နှမ်းဘတ်ချဉ်၊ ဘုံဆိုင်၊ ရွှေပတ်ရမ်နှင့် စားပွဲရုံ

  ဆူးငှက် ကျွန်တော် မွေးခဲ့ရတာက လက်လုပ်လက်စား မိဘဖြစ်သောကြောင့် ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း လက်လုပ် လက်စားတွေ ချည်းပဲဖြစ်သည်။ လူလတ်တန်းစားလို့တောင် ပြောဖို့ ခပ်ခက်ခက်ပါ။ မွေးချင်း အိမ်နီးချင်း မှာလည်း ရွယ်တူမရှိပေ။ ကစားဖော်မရှိ။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေနှင့်ပဲ ကြီးရသည်။ သူတို့ သွားလေရာ လိုက်ရသည်မှာ ကလေးကတည်းက လိုက်ရတာ လူပျိုကြီးဖားဖား တက္ကသိုလ်ရောက်သည့် အထိ။ သူတို့သွားသည် ဆိုတာကလည်း အရက်ဆိုင်က တစ်နေ့တစ်ခေါက် မရောက်မဖြစ်ကိုး။ ဒီတော့ ငယ်ငယ်ကတည်းက သူတို့စက်ဘီး ထုတ်လာသည်နှင့် ကိုယ်က စက်ဘီး ဘားတန်းပေါ်ခုန်တက် လိုက်ပြီးသား။ ကြီးလာသည့်အခါ ကိုယ့်စက်ဘီးနဲ့ ကိုယ် ထပ်ချပ်မကွာ ပါပြီးသား။ လူသာလဲမည်။ ကိုယ်က ပင်တိုင်။ ဤသို့ဖြင့် သူတို့နှင့် အရက်ဆိုင် ရုပ်ရှင်ရုံ ဗထူးကွင်း မလွန်ကွင်း ဘုရားပွဲခင်းများဆီ သာမက ဘုံဆိုင်ခေါ်…

Read More

တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၁၀ – ၂၀၂၅ SS (VOM) ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကထက် အခေါက်ရွှေဈေး အနည်းငယ် မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိ‌နေပြီး ဈေးအနည်းငယ် ပြန်ကျလာပါတယ်။ စက်သုံးဆီ ဈေးကွက်မှာတော့ ဒီတပတ်မှာ စက်သုံးဆီ အမျိုးအစားအားလုံး ဈေးပြန်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းဈေးတွေ ဆက်ကျနေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက တကျပ်သား ၆၄ သိန်းဝန်းကျင်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၆၅ သိန်းကျော်ဝန်းကျင်နဲ့ အနည်းငယ် တက်ရိပ်ပြလာပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ ညနေပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်သုံးသိန်း ရှစ်သောင်းဈေးပါ။ ဒါပေမယ့်…

Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်မှု ငါးယောက်သေပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၀ – ၂၀၂၅ GG (VOM) မိုးကုတ်မြို့နယ် အနောက်ပိုင်းမှာ ပြီးခဲ့တဲ့ညက လေကြောင်းကနေတိုက်ခိုက်ခံရပြီး လူ ငါးယောက်သေဆုံးပြီး လူ၂၀ လောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ၊မနက် ၁ နာရီမထိုးခင်လောက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံလုပ်ကွက်ထဲကိုဗုံးကြဲချခံရတာဖြစ်ပြီး ကနဦးသိရှိချက်အရ သေဆုံးသူငါးယောက်ရှိထားကာ ဒဏ်ရာရသူတွေကိုဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ ဗုံးကြဲချတိုက်ခိုက်ခံရတဲ့ ဝင်းထရံကျောက်မျက်လုပ်ကွက်က ပြည်ခိုင်ဖြိုးပါတီဝင် ပလောင် အမတ်ဦးဘိုဌေး ပိုင်တဲ့ လုပ်ကွက်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ” ည ၁၂ ထိုးပြီး လောက်ကစပြီးဗုံးကြဲတာပဲ။နာရီဝက်လောက်ကြာတယ်။ ဘော်ဗဒါန်းနားကမဟုတ်ဘူး။ ကသည်းကျောက်ဆောင်နဲ့ပြောင်းပြင်ကြားထဲက ဝင်းထရံကျောက်မျက် လုပ်ကွက်ထဲကိုကျတာ အခုသိရသလောက်ငါးယောက်ရှိပြီ။ဒဏ်ရာရသူလည်းများတယ်။ဗုံး ကြဲတာတော့ အလုံး၂၀ ကျော်တယ်။ဝင်းထလုပ်ကွက်တခုထဲပဲထိတာ။” လို့ ဒေသခံကပြောပါတယ်။ မိုးကုတ်မြို့ကိုထိန်းချုပ်ထားတဲ့ TNLA ကတော့ မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်ဖော်ပြခြင်း မရှိသေးပါဘူး။ နစကဘက်ကတော့ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး…

Read More
VOM News

FREE
VIEW