ဝါရှင်တန်၊ ဇန်နဝါရီ-၃၁-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်အစိုးရက နေရပ်ပြန်ပို့မယ့် လူပေါင်း ၁ ဒဿမ ၄ သန်းကျော်ထဲမှာ မြန်မာနိုင်ငံသား ၆၇၉ ယောက် ပါဝင်နေတယ်လို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒီလူတွေဟာ နိုင်ငံတွင်းရောက်နေတဲ့ အမေရိကန်နိုင်ငံသားတယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာမဟုတ်ပေမယ့် အမေရိကန်ကနေ ထွက်ခွာဖို့အမိန့်ပေးခံရသူတွေဖြစ်ပြီး .ယခုလမှာ သမ္မတတာဝန်ယူခဲ့တဲ့ ဒေါ်နယ်ထရန့်ကတော့ အထောက်အထားမဲ့တွေအပါအဝင် ပြည်နှင်ဒဏ်ပေးမှုတွေကို စတင်နေပါတယ်။
လက်ရှိပြည်နှင်ဒဏ်ပေးခံရမယ့်သူတွေထဲမှာ မက္ကဆီကိုကတော့ သူ့နိုင်ငံသား နှစ်သိန်းငါးသောင်ကျော်နဲ့ အယ်လ်ဆာဗေးဒိုးကလည်း နှစ်သိန်းကျော်၊ ဟွန်ဒူးရပ်စ်နဲ့ နီကာရာဂွါနိုင်ငံသားတွေက အများဆုံးရပ်တည်နေပါတယ်။
ဒါအပြင် မြောက်ကိုရီးယား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အာရှနိုင်ငံတွေက နိုင်ငံသားတွေလည်း ပြန်ပို့ခံရမယ့် စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒီလူတွေဟာ ရာဇဝတ်မှုတခုခုကျူးလွန်းမှု ဒါမှမဟုတ် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပေဒကို ချိုးဖောက်ထားသူတွေလို့ ဆိုပါတယ်။
ဒီထဲမှာ ခှိုလှုံခွင့် ငြင်းပယ်ခံရသူတွေ၊ ဗီဇာသက်တမ်းကုန်နေသူတွေ၊ ပြစ်မှုတွေကြောင့် ပြင်နှင်ဒဏ်ပေးခံထားရသူတွေ စတဲ့ ဥပဒေချိုးဖောက်မှုတခုခုရှိနေသူတွေဖြစ်ပါတယ်။
အမေရိကန်မှာ ဆက်လက်နေထိုင်ဖို့ အရည်အချင်းမပြည့်မီတဲ့နိုင်ငံသားတွေကို ပြန်လည်လက်ခံဖို့ သက်ဆိုင်ရာနိုင်ငံတိုင်းမှာ တာဝန်ရှိတယ်လို့ အမေရိကန်အစိုးရက ယုံကြည်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက ပြောပါတယ်။
အမေရိကန်အစိုးရဟာ ပြည်ပအကူအညီတွေကို ရက် ၉၀ ကြာ ရပ်ဆိုင်းလိုက်ပြီးနောက် ကမ္ဘာတဝန်းမှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေလည်းရှိနေပြီး ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် အကူအညီပေးရေးလုပ်ငန်းတွေလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
Ref:Fox
Photo:ICE