ပုပ်ရဟန်းမင်းကြီးဖရန့်စစ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတင်ထားရ

ဗာတီကန်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅
ရတီ (VOM)
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဆေးရုံဆက်လက်တက်ရောက်နေရကြောင်း ဗာတီကန်က ထုတ်ပြန်လိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ရောမမြို့ရှိ ဆေးရုံတတရုံမှာ လည်ချောင်းနာခြင်းအတွက် ကုသမှုများခံယူခဲ့ရပြီး စစ်ဆေးမှုရလဒ်တွေအရ အသက်ရှူလမ်းကြောင်းကူးစက်မှုဆိုင်ရာတွေ တွေ့ရှိခဲ့တာကြောင့် သင့်လျော်တဲ့ ကုထုံးတွေ ပြောင်းလဲခံယူဖို့ လိုအပ်တယ်လို့ ဗာတီကန်က ပြောပါတယ်။
ဆေးရုံဘယ်လောက်ကြာအောင်တက်ရမယ်ဆိုတာ မသိသေးပေမယ် ပုပ်ရဟန်းမင်းကြီးဟာ အဖျားဝေဒနာမရှိဘဲ တည်ငြိမ်တဲ့ အခြေအနေတွင်ရှိနေပြီး စာဖတ်တာ၊ အနားယူတာနဲ့ နေ့စဉ်တာဝန်တွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံမတက်ရမီခင်ကလည်း ရက်အတန်ကြာ လည်ချောင်းနာ ဝေဒနာခံစားခဲ့ရပြီး အခမ်းအနားတွေမှာ ဖတ်ကြားရမယ့် မိန့်ခွန်းတွေကို အခြားတာဝန်ရှိသူတွေထံ လွှဲပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ စိန့်ပီတာရင်ပြင် အပတ်စဉ်ပုံမှန်ဆုတောင်းပွဲနဲ့ အထူးစုဝေးပွဲတခုကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်နိုင်မှာမဟုတ်ဘူးလို့ ဗာတီကန်က ဆိုပါတယ်။ ဆုတောင်းစာလွှာများစွာ ရရှိခဲ့ပြီး ဒီအတွက် ကျေးဇူးတင်ရှိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။ အဲဒီနှစ်ဇွန်လအတွင်းမှာတော့ အစာအိမ်အူလမ်းကြောင်း ခွဲစိတ်မှုခံယူခဲ့ရပါတယ်။
ရိုမန်ကက်သလစ်အကြီးအကဲအဖြစ် တာဝန်ယူစဉ် ၁၂ တာကာလအတွင်း ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရပြီး ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW