ကျောက်မဲမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့နေရာတွေ TNLAက သွားရောက်ခွင့်မပြုသေး၊ လူအများအပြားထိခိုက်တယ်လို့သိရ

ဇန်နဝါရီ ၂၅၊ ၂၀၂၅
Shy V VOM
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူအများအပြားထိခိုက်ကာ သေဆုံးသူတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဆေးရုံမှာ ကျတာ။ အရင် သားဖွားမီးယပ်ဆောင်နေရာ လေယာဉ်‌ဗုံး‌ေကြာင့် ၂ ယောက် သေဆုံးပြီး လူ အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိထားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
“နေ့လယ် ၁ နာရီခွဲခန့်က ကျောက်မဲ ပြည်သူ့ဆေးရုံပေါ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာ။ ဆေးကုသပေးနေတဲ့ CDM ဆရာမနဲ့ တခြားသူတွေ ထိတာ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
“ဒီနေ့ ကျောက်မဲမှာ လေယာဉ် ဗုံးကြဲတာ ဆေးရုံပေါ် တည့်တည့် တလုံး၊ ဆေးရုံဝန်း ရှေ့တလုံး၊ အေးရှားဝေါဖက် တလုံးကျတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လတ်တလော ဗုံးကျတဲ့ နေရာတွေထဲ TNLA တွေက ဝင်ခွင့် မပြုသေးဘူးလို့ ဆိုပါတယ်။
ကျောက်မဲမြို့မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်မှာ တကြိမ်၊၁ နာရီ ၂၉ မိနစ်မှာ တကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေကို နောက်ပိုင်း ဖော်ပြမှာ ဖြစ်ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာက သတင်းထုတ်ထားပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW