ယူကရိန်းအရေး ဥရောပခေါင်းဆောင်တွေ ဒုတိယအကြိမ် စည်းဝေး

ပါရီ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၅
ရတီ(VOM)
ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေရဲ့ ဒုတိယမြောက် အစည်းအဝေကို ပြင်သစ်နိုင်ငံ ကဦးဆောင်ပြီး မနေ့က ထပ်မံပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ပထမအကြိမ်ဆွေးနွေးပွဲ မတင်္ကရောက်ခဲ့တဲ့ နော်ဝေ၊ ဖင်လန်၊ ကနေဒါအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဘောတစ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ယူကရိန်းကို ဆက်လက်ထောက်ပံ့ရေးနဲ့ ဥရောပလုံခြုံရေးအတွက် အစီအမံတွေကို သဘောတူခဲ့တယ်လို့ ပြင်သစ် သမ္မတက ပြောပါတယ်။
ဥရောပနဲ့ အမေရိကန်တို့အကြား ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရည်မှန်းချက်ကတော့ တူညီနေတယ်လို့ သူကဆိုပါတယ်။ ယူကရိန်းအဆက်မပြတ်ပါဝင်မှု၊ ခိုင်မာယုံကြည်ရတဲ့ အာမခံချက်နဲ့ အခြေခံမူတွေနဲ့ ထာ၀ရငြိမ်းချမ်းရေး ရရှိအောင်လုပ်မယ်လိုပ မက်ခရိုက ပြောပါတယ်။
ဥရောပကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့လိုအပ်ပြီး ဒီအစီအစဉ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း ချမှတ်သွားမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ ရုရှားတို့ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် နှစ်ဖက် ထိပ်တန်းတာဝန်ရှိသူတွေ ဆော်ဒီအာရေဗျမှာ ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းရေးအဖွဲ့ဖွဲ့ဖို့ သဘောတူခဲ့ပြီး ဆွေးနွေးပွဲတွေ ဆက်လုပ်မှာပါ။
ဒါပေမယ့်လည်း ယူကရိန်းမပါတဲ့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေက ဝေဖန်နေပြီး ဆွေးနွေးပွဲရဲ့ ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို လက်သင့်မခံဘူးလို့ သမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW