးများထံကောက်ခံပြီးဝယ်ပါသည်။ ကလေးများထံမှငွေကြေးများလစဥ်ကောက်ခံနေသော်လည်း ကျားသုံးအိမ်သာများမှာ သုံး၍မရအောင်စုတ်ပြတ်နေပြီး ပြုပြင်ခြင်းမရှိပဲ ကလေးများ၏ကျန်းမာရေးနှင့် အရှက်တရားကိုလျစ်လျူရှုထားပြီး ၄င်းငွေရရှိရေးကိုသာရှေးရှုဆောင်ရွက်နေပါသည်။ ထို့ကြောင့် ကျွန်မတို့ အထက မိုင်းကိုးရှိ ကျောင်းသူကျောင်းသားများသည် အခမဲ့ပညာရေးစနစ်တွင် တာချီလိတ်မြို့ပေါ်ရှိ အခြားကျောင်းများမှ ကလေးများနည်းတူ တန်းတူအခွင့်အရေးရရှိပြီး စိတ်ဓာတ်ရေးရာနှင့် ကျန်းမာရေး ကောင်းမွန်စေရေးအတွက် ကလေးများ အားမငဲ့ကွက်ပဲ ၄င်းရရှိရေးကိုသာ အမြဲလုံးပမ်းနေသော ကျောင်းအုပ်အား ထိရောက်စွာစစ်ဆေးအရေးယူပေးပါရန် Voice of Myanmar မှတစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများအား တင်ပြလိုက်ရပါသည်။…
Read MoreDay: January 26, 2025
စစ်မှုထမ်းကိစ္စနဲ့ ဖွဲ့စည်းပုံကိစ္စ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး သတင်းစာရှင်းလင်းပွဲလုပ်
ဇန်နဝါရီ ၂၆ -၂၀၂၅ KKO(VOM) ယခုပြည်သူလူထုတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေက နစက ရဲ့ NSPNC နဲ့ တင်ပြဆွေးနွေးခဲ့တာမျိုးမရှိဘူးလို့ နိုင်ငံရေးပါတီအစုအဖွဲ့ တွေရဲ့ခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး က ငြင်းဆို ပြောကြား လိုက်ပါတယ်။ နစကရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC)နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲရလဒ် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီနေ့ ဇန်နဝါရီ ၂၆ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)ရုံးမှာ ပြုလုပ်ခဲ့စဉ်မှာ ဦးကိုကိုကြီးက အခုလိုထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ “ပြည်သူတွေအတွက်ဝမ်းသာအားရ သတင်းကောင်းတွေကိုသယ်ဆောင်လာတဲ့ အချိန်မှာ မမျှော်လင့်ဘဲနဲ့ ပြည်ပသတင်းဌာနတွေက ခေါင်းကြီးတင်လိုက်တဲ့သတင်းဟာကျွန်တော်တို့ ဆွေးနွေးပွဲရလဒ်တခုလုံးရဲ့ ပုံရိပ်ကိုပျက်သွားစေပါတယ်။စိတ်မကောင်းစရာပါ။အလုပ်သဘောဆွေးနွေးတယ်။ ဆွေးနွေးမယ့်သဘောတူညီချက်တွေကိုလည်းကြိုပြီးတော့တောင်းခံတယ်။ဆွေးနွေးရရှိတဲ့ သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးတယ်။အခုဟာတွေက ကျွန်တော်တို့ရဲ့ သဘောတူညီချက်ထဲမှာ မပါပါဘူး။နောက်တခုက အလုပ်အဖွဲ့ ကိုယ်စားပြုပြီး ပြောဆိုခြင်းလည်းမရှိပါဘူး။ဒါကနိုင်ငံရေးပါတီအစုအဖွဲ့နဲ့…
Read Moreနွားနိုဟင်းမလိုင် နှင့် နို့ထမင်း
ဆူးငှက် “စောစောအိပ်လို့၊ စောစောထလို့… စောစောလမ်း လျှောက်ကြပါစို့။ တင်းတောင်… တင်းတောင်…” “ခန္ဓာသန်စွမ်းစေဖို့၊ စိတ်နှလုံးရွှင်ပြုံးစေဖို့၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် ပျော်ရွှင်ဖို့၊ ကျန်းမာစေဖို့…၊ စောစောအိပ် လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့…။ တင်းတောင်…၊ တင်းတောင်…။” မနက်စောစော… လေးနာရီလောက် နှိုးစက်ပေးပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ထွက်ဖြစ်ကြတယ်။ ဒါက လည်း ၁၂ ရာသီပတ်လုံး မဟုတ်ပါဘူး။ တန်ဆောင်းမုန်းလပြည့် ကျော်၊ ဒါမှမဟုတ် နိုဝင်ဘာလထဲရောက်ရင် မန္တလေးမှာ အအေး ဓာတ်ကဲစပြုပြီလေ။ ဒီတော့ “မနက်လင်းရင် ကျုံးဘေး လမ်း လျောက်ကြရအောင်”ဆိုတာ အချင်းချင်းကြား နှစ်တိုင်း ဒီရာသီ ရောက်ရင်ပြောလေ့ရှိတဲ့စကားဖြစ်နေပါပြီ။ ဒါကြောင့် ကိုယ်စီ၊ ကိုယ်စီ နှိုးစက်အကူအညီနဲ့ အိပ်ရာကထကြပြီပေါ့။ ညဈေးတန်း က ဝယ်ထားတဲ့ ကင်းဗတ်ရှုးဖိနပ်နဲ့ ခြေအိတ်နဲ့၊ ဖလန်ထည် ဘောင်းဘီနဲ့…
Read Moreဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် အမှုတခု ထောင်သုံးနှစ် စတင်ချခံရ
ဇန်နဝါရီ ၂၆ – ၂၀၂၅ GG (VOM) ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှာ ဇန်နဝါရီ ၉ ရက်ကတည်းက ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီးကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်စီးစေမှုနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးပြီး သုံးလအကြာမှာ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ “ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန်အမိန့်ချမှတ်ခဲ့ပါတယ်ခင်ဗျာ။”လို့ လုံခြုံရေးအဖွဲ့နဲ့ဆက်နွယ်သူကပြောပါတယ်။ နစက ဘက်ကတော့ ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်မှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင်လှုံ့ဆော်တာကြောင့် ၂၀၂၄ ခုနှစ်အောက်တိုဘာ ၂၃ ရက်မှာဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရယန္တရားပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တနည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမယ့် ပြုလုပ်မှုတွေ ပြုလုပ်ခြင်း၊…
Read More(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ RCSS/SSAတို့ ပူးပေါင်းကျင်းပမယ်
ZY(VOM) ဇန်နဝါရီ ၂၅၊ ၂၀၂၅ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ လာမယ့် ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်အခမ်းအနားကို မိုင်းပန်မြို့နယ်၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းမှာ ဖေဖော်ဝါရီလ ၇ရက်ကနေ ၈ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ “၆ရက်နေ့ကတော့ ဧည့်သည်တော်တွေကို ကြိုဆိုတာတွေ လုပ်မယ်၊ ပွဲတော့ မစသေးဘူးပေါ့။ ၇ရက်နေ့ မနက် ၈နာရီမှာ အခမ်းအနားစမယ်၊ ည ၆နာရီကျရင် ထမင်းလက်ဆုံစားပွဲလုပ်မှာ ဖြစ်ပါတယ်။ ၈ရက်နေ့ ညနေ ၆နာရီကြရင်တော့ ဖျော်ဖြေပွဲလုပ်မှာပါ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ပွဲတော်တက်ရောက်ဖို့ နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်းဖိတ်ကြားထားသလို တောင်ကြီးအခြေစိုက်(ရပခ)၊…
Read Moreကျောက်မဲမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့နေရာတွေ TNLAက သွားရောက်ခွင့်မပြုသေး၊ လူအများအပြားထိခိုက်တယ်လို့သိရ
ဇန်နဝါရီ ၂၅၊ ၂၀၂၅ Shy V VOM တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူအများအပြားထိခိုက်ကာ သေဆုံးသူတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆေးရုံမှာ ကျတာ။ အရင် သားဖွားမီးယပ်ဆောင်နေရာ လေယာဉ်ဗုံးေကြာင့် ၂ ယောက် သေဆုံးပြီး လူ အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိထားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ “နေ့လယ် ၁ နာရီခွဲခန့်က ကျောက်မဲ ပြည်သူ့ဆေးရုံပေါ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာ။ ဆေးကုသပေးနေတဲ့ CDM ဆရာမနဲ့ တခြားသူတွေ…
Read Moreနစက ဥက္ကဌ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့တဲ့ မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်
ဇန်နဝါရီ ၂၆ – ၂ဝ၂၅ KKO(VOM) မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်၊ညနေ ၄ နာရီခွဲ အချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပြီး ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို မြွေနှစ် “ပျော်စရာ” ဆိုတဲ့ တရုတ်ရိုးရာနှစ်ကူး အထိမ်းအမှတ်အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတွေက တရုတ်ရိုးရာ အကအလှ အထိမ်းအမှတ်တွေနဲ့ စည် ကားသိုက်မြိုက်စွာကျင်းပခဲ့ကြတာပါ။ တရုတ်ရိုးရာ နှစ်ကူးအခမ်းအနားကို နစက အစိုးရအဖွဲ့ရဲ့ထိပ်တန်း တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia နဲ့ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့် သည်တော်တွေ အများအပြား လည်းတက်ရောက်ခဲ့ကြပါတယ်။ ဒါအပြင် အခမ်းအနားမှာ…
Read Moreလာမယ့် မတ်လအတွင်းမှာ လွိုင်ကော်မြို့က တက္ကသိုလ်တွေ ပြန်ဖွင့်မယ်
ZY(VOM) ဇန်နဝါရီ ၂၅၊ ၂၀၂၅ ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့က တက္ကသိုလ်တွေအားလုံးကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်၊ မတ်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်တွေ သိပ္ပံကျောင်းတွေကို မတ်လမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် ဆောင်ရွက်မှုတွေကို အမြန်ဆုံးလုပ်ဆောင်နေပြီး စာသင်ဆောင်တွေ၊ အိပ်ဆောင်တွေ၊ စားရိပ်သာတွေနဲ့ ဆရာဆရာမဝန်ထမ်းအိမ်ရာတွေကို လိုအပ်တာတွေကို အမြန်ဆုံးပြုပြင်နေတယ်လို့ သိရပါတယ်။ ကနဦးအနေနဲ့ ပညာရေး ဒီဂရီကောလိပ်ကို ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လွိုင်ကော်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နဲ့ ကျန်တဲ့ ကောလိပ်အပါအဝင် ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့ နစကက စီစဉ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “မတ်လအတွင်းမှာ မဖြစ်ဖြစ်အောင် ဖွင့်ရမှာဖြစ်လို့ အခုက ပြင်ဆင်မှုတွေ လုပ်နေတာ၊ ပြင်ဆင်မှုတွေကတော့ ပြီးခါနီးနေပြီ။ လုံခြုံရေး၊ ကျောင်းယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် စီစဉ်တာတွေပဲ…
Read Moreအပစ်ရပ်ရေး သဘောတူညီချက် ဟားမတ်စ်တို့ ချိုးဖောက်တယ်ဆိုကာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစ္စရေးတားမြစ်
တဲလ်အဗစ်၊ ဇန်နဝါရီ-၂၆-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ဟာမတ်စတ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးအမျိုးသမီးစစ်သည် လေးယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် ခြောက်ပတ်အတွင်း ဟားမတ်စ်တို့က အစ္စရေးဓါးစာခံ ၃၃ ယောက်ကို အဆင့်လိုက်လွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ လက်ရှိလွှတ်ပေးတဲ့အထဲမှာ အမျိုးသမီးစစ်သည်လေးယောက်ပါဝင်ပေမယ့် အရပ်သားဓါးစာခံ အာဘယ်လ်ရီဟတ်ဒ်ကို လွှတ်မပေးတာဟာ သဘောတူညီချက်ကို ချိုးဖောက်တာလို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ဟားမတ်စ်တို့တော့ သူမကို အသက်ရှင်လျက်နဲ့ လာမယ့်သီတင်းပတ်မှာ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ သဘောတူညီချက်အရ ဟားမတ်စ်တို့ဟာ အရပ်သားတွေကို အရင်ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ အာဘယ်လ်ရီဟတ်ဒ် ပြန်မလွတ်မချင်း ဂါဇာမြောက်ပိုင်းကို ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်မပြုဘူးလို့ အစ္စရေးအစိုးရက ပြောပါတယ်။ မနေ့ကညနေပိုင်းကတော့ အယ်လ်ရာရှိဒ်လမ်းတလျှောက်မှာ ပါလက်စတိုင်းဒုက္ခသည်တွေ စုဝေးနေကြချိန်မှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်မှုပြုတဲ့…
Read Moreမဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ မြောက်ကိုရီးယားစမ်းသပ်ပြန်
ပြုံးယမ်း၊ ဇန်နဝါရီ-၂၆-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားဟာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဒါဟာ အရေးကြီးတဲ့ လက်နက်စမ်းသပ်မှုဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဆိုပါတယ်။ ရေအောက်ကနေ မြေပြင်ပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၅၀၀ ထိခရီးရောက်ခဲ့ပြီး ပစ်မှတ်တွေကို မထိမှန်ခင် ၇၅၀၇ စက္ကန့်နဲ့ ၇၅၁၁ စက္ကန့် ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို အမေရိကန်က ထိပါးနေသရွေ့ ပြင်းထန်စွာတုံ့ပြန်သွားမယ်လို့လည်း နိုင်ငံပိုင် သတင်းဌာနက သီးခြားထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း တင်းမာမှုတွေကို ကြီးထွားလာစေတယ်လို့ စွပ်စွဲထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ပထမအကြိမ် သမ္မတသက်တမ်းအတွင်းမှာ ကင်ဂျုံအန်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိသမ္မတသက်တမ်းအတွင်းမှာလည်း ကင်ဂျုံအန်နဲ့ ထပ်မံဆက်သွယ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားပါတယ်။…
Read More