အမေရိကန်မှာ လေယာဉ်နှစ်စင်းတိုက်မိပြီး မြစ်ထဲပျက်ကျမှု ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထား

ဝါရှင်တန်၊ ဇန်နဝါရီ-၃၀-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်နဲ့ အမေရိကန်စစ်တပ်ရဲ့ Black Hawk ရဟတ်ယာဉ်တစင်းတို့ ဝါရှင်တန်မှာ တိုက်မိပြီး မြစ်ထဲပျက်ကျခဲ့ရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၉ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခရီးသည်တင် လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်းလေးယောက် လိုက်ပါသွားပြီး ရဟတ်ယာဉ်ပေါ်မှာတော့ အမေရိကန်စစ်သားသုံးယောက် ပါဝင်ပါတယ်။ လေယာဉ်တွေတိုက်မိပြီးနောက် ပိုတိုမက်မြစ်ထဲကို ပျက်ကျခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေကိုတော့ ဆက်လက်လု်ပဆောင်နေပါတယ်။
ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။ ဆိုးရွားတဲ့ ဒီမတော်တဆမှုမှာ ရဟတ်ယာဉ်ဟာ ရှောင်ဖို့အတွက် ဘာကြောင့် အတက်အဆင်း မလုပ်တာလဲလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေးခွန်းထုတ်ထားပါတယ်။
ရဟတ်ယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုလုပ်တာလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြစ်ထဲမှာတော့ လေယာဉ်နှစ်စင်းစလုံးရဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးသမား ၃၀၀ ကျော်က ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။ မြစ်အတွင်းအေးခဲနေသော အပူချိန်ကြောင့် ၁၅ မိနစ်မှ မိနစ် ၃၀ အတွင်း လူခန္ဓာကိုယ် လျင်မြန်စွာကျဆင်းမှုနဲ့ သတိလစ်မှုများ ဖြစ်ပေါ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပင်တဂွန်စစ်ဌာနချုပ်က စုံစမ်းစစ်ဆေးမှုတရပ် စတင်နေပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေထဲ ရုရှား ကမ္ဘာ့စကိတ်ချန်ပီယံဟောင်း ယဲဗ်ဂျန်နီယာရှင်ကိုဗာနဲ့ ဗာဒင်နူမော့တို့ ပါဝင်တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW