တိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်တွေအတွင်း နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် အထက် မြင့်တက်လာနိုင်

မတ် ၅ – ၂၀၂၅ SN (VOM) လာမယ့် ရက်တွေအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် အထက် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း ဒေသတွေအပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေ့အပူအချိန်တွေ တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့အတွက် သတိပြုရမှာဖြစ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “အခုက မတ်လ၊ နွေဦးရာသီ ရောက်ပြီဆိုတော့ ပြီးခဲ့တဲ့ လတွေထက်တော့ အပူချိန်တွေက တဖြည်းဖြည်းနဲ့ တက်လာမှာပေါ့။ ချောက်တို့ဘာတို့ဆို အခုဆို အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်တောင် ဖြစ်နေပြီ။ ဒါပေမယ့်အခုက မတ်လဆန်းဆိုတော့ အပူချိန်က အများကြီးတော့ မတက်နိုင်သေးဘူး။ သို့သော် တဖြည်းတဖြည်းနဲ့တော့ တရက်ထက်တရက် အပူချိန်တွေ တိုးလာနိုင်တယ်” လို့…

Read More

သီပေါ နားမခေါ်ရွာမှာ စွန့်ပစ်ထားတဲ့ မိန်းက‌လေးသုံးယောက် အလောင်းတွေ့

မတ် ၅၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ရွာ၊ တာလုံ တံတားအနီးမှာ စွန့်ပစ်ထားတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလးကလာင်း သုံးလောင်းကို တွေ့ရှိခဲ့ကြာင်း ဒေသခံတွဆီက သိရပါတယ်။ “သတ်ခံရတာ တပတ်ကျော်ပါပြီ။ ကိုယ်တုံးလုံးအနေအထားနဲ့စွန့်ပစ်ခံရတာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ သေသွားတဲ့ မိန်းက‌ေလး တွေဟာ အမည်၊ နေရပ်လိပ်စာ နဲ့ ဘယ်သူ ဘယ်ဝါတွေလဲ ဆိုတာ မသိပေမယ့် KTV မှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေ လို့ ယူဆရတယ် လို့ သူက ပြောပါတယ်။ သီပေါ တံတားရဲ့ အရှေ့ဘက်ခြမ်း နားမခေါ်၊ ပန်ညု၊ ဆောင်ကြဲ၊ ဆိုင်ကျောက်၊ တကြောလုံး လက်ရှိ MNDAA (ကိုးကန့်)က ထိန်းချုပ်ထားတာ…

Read More

ထရန့်ရဲ့ဦးဆောင်မှုနဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဇီလန်စကီးပြော

ကိဗ်ယက်၊ မတ်-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဦးဆောင်မှုအောက်မှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါဟာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံကြစဉ် စကားအချေအတင်များခဲ့ပြီး အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ယာယီရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ပြီးနောက်မှာ ယူကရိန်းသမ္မတရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့ အပေါ် လွန်စွာစိတ်မကောင်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ထရန့်ကတော့ ယူကရိန်းသမ္မတဟာ ဆွေးနွေးရေးစားပွဲဝိုင်းထိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဝေဖန်ထားပါတယ်။ ဒါအပြင် စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းမှာ ကိုင်ထားစရာကတ်မရှိဘူးလို့ ပြောပါတယ်။ ယူကရိန်းအနေနဲ့ အမေရိကန်နဲ့ တွင်းထွက်သယံဇာတဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့နဲ့ စစ်ပွဲအဆုံးသတ်ဖို့ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ကိုလည်း အဆင့်သင့်ရှိတယ်လို့ ဇီလန်စကီးကပြောပါတယ်။ ပထမအဆင့် အကျဉ်းသားတွေ လဲလှယ်ဖို့နဲ့ ဝေဟင်မှာ ဒုံးကျည်တွေ တာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို ရပ်ဆိုင်းဖို့နဲ့ ရုရှားက ဆန္ဒရှိရင်…

Read More

ညောင်တုန်းမြို့ကို ဗဟိုပြုပြီး ငလျင် လေးကြိမ် လှုပ်ခတ်၊ မအူပင်မြို့ရှိ ဘုရား၊ ဓမ္မာရုံနဲ့ လူနေအိမ်တချို့ ပျက်စီး

မတ် ၅ – ၂၀၂၅ SS (VOM) ဒီကနေ့ ‌မတ် ၅ ရက်၊ မနက်ပိုင်းက ညောင်တုန်းမြို့ကို ဗဟိုပြုပြီး ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ကာ ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ ဘုရား၊ ဓမ္မာရုံနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ မြို့နေ ပြည်သူတွေက ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ မနက် ၄ နာရီ ၃၇ မိနစ် ဝန်းကျင်မှာ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင် စတင် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ငလျင်တွေအနေနဲ့ ညောင်တုန်းမြို့အနီး ၁၀…

Read More

တောင်သာ လေကြောင်းတိုက်ခိုက်မှု ခြောက်ယောက် သေဆုံး

မတ် ၅ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မနေ့ မတ် ၄ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ မနေ့ည ၁၀ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှုအပြင် ထိခိုက်၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပြီး နေအိမ် အလုံး ၃၀ လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး ခြောက်ယောက်၊ ဒဏ်ရာရက လေးယောက်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း အနီရောင်အဆင့်ဖြစ်တယ်။ ဒဏ်ရာ ပြင်းတယ်။ လေကြောင်း တိုက်ခိုက်မှုပြီးသွားတော့ နတ်စောင့်ရွာထဲကို နစကတပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လူဦးရေ စုစုပေါင်း ၃၅၈၇ ယောက် နေထိုင်တဲ့…

Read More

ဆိုက်ကားက ဓာတ်ရထားကို နလံမထူအောင် တိုက်ခဲ့ပုံ

    ဆူးငှက်   ကုန်လွန်ခဲ့သော နှစ်ပေါင်း၈၀ကျော်ကာလ မန္တလေးမြို့ ၂၆ဘီ အာဇာနည်လမ်း မြောက်ဘက် ရွှေတချောင်းမြောင်း ကမ်းအရှေ့ဘက်က တစ်ထပ်တိုက် “ဘူတာလေး” ကတော့ မန်္တလေးမြောက်ဘက် ရှိ မတ်္တရာမြို့လေးသို့ ပြေးဆွဲသော တစ်စင်းတည်းရှိ မီးရထားလေးတစ်စင်းတည်းသာ ဆိုက်ကပ်ထွက်ခွာရာ ဘူတာလေးပဲဖြစ်၏။ မီးရထားသံလမ်းက လည်း ပုံမှန်လမ်းများထက်သေးသည်။ မီးရထားတွဲဆိုင်းများကလည်း သေးသည်။ ထို့ကြောင့် ရေနွေးငွေ့စက်ခေါင်းကလည်း ခပ်သေးသေးလေးဖြစ် သည်တဲ့ …။ အိန္ဒိယသား ကုလားသူဋ္ဌေး “မနာဂျီ” ပိုင်ဆိုင်သော မီးရထားလေးမို့ … မြန်မာအသံထွက်နှင့် “မနှင်းဆီ” ဟုပဲခေါ်ကာ … “မနှင်းဆီမီးရထား” ဟုပဲ အများစုက သိရှိကြသည်။ မနှင်းဆီရထားက ရွှေတချောင်းမြောင်းအတိုင်း မြောက်သို့ မတ္တရာအထိ ခေါက်ပြန်ပြေးဆွဲသတဲ့။ ဈေးချိုနှင့် ရွှေတချောင်းကလည်းခွဲခြားလို့မရ။ ဘိုးတော်ဘုရား လက်ထက်က တူးဖော်ခဲ့သော ရွှေတချောင်းက စိုက်ပျိုးရေအတွက်သာမက မတ္တရာ…

Read More
VOM News

FREE
VIEW