အမေရိကန် နုတ်ထွက်မှုကြောင့် WHO ရဲ့ ရန်ပုံငွေ လျှော့ချရဖွယ်ရှိနေ

ဂျီနီဗာ၊ ဖေဖော်ဝါရီ-၆-၂၀၂၅
ရတီ(VOM)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ အမေရိကန်နုတ်ထွက်မှုကြောင့် အဖွဲရဲ့ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ရန်ပုံငွေကို ဒေါ်လာသန်း ၄၀၀ လျှော့ချနို်ငဖွယ်ရှိကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးဆုံးအလှူရှင်ဖြစ်ပြီး ဇန်နဝါရီလမှာ သမ္မတရာထူးရယူခဲ့တဲ့ ဒေါ်နယ်ထရန့်လက်ထက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ဖိ‌ု့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဖွဲ့ ရန်ပုံငွေနဲ့ အခြားကိစ္စတွေအတွက် အစည်းအဝေးတရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာပြုလုပ်ခဲ့ကြပါတယ်။
အဖွဲ့ရဲ့ လုပ်ငန်းတွေအတွက် နှစ်နှစ်အတွင်း ရန်ပုံငွေကို ၄ ဒသမ ၉ ဘီလီယံထိ လျှော့ချဖို့ အစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ကနဦးလျာထားချက်ကနေ ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံဖြစ်ပါတယ်။ အကြီးဆုံးငွေကြေးပံ့ပိုးသူ အဖွဲ့ကနေ ထွက်ခွာခြင်းကြောင့် ပုံမှန်အတိုင်း လည်ပတ်လုပ်ကိုင်ဖို့ မဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
လက်ရှိမှာတော့ ဝန်ထမ်းသစ်ခေါ်ယူမှုကို ခေတ္တရပ်ဆိုင်းဖို့ ၊ ခရီးသွားစရိတ်တွေဖြတ်တောက်ဖို့နဲ့ ကုန်ကျစရိတ်လျှော့ချဖို့အတွက် အခြားအဆင့်တွေကို လုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အမေရိကန်နုတ်ထွက်မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံ‌ေတွရှိ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ အခြားအခြေအနေတွေအပေါ် အဖွဲ့ရဲ့ လုပ်စွမ်းဆောင်ရည်ကိုထိခိုက်နိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။
ဒေါ်နယ်ထရန့်မှာ လက်ရှိမှာလည်း နိုင်ငံခြားအကူအညီ ထောက်ပံ့မှုတွေကို ရက် ၉၀ ကြာ ရပ်ဆိုင်းပြီး အကူအညီပေးမှုတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။ ဒါအပြင် ကမ္ဘာတဝန်းမှာ နှစ်စဉ် ဒေါ်လာ ဘီလီယံများစွာ ထောက်ပံ့နေတဲ့ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေကြောင်း အစိုးရစွမ်းဆောင်ရည်ဌာန အကြီးအကဲ အီလွန်မတ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW