တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဖေဖော်ဝါရီ ၂၄ – ၂၀၂၅ SN (VOM) ဒီတပတ် ပြည်တွင်း ရွှေဈေးကွက်မှာလည်း အခေါက်ရွှေက အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာဈေးကတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ကျဆင်းလာပါတယ်။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစား အားလုံး ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစုက အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေပိုင်းကစလို့ အတက်ဘက်ကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာခဲ့တာမှာ ဒီတပတ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာလည်း အမြင့်ဆုံးဈေး ခြောက်ဆယ့်ခုနစ်သိန်း နှစ်သောင်းဝန်းကျင်အထိ ထပ်မံ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ အခုဖော်ပြထားတဲ့ ဈေးတွေကတော့ စနစ်ဟောင်း တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့…

Read More

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးမယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နဲ့ ရုရှားထိပ်တန်းတာဝန်ရှိသူတွေဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ အခြားကိစ္စရေပ်တွေ အတွက် ယခုသီတင်းပတ်အတွင်းမှာ ထပ်မံတွေ့ဆုံသွားမယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူက ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေလိုပြီး စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တရပ် ပေးလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးအတွက် နှစ်ဖက်အကြား ယခုသီတင်းပတ်မှာ တွေ့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ စိတ်အနှောက်အယှက်တွေအတွက် အမေရိကန်နဲ့ဆက်ဆံရေးမှာ ရုရှားဘက်က ပွင့်လင်းတယ်လို့ သူက ဆိုပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဖေဖော်ဝါရီ ၁၂ ရက်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေဟာလည်း ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီမှာ…

Read More

သန်လျင်မှာ ရထားလမ်းပေါ် အိပ်ပျော်နေတဲ့အမျိုးသား ရထားကြိတ်ခံရပြီးသေဆုံး

ဖေဖော်ဝါရီ ၂၄ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာဖွံ့ဖြိုးရေးလမ်း မီးရထားလမ်းမှာ အိပ်ပျော်နေတဲ့ အိမ်ခြေယာမဲ့ အမျိုးသားတယောက် ရထားကြိတ်ခံရပြီးသေဆုံးမှုဒီနေ့ဖေဖော်ဝါရီ ၂၄ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါအမျိုးသားက ညတုန်းက အရက်မူးပြီး ရထားလမ်းပေါ်မှာ အိပ်ပျော်နေချိန် ခြေထောက်ကိုရထားကြိတ်ခံရတာဖြစ်ကြောင်း၊ ခြေထောက်ကသွေးထွက်လွန်ပြီး မနက်စော ၅ နာရီလောက်မှာ ရထားကြိတ်ဒဏ်ရာကြောင့်ပဲသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ ” ရုံပိုင်ကြီးမေးတော့ ရထားက မနက် ၁ နာရီလောက်ဝင်တယ်ဖြစ်တော့ အဲဒီအချိန်ဖြစ်တယ်ယူဆတယ်။ ညကသူတို့ကအရက်သောက်ကြပြီးအဲဒီမှာအိပ်ကြတယ်။အိမ်ခြေယာမဲ့ ၊ အိမ်မရှိဘူး။တနယ်တကြေးကနေလာပြီးလုပ်ကြတာ။ညကတော့အရက်တွေ အရမ်းမူးပြီးအိပ်ရင်းဖြစ်ကြတာ။မနက်၅ နာရီလောက်မှာရေတောင်း သောက်သေးတယ်တဲ့။သူ့အကိုလားညီလားမသိဘူး ရေတိုက်ပြီးမှ သေသွားတာပေါ့။ရထားကြိတ်ခံရပြီး ညာဘက်ခြေထောက်ပြတ်သွားတယ်။နောက်တဖက်က ပြတ်ဖို့နည်းနည်းလေးပဲကျန်တော့တယ်။ ညကတည်းကသွေးထွက်လွန်နေတာပေါ့။” လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးခဲ့တဲ့ လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူကပြောပါတယ်။ ရထားကြိတ်ခံရပြီးသေဆုံးသွားတဲ့ အမျိုးသားကတော့ အသက် ၄၀ အရွယ်အမျိုးသားဖြစ်ပြီး ဘူးခွံပလုံးခွံကောက်သူတွေဖြစ်တယ်လို့သိရပါတယ်။သေဆုံးအမျိုးသားရုပ်အလောင်း ကိုတော့ သန်လျင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ်…

Read More

စစ်တွေနဲ့ ကျောက်ဖြူမှာ စစ်ရေးအခြေအနေ ပိုမိုတင်းမာလာ

ဖေဖော်ဝါရီ ၂၄ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်ရှိ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ နစကတပ်နဲ့ AA တပ်တွေကြား အခုရက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA က ဝိုင်းရံပိတ်ဆို့ထားတဲ့ ရခိုင်ပြည် မြောက်ပိုင်းရှိ နစကရဲ့ နောက်ဆုံးလက်ကျန် စစ်တွေမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေခဲ့ရာက အခု ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုမို ဖြစ်ပွားလာတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ AA က စစ်တွေရှိ နစကတပ်ရင်းတွေကို ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်ဘက်ကနေ ပစ်ခတ် တိုက်ခိုက်နေပြီး နစကဘက်ကလည်း ပြန်လည် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “နစကဘက်ကလည်း လက်နက်ကြီးရော၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ရော ပြန်ပြီး ခုခံနေတာ။…

Read More

ကလေးနယ်မှာ လေကြောင်း တိုက်ခံရမှုတွေ များလာ

ဖေဖော်၀ါရီ ၊ ၂၃၊ ၂၀၂၅ KH (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်ကြားမှာ ရှိတဲ့ ကျေးရွာတွေဟာ အခု ရက်ပိုင်းအတွင်းလေကြောင်း တိုက်ခိုက်ခံရမှုတွေ များပြားလာပြီး ၊ လေကြောင်းရန်ကနေ ကင်း​ေ၀းဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးမြို့နယ် တောင်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေဆီက သိရပါတယ်။ ” လေယာဥ်က နေ့ရော ညပါ ပျံသန်းနေတယ် ၊ နောက်ပြီး သူတို့သတင်းရတဲ့ နေရာ ပစ်မှတ်တွေပေါ်ကို ဗုံးကျဲချတယ် ၊ အခုတလော အဲ့ဒီလို ဗုံးကျဲချခံရတာ ရွာပေါင်း ဆယ်လေးငါးရွာထက်မနည်း ရှိနေပြီဖြစ်တယ် ” လို့ ကလေးမြို့နယ် တောင်ပိုင်း တင်သားကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ တယောက်က ပြောပါတယ် ။ အဲ့ဒီလို လေကြောင်း တိုက်ခိုက်ခံရတဲ့ ရွာတွေကတော့ နတ်ချောင်း ၊…

Read More

ဟိုပန်က ကျားဖြန့်လုပ်ငန်းတခုကို UWSA ဝင်စီးရာ ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ဦး ဖမ်းဆီးရမိ၊ ကျားဖြန့်တွေ အဖမ်းခံရမှုများလာ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅’ ZY(VOM) “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့က ကျားဖြန့် လုပ်ငန်းတခုကို UWSAမှ ဖေဖော်ဝါရီလ ၂၁ရက်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖျန့်လုပ်ကိုင်သူ ၁၀၅ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ဟိုပန်မြို့၊ မိန်းပန်း(ရှမ်း) ရပ်ကွက်ထဲရှိ ကျားဖြန့် လုပ်ငန်းတခုကို သတင်းပေးပို့လာချက်အရ ဖေဖော်ဝါရီလ ၂၁ရက်၊ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ဦးနဲ့အတူ စက်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ည ၁၂ကျော်၊ တစ်နာရီဝန်းကျင်မှာ ဝင်ဖမ်းတာ။ ဖမ်းခံရတဲ့သူတွေအများစုက လူငယ်တွေများတယ်။ မိန်းကလေးတွေလည်း ၂၀ကျော်ပါတယ်။ တချို့ကိုတော့ ပိုက်ဆံနဲ့ညှိပြီး ပြန်လွှတ်ပေးလိုက်တာ။ သတင်းပေးလာလို့ ဝင်ဖမ်းတာ ပြောတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ အဲဒီလုပ်ငန်းကို အဓိကဦးဆောင်လုပ်ကိုင်သူမှာ တရုတ်အမျိုးသားဖြစ်ပြီး…

Read More

ရှမ်းမြောက်ရှိ KIA ဂိတ်စခန်း သုံးခုနဲ့ တိုက်နယ်ရုံးတခုကို TNLA ဝင်စီး၊ လက်နက်တွေသိမ်းယူပြီး တပ်ဖွဲ့ဝင်‌တွေကို ဖမ်းဆီးသွား

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မန်တုံမြို့နယ်အတွင်းရှိ KIA ဂိတ်စခန်း သုံးခုနဲ့ တိုက်နယ်ရုံးတစ်ခုရှိ TNLA တပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝရီလ ၂၃ရက်၊ မနက်အစောပိုင်းအချိန်က ဝင်ရောက်စီးနင်းကာ လက်နက်ခဲယမ်းတွေသိမ်းယူပြီး တပ်ဖွဲ့ဝင်‌တွေကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ KIA တပ်မဟာ ၄၊ လက်အောက်ခံ တပ်ရင်း (၃၄)အောက်မှာရှိတဲ့ KIAစစ်တပ်ရဲ့ လောက်ကျယ်ဂိတ်၊ ရော်ကျိန်းဂိတ်၊ မန်ဖန်ဂိတ်နဲ့ မန်မောက်ရွာက မန်ပွန်းတိုက်နယ်ရုံးတို့ကို TNLA တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကာ KIA အရာရှိတွေနဲ့ တပ်သားတွေကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ “မနက်အစောက ဖြစ်သွားတာ၊ အော်ဟစ်ဆဲဆိုသံတွေတော့ ကြားတယ်။ သေနတ်သံတွေတော့ မကြားရဘူး။ ဘာကြောင့်ဖြစ်တာလဲဆိုတာလည်း မသိရသေးဘူး။ ဒီလိုဖြစ်စဉ်တွေ၊ နယ်မြေကိစ္စအငြင်းပွားတာတွေ ခဏခဏဖြစ်နေတော့ တိုက်ပွဲဖြစ်လာမှာ ကြောက်နေရတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။…

Read More

နောင်ချိုမှာ နစကနဲ့ TNLA တိုက်ပွဲပြင်းထန်နေပြီး အထိအခိုက်များ

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တအာင်းတပ် (TNLA)ဟာ နစကပြန်လည်ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ပြန်လည် ထိုးစစ်ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေပြီး နစကဖက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေကြောင့် တိုက်ခိုက်မှုတွေကြောင့် အထိအခိုက်များနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နစကတပ်ထံ လက်လွှတ်လိုက်ရတဲ့ နောင်ချိုမြို့နယ်၊ တောင်ရှည်နဲ့ မန်မော်ရွာကြားက ဆယ်တောင်ပြည့်ကုန်းကို TNLAမှ မနေ့ ဖေဖော်ဝါရီလ ၂၂ရက်ကစတင်ပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။ “အထိအခိုက်ကတော့ များတယ်၊ အတိအကျတော့ မသိရဘူး။ လေယာဉ်လာကြဲတာကလည်း ငါးကြိမ်ရှိပြီ။ လက်နက်ကြီးသံကလည်း ဆက်တိုက်ပဲ။ အရပ်သားတွေ ထိခိုက်တာတော့ မကြားရမိသေးဘူး။ နှစ်ဖက်စလုံးက အင်အားအလုံးအရင်းနဲ့ တည်ထားတဲ့သဘောပဲ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ နောင်ချိုမြို့နယ်၊ တောင်းခမ်းဒေသမှာလည်း နစကတပ်နဲ့ TNLA အကြား…

Read More

ပြည်အကျဥ်းထောင်မှာ အကျဥ်းသားချင်း အချင်းများမှု ထိန်းသိမ်းခဲ့ရတယ်လို့ နစကဆို

ဖေဖော်ဝါရီ ၂၃ – ၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်အကျဉ်းထောင်မှာ ဒီနေ့ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အကျဥ်းသားအချင်းချင်း ပြဿနာဖြစ်ပွားခဲ့ပြီး ထိုးကြိတ်တဲ့အထိရှိခဲ့တာကြောင့် သေနတ်ပစ်ဖောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုအပေါ် နစကပြန်ကြားရေးကတော့ ပြဿနာဖြစ်တာမှန်ပေမယ့် ထိုးကြိတ်ရိုက်နှက်ခြင်းနဲ့သေနတ်ပစ်ဖောက်ခဲ့ခြင်းမရှိဘူးလို့ သတင်းထုတ်ပြန် ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတော့ ပြည်အကျဥ်းထောင်တွင်းမှာ ဒီနေ့မနက် ၇ နာရီကျော်လောက်က အကျဥ်းသားအချင်းချင်းထိုးကြိတ်မှုဖြစ်ခဲ့သလို ဝါးဆစ်တုတ်၊ သစ်သားတုတ်၊ ဓါးကိုင်ဆောင်ပြီးလည်း ဝရိုက်နှက်ပြီး ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့တဲ့အပြင် သေနတ်နှစ်ချက်ပစ်ဖောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ PPNM တာဝန်ရှိသူက “ပစ်ခတ်မှုကတော့ကျွန်တော်တို့ အကျဥ်းသားတွေကိုရည်ရွယ်ပစ်ခတ်တာမျိုးမဟုတ်ဘဲ သတိပေးပစ်ခတ်မှုနှစ်ကြိမ်ရှိခဲ့တယ်ဆိုတာပြောလို့ရပါတယ်။မိုးပေါ်ထောင်ဖောက်ပြီးမှသူတို့လူစုခွဲတဲ့ပုံစံမျိုးလုပ်ဆောင်ခဲ့တာရှိတယ်။ကျူးလွန်ခဲ့တဲ့နေရာမှာပါဝင်ခဲ့တဲ့သူတွေကိုတော့အရေးယူဆောင်ရွက်ထားတယ်ဆိုတာကို ကျွန်တော်တို့သိထားရပါတယ်။” လို့ ပြောပါတယ်။ ပြည်အကျဥ်းထောင်တွင်း ဖြစ်စဥ်မှာ နိုင်ငံရေးအကျဉ်းသား ငါးယောက်မှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေက မတရားဖိနှိပ်မှုမပြုရန်၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြောင်းသိရှိရတယ်လို့…

Read More

မလေးရှား အော်ပရာစီ ဖမ်းဆီးမှု မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေ

ဖေဖော်ဝါရီ ၂၄-၂- ၂ဝ၂၅ KKO(VOM) မလေးရှားနိုင်ငံအတွင်းကအော်ပရာ စီ ဖမ်းဆီးမှုမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေတယ်လို့ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မလေးဒေသတွင်းသတင်းတွေအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးအတွင်းက အော်ပရာစီ အဖမ်းအဆီးမှာ အထောက်အထားမပြည့်စုံသူ လူဦး‌ရေ ၆၃၀ ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ၉ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၈၅ ယောက် ၊ အိန္ဒိယနိုင်ငံက ၅ ယောက် ၊ နီပေါနိုင်ငံက ၁ ယောက်၊ မြန်မာနိုင်ငံက လူဦးရေ ၅၃၀ နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ကနေ ဖမ်းဆီးခံရသူတွေထဲက…

Read More
VOM News

FREE
VIEW