မန္တလေးက ကမ္ဘောဇဘဏ်ခွဲ ၃၇ ကို ဓားပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိ

မန္တလေး၊ ဖေဖော်ဝါရီ – ၂၂- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ မဟာနွယ်စဥ်ရပ်ကွက်က ကမ္ဘောဇဘဏ်ခွဲ ၃၇ မှာ မနေ့ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဓါးပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။ ဓားပြမှု ကျူးလွန်ခဲ့တဲ့ ဦးသိန်းဇော်ဦး(၅၄)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊၁၂၀လမ်း၊၆၈(B) လမ်း ၆၈ (C)လမ်းကြားက နေအိမ်တအိမ်မှာ ဒီကနေ့ နံနက် ၉ နာရီက ဘဏ်ဓားပြတိုက်ရာပါငွေ ၁၀၉၈ သိန်းနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကမ္ဘောဇဘဏ်(၃၇)ဟာ ဒုတိယအကြိမ် ဓားပြတိုက်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လက်လုပ်သေနတ်ကိုင်ဆောင်ထားတဲ့ တဦးတည်းဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီဓားပြတိုက်တဲ့သူကိုလည်း ဘဏ်ကနေအထွက်မှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

Read More

တိုက်ပွဲပြင်းထန်နေလို့ မိုးဗြဲမြို့တွင်း အရပ်သားတွေ ဖြတ်သန်းသွားလာမှုကို ငါးရက် ပိတ်ပင်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅ ZY(V0M) ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ နစက၊ ပအိုဝ်းပြည်သူ့စစ်(PNA)နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေလို့ အရပ်သားတွေ ဖြတ်သန်းသွားလာမှုကို ဒေသတွင်းလက်နက်ကိုင်တပ်တွေက ငါးရက်တာပိတ်ပင်လိုက်တယ်လို့ မိုးဗြဲ PDF နဲ့ KNDF တပ်ရင်း ၃ တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။ မိုးဗြဲမှာ နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး နစကတပ်ဖွဲ့တွေမှ လက်နက်ကြီး၊ လေကြောင်းတိုက် ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် မိုးဗြဲမြို့တွင်း ဖြတ်သန်းသွားလာခွင့်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၈ ရက်အထိ လုံခြုံရေးအရ ခေတ္တယာယီ ပိတ်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြအသိပေးထားပါတယ်။ “မြို့တွင်းမှာ ဒေသခံကတော့ သိပ်မကျန်တော့ဘူး၊ တိုက်ပွဲတွေစပြင်းထန်တဲ့ ဒီဇင်ဘာလလယ်ပိုင်း လောက်ကတည်းက အားလုံးရှောင်ကုန်ကြပြီ။ အသက်ကြီးလို့ မရွေ့ပြောင်းနိုင်တဲ့သူတွေ၊ မရွေ့ချင်တဲ့ သူတွေနဲ့ ရိက္ခာ၊ လိုအပ်တာတွေ ပြန်ယူတဲ့သူတွေလောက်ပဲ ကျန်တော့တယ်။…

Read More

အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သတိပေး

ဖေဖော်ဝါရီ ၂၂ – ၂၀၂၅ SS (VOM) လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်နေ့အထိ လေးရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် ရေစိုမခံနိုင်တဲ့လုပ်ငန်း လုပ်ကိုင်သူတွေ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုအပြင် အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်တွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ “ဒီလိုအချိန်ကတော့ လေပွေလှိုင်းတွေ ဖြတ်တာရှိတယ်။ အဲဒီလို ဖြတ်တဲ့အခါမျိုးမှာ မိုးရွာနိုင်တယ်။ မြန်မာနိုင်ငံ ဒေသအတော်များများမှာ ရွာဖို့ရှိနေတယ်။ အခုက…

Read More

ဗန်းမော် ရေလဲနဲ့ မံသာ (မံစီ)ဘက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြန်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာအုပ်စု၊ ရေလဲရွာ နဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံသာ (မံစီ) ကျေးရွာအုပ်စု၊ မံသာ (မံစီ)ရွာ တွေဘက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ သေဆုံး၊ ဒဏ်ရာ သူရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာ ဗန်းမော် ဧရာဝတီမြစ်ရဲ့ တဖက်ကမ်း ရေလဲရွာမှာ Y – 12 နဲ့ ဗုံးကြဲ လို့ ထိခိုက် ဒဏ်ရရသူတွေရှိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လေယာဉ် ဗုံးက ဦးကိုနိုင်နဲ့…

Read More

ရေစကြိုနယ် စည်သာကျေးရွာမှာ ဓားပြတိုက် ပြန်ပေးဆွဲခံရ

ဖေဖော်၀ါရီ ၊ ၂၂ ၊ ၂၀၂၅ KH ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ စည်သာ (ဆားတောင် ) ကျေးရွာမှာ ဒီကနေ့ မနက် ၁၀ နာရီ ၀န်းကျင်ခန့်က ကျေးရွာတွင်းမှာရှိတဲ့ ကုန်စုံဆိုင် တဆိုင်မှာ ဓားပြတိုက် လုယက်ခံပြီး ဆိုင်ပိုင်ရှင် လင်မယားဖြစ်သူကို ဓားပြအဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဖြစ်တာက ဒီမနက် ၁၀ နာရီ ၀န်းကျင်က ဖြစ်တာ ၊ စည်သာရွာထဲကို ဓားပြတွေ ၀င်လာပြီး ၊ ကုန်စုံဆိုင် ပိုင်ရှင် ကိုနေလင်း နဲ့ မဇာ လင်မယားကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ကိုနေလင်း ဆိုင်ထဲက CCTV စက်ကိုလဲ…

Read More

တောင်ကြောတောလမ်း စောင်းတန်းဝဲယာ

    ဆူးငှက်   ကုန်လွန်ခဲ့သောနှစ်၅၀ကျော် ကာလ။ လူပျိုပေါက်စအရွယ်တိုင်အောင် လူကြီးမိဘမပါဘဲ ဘယ်ခရီးမှ မလွှတ်ဖူးသော အစဉ်အလာကြောင့် တန်ဆောင်မုန်းလ၏ အခါသမယအချိန်အခါ ကထိန်ပွဲတော်အဖြစ် မိဘများနှင့်အတူ လိုက်ပါရ ခြင်းက စစ်ကိုင်းတောင်သို့ ပထမဦးဆုံး ရောက်ဖူးခဲ့ခြင်းဖြစ်သည်။   ဆွမ်းဦးပုညရှင် စေတီအတက်   မဟာဂန္ဓာရုံချောင်၏ အစွန်ရှိကမ္မဋ္ဌာန်း ကျောင်းလေးတစ်ကျောင်းတွင် တည်းခိုရတော့၊ ထိုကမ္မဋ္ဌာန်း ကျောင်းလေးက ဆွမ်းဦးပုညရှင် စေတီအတက် ခြင်္သေ့တစ်ကောင်စောင်းတန်းနှင့် နီးကပ်နေသည်။ ကထိန်ပွဲနှင့် လိုက်ပါလာသော လူကြီးတွေက အထုပ်အပိုးချပြီးသည်နှင့် ဝေယျာဝစ္စ အလုပ်တွေက ပေါ်လာတော့သည်။ လှူဖွယ်ပစ္စည်းတွေပြင်ဆင်ရမည်။ ချက်ဖို့ပြုတ်ဖို့ ဈေးဝယ်ရမည်။ မီးဖိုကိစ္စစီစဉ်ရမည်။ အို … အလုပ်တွေက မနား နိုင်တော့၊ ပြောကြ၊ ဆိုကြ၊ အော်ကြဟစ်ကြနှင့် ပျားပန်းခတ်ဇယ်စက်သလို လုပ်ကိုင်နေကြတော့ ကျွန်တော့အတွက် နေရာမရှိ။ အလုပ်ရှုပ်ပြေးလွှားနေကြရသော လူကြီးနောက် တကောက်ကောက်လိုက်နေလို့လည်း…

Read More

နိုင်ငံကျော် မြန်မာဂန္ထဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်

ဖေဖော်ဝါရီ ၂၁ – ၂ဝ၂၅ KKO(VOM) နိုင်ငံကျော် မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည်ဟာဖေဖော် ဝါရီ ၂ဝ ရက်၊ ည ၁၁ နာရီ ၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ကျန်ရစ်သူ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။ တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရီဟာ အဆုပ်ကင်ဆာရောဂါကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဌာနမှာ တက်ရောက်ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။မနေ့ညက ဆုံးတာပါ။အခုတော့ အမေရဲ့ နာရေးကိစ္စတွေအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ရန်ကုန်ဆေးရုံကြီးမှာ ပဲဆုံးတာပါ။အဆုပ်ကင်ဆာနဲ့ပါ”လို့တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရည်ရဲ့သမီးဖြစ်သူက VOM ကို ပြောပါတယ်။ ဂီတအသိုင်းအဝိုင်းနဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေကတော့ မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်သွားခဲ့ခြင်းနဲ့ ပတ် သက်လို့ ဝမ်းနည်းစကားတွေကို Facebook လူမှုကွန်ရက်ပေါ်မှာ ပြောကြားထားကြတာကိုလည်းတွေ့ရပါတယ်။ “သူချစ်တဲ့အနုပညာ သူချစ်တဲ့ပရိတ်သတ်တွေကို ထာဝရစွန့်ခွာသွားပါပြီ”လို့နိုင်ငံကျော်တေးသံရှင် ဒေါ်ခင်ညွန့်ရည် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဂီတအနုပညာနယ်ပယ်က ဝမ်းနည်းစကားဆိုထားပါတယ်။ ကွယ်လွန်သူ…

Read More

ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ကြံတင်ပို့ဖို့ ကားမလုံလောက်လို့ အခက်အခဲ ဖြစ်နေ

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ဒီနှစ် ကြံရာသီမှာ ကြံတင်ပို့ဖို့ ကား မလုံလောက်လို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ကြံစိုက်တောင်သူတွေဆီက သိရပါတယ်။ “ဒီနှစ်က ကြံတင်မယ့်ကား နည်းတယ်။ ကားတွေက တရုတ်ကားပဲ ရတယ်။ ကြံ ကုမ္ပဏီက အရင်နှစ်က ကားတွေငှားပြီး ပိုက်ဆံ မပေးလို့တဲ့။ ဒီနှစ် ကား သိပ်မငှား ပေးချင်ကြတော့ ကြံတင်ကား နည်းသွားတာ။ ကားနည်းသွားတော့ လု တင်နေရတာ။ ကား အရမ်း ခက်နေတယ်။” လို့ ကြံတောင်သူ တယောက်က ပြောပါတယ်။ ကြံ တင်ကား အခက်အခဲကြောင့် ကြံခုတ်ထားပေမယ့် ကြန့်ကြာကာ ကြံ အလေးချိန်ပါ လျော့ကုန်တယ်လို့ သူက…

Read More

ပေါက်တောမြို့ လေကြောင်းတိုက်ခိုက်မှု လေးယောက် သေ၊ ‌အယောက် ၂၀ နီးပါး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၁ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ ‌အယောက် ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပေါက်တောမြို့ပေါ်နဲ့ ကျောက်တောင်၊ ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီ၊ တောင်ချောင်၊ ဆင်တက်မော် တောတန်း၊ ဆင်တက်မော် မွတ်ဆလင်မ်ရွာ၊ မညင်းကိုင်း၊ အနောက်ရဲရွာ၊ ဆံတော်ရှင်ကျွန်း၊ သဲခုံ၊ ပိန္နဲချောင်း၊ တောင်ဦးမော် စတဲ့ ကျေးရွာတွေမှာ ‌မ‌နေ့ နေ့လယ် ၁ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “မနေ့ နေ့လယ် ၁ နာရီခွဲလောက်က စပြီး ၂ နာရီကျော်တဲ့အထိ ဆက်တိုက်ဆိုသလို ဖြစ်သွားတာ။ လူသေဆုံး၊ ဒဏ်ရာရအပြင်…

Read More

ရှမ်း/တောင်မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေပြီး ဘိန်းမည်းတပိဿာ ၁၃သိန်းအထိ ပေါက်ဈေးရှိနေ

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ YZ(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ အခုနှစ်ရာသီ ဘိန်းစိုက်ကာလ အတွင်း ပြီးခဲ့တဲ့နှစ် ဘိန်းစိုက်ရာသီကထက် စိုက်ပျိုးတဲ့ဧရိယာ ပိုများလာနေပြီး လက်ရှိမှာ ဘိန်းမည်း တပိဿာ ၁၃သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာဖြစ်ပြီး ပင်လောင်းမြို့နယ်မှာ အများဆုံးတိုးလာနေတာ ဖြစ်သလို လက်ရှိမှာတော့ ဆောင်းရာသီ ရေသွင်းစိုက်ပျိုးရတဲ့ ဘိန်းမည်းတွေ စတင်ထွက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ “ရေခြံက ဘိန်းမည်းတွေ စခြစ်လို့ရနေပြီ။ ကုန်းခြံတုန်းကတော့ တစ်ပိဿကို ၁၀သိန်းလောက်ရတယ်။ အခု ရေခြံကထွက်တဲ့ဟာကြတော့ ၁၃သိန်း၊ တချို့နေရာတွေမှာဆို ၁၅သိန်းလောက်အထိ ပေါက်ဈေးရှိနေပြီ။ ကုန်းခြံကထွက်တဲ့ဟာထက် ရေခြံကထွက်တဲ့ဟာက ကွာလတီ၊ အရည်အသွေးပိုကောင်းတယ်လေ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ပင်လောင်းနဲ့ ဆီဆိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိနေတာကြောင့် ဒေသခံအများအပြားဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပေမယ့်…

Read More
VOM News

FREE
VIEW