ထာဝရ ငြိမ်းချမ်းရေးအမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူပါဝင်ကြရန် ကေအိုင်အိုဥက္ကဌ တိုက်တွန်း

ဖေဖော်ဝါရီ ၆၊ ၂၀၂၅
Shy V (VOM)
နောင်လာနောက်သားတွေကို စစ် မဟုတ်ပဲ ထာဝရ ငြိမ်းချမ်းရေး အမွေ လက်ဆင့်ကမ်းနိုင်ဖို့ အတူ ပါဝင်ကြရန် ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကေအိုင်အို/ ကေအိုင်အေ ရဲ့၆၄ နှစ်မြောက် တော်လှန်ရေးနေ့မှာ တိုက်တွန်း ပြောဆိုထားပါတယ်။
စစ်ပွဲ မဟုတ်ပဲ ထာဝရငြိမ်းချမ်းရေးအမွေ အဖြစ် ပြောင်းလဲကာ သားစဉ် မြေးဆက် လက်ဆင့်ကမ်း ပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်း တာမှာ အားလုံး အတူတကွ ပါဝင်ကြဖို့ ကေအိုင်အို/ ကေအိုင်အေ ရဲ့၆၄ နှစ်မြောက် တော်လှန်ရေးနေ့ မိန့်ခန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာသင့်ကြောင်းလည်း သူကပြောပါတယ်။လက်ရှိမှာတော့ ဗန်းမော်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ကေအိုင်အေ နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်ကလည်း ထိုးစစ်ဆင်နေဆဲ ဖြစ်သလို နစက တပ်ဖွဲ့ဘက်ကလည်း လေကြောင်း၊ ဒရုန်း တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲ ဖြစ်ကာ ဒေသခံတွေ အားလုံးနီးပါး တိုက်ပွဲ ရှောင်ကြရတယ်၊ နေအိမ် အဆောက်အဦး အများပြားလည်း မီးလောင် ပျက်စီးကုန်တယ်လို့ သူက ပြောပါတယ်။
ကေအိုင်အို/ ကေအိုင်အေ အနေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ မျှော်လင့်ချက်နဲ့ နဝတ အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး နဲ့ ၁၇ နှစ် ကြာ အထိ ကြိုးပမ်းခဲ့ဖူး ပေမယ့် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်မလာခဲ့လို့ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးရန် လမ်းဆုံးသွားတာကြောင့် လက်နက်ကိုင်ဝောာ်လှန် ရခြင်း ဖြစ်တယ်လို့လည်း အဲဒီ မိန့်ခွန်းမှာ ပြောထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ နယ်မြေ အငြင်းပွားမှု နဲ့ ပတ်သက်ပြီး စစ်အင်အား၊ လက်နက်အင်အား အားကိုးနဲ့ နယ်မြေကို တရားဝင် ရယူလို့မရကြောင်း၊ အဲဒီ ဌာနေ ဒေသခံ ထောက်ခံမှုလည်း ရရှိဖို့ လိုအပ်ကြောင်း၊ အချိန်မတန်သေးပဲ လက်နက်အားကိုးနဲ့ မိမိတို့ စိတ်ကြိုက် လုပ်ဆောင်ရန် မသင့်ကြောင်းလည်း ပြေားထားပါတယ်။
နယ်မြေ လုယူ အငြင်းပွားမှုဟာ နယ်မြေခံ လူမျိုးစုတွေကြား ပဋိပက္ခတွေသာ တိုးပွားစေတာကြောင့် လက်ရှိ အချိန်မှာ ဒေသတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း စည်း ထားပြီး ထိန်းထိန်း သိမ်းသိမ်း ရှိသင့်ကြောင်းပြောပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက် ‌ေန့က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
“တခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့လို့ လက်နက်ကိုင်ပြီး တော်လှန် ရတာလို့ မြင်တယ်။” လို့ ကချင်ပြည်နယ် နေ လူငယ် တယောက်က သူ့အမြင်ကို ပြောပါတယ်။
လက်ရှိ အခြေအနေက မတိုက်ပဲနဲ့ နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ လမ်းမမြင် တော့တာကြောင့် လက်နက်ကိုင် တော်လှန်နေကြရတာဖြစ်ပြီး တိုက်ပြီးမှပဲ ငြိမ်းချမ်းရေး ဆွေးနွေးလို့ ရမယ်လို့ ထင်တယ်လို့ သူက ပြောပါတယ်။
လက်နက်ကိုင်ပြီး တော်လှန်တယ်ဆိုတာ ပြည်သူတွေ အနေနဲ့ မလိုလားသလို ေကာင်းကျိုးထက် ဆိုးကျိုး ပိုများတယ်လို့ နောက်ထပ် ကချင်ပြည်နယ် ဒေသခံ တယောက်က ပြောပါတယ်။
“လက်နက်ကိုင်ပြီး တော်လှန်ရင်တော့ နံပါတ် ၁ က ငွေကြေးကုန်ကျတယ်။ မဖြစ်သင့်တာတွေ ဖြစ်တယ်။ သွေးထွက် သံယိုများတယ်။ စိတ် မချမ်းသာ စရာတွေ အများကြီးပဲ။ အချင်းချင်းလည်း လက်နက် ကိုင်ပြီ ဆိုတာနဲ့ ဘာ်အဖွဲ့အစည်းမဆို ကောင်းကျိုးထက် ဆိုးကျိုး ပိုများတယ်။ ပြည်သူတွေ အတွက် ပေါ့နော်။” လို့ သူက ပြောပါတယ်။
ပြည်သူတွေ ဆင်းရဲ ဒုက္ခ ကြုံကြရတဲ့အပြင် ထိခိုက် ဆုံးရှုံးမှုများတာကြောင့် နိုင်ငံရေး စားပွဲဝိုင်းမှာပဲ ပြေလည်အောင် ဆွေးနွေးစေချင်တယ်လို့လည်း သူက ပြောပါတယ်။
“ပြည်သူတွေ အနေနဲ့ တော့ လက်နက်ကိုင်ပြီး တော်လှန်တာကိုတော့ မကြိုက်နှစ်သက်ဘူး။ ကျနော်တို့ ပြည်သူတွေ အနေနဲ့တော့ နိုင်ငံရေး စားပွဲဝိုင်းမှာ ပြေအောင် ဆွေးနွေးတာပဲ လိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နက်ကိုင်ပြီး ပစ်ခတ်တယ် ဆိုတာက ကိုယ့်နိုင်ငံထဲက ငွေကုန်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး။ ကုန်ဈေးနှုန်း တက်မယ်၊ စစ်ရှောင်ရမယ်၊ အိပ် မပျော်၊ စားမဝင် စသဖြင့်ပေါ့” လို့ သူက ရှင်းပြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW