ကနီနယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အပျက်အစီးများ

ဖေဖော်၀ါရီ ၊ ၁၈၊ ၂၀၂၅
ကျော်ဟိန်း (VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ကနီမြိုနယ် ၊ မုဋော( အရှေ့) ကျေးရွာအနီး ချင်းတွင်းမြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ မော်တော်တစီးဟာ မနေ့က နေ့လယ်ပိုင်းက လေကြောင်းပစ် ခတ်ခံရလို့ မီးလောင်သွားတဲ့အကြောင်း ဒေသခံတွေဆီက သိရပါတယ် ။
“ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်က ဆန်သွားနေတယ် အဲ့ဒီအချိန် လေကြောင်းနဲ့ တိုက်ခိုက်ခံရတယ် ၊ မော်တော်ပေါ်မှာ လောင်စာဆီ ပေပါတွေနဲ့ ဆိုင်ကယ်တွေပါတယ် ၊ ဖြစ်တာက နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားမှာဖြစ်တယ် ၊ နောက်ပြီး မုဋောရွာထဲကိုလည် ဗုံးနှစ်လုံးချသွားတယ် ၊ ထိခိုက် ပျက်စီးတာတွေ ရှိတယ် ၊ ပျက်စီးတာကတော့ ဆိုင်ကယ် ဆယ်စီး ကျော်နဲ့ ၊ ကား နှစ်စီး ၊လောင်စာဆီ ပေပါတွေ မီးလောင်တယ် ၊ နောက်ပြီး ဘုန်ကြီးတပါး ၊ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက်ထိခိုက် ဒဏ်ရာရတာ အဲ့ဒီ လေးယောက်ပဲ ဖြစ်တယ် ” လို့ မုဋောရွာခံတယောက်က်က ပြောပါတယ် ။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ကနီနယ်အတွင်း နတ်ကြီးရွာနဲ့ နတ်လာပို့ရွာဘက်တွေမှာ လေကြောင်း တိုက်ခိုက်ခံရတယ်လို့ ကနီမြိုခံတွေရဲ့ ပြောပြချက် အရ သိရပါတယ်။
ကနီမြိုခံ တယောက်က
” ကနီနယ်နဲ့ ဘုတလင်နယ်ဘက်တွေမှာ စက်တပ် လေထီးတွေအပါအ၀င် လေကြောင်း ခြိမ်းခြောက်မှုတွေများလာတယ် ၊ အခုလ ၇ ရက်ကလည်း ဆူးလေကုန်းရွာမှာ လေကြောင်းနဲ့ ပစ်ခတ်ခံရလို့ ဒေသခံ ရွာသားတယောက် သေဆုံးခဲ့ရတယ်လို့ ကနီမြို့ခံတယောက်က ပြောပါတယ်။
ပြီခဲ့တဲ့ ၂၀၂၄ မတ်လတုန်းက ဒေသခံ လက်နက်ကိုင် အဖွဲ့တွေက ကနီမြို့ကို မြို့သိမ်းဖို့ တိုက်ခိုက်ခဲ့ကြပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW