ဝါရှင်တန်၊ မတ်-၁၇-၂၀၂၅ ရတီ(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ယခုသီတင်းပတ်အတွင်းမှာ ဆွေးနွေးနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝှစ်အော့ဖ်ဟာ ပြီးခဲ့တဲ့ ကြသပတေးနေ့မှာ ရုရှားသမ္မတ ပူတင်နဲ့မော်စကိုမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတနှစ်ယောက်ရဲ့ ဆွေးနွေးမှုကတော့ ယခုသီတင်းပတ်အတွင်း ဖြစ်နိုင်ကြောင်း သူက CNN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ သမ္မတပူတင်နဲ့ ဆွေးနွေးမှုဟာ သုံးနာရီကနေ လေးနာရီထိ ကြာမြင့်ပြီး အပြုသဘောဆောင်တယ်လို့ စတိဗ်ဝှစ်အော့ဖ်က ပြောပါတယ်။ သမ္မတနှစ်ယောက်ရဲ့ ဆွေးနွေးမှုကလည်း ကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။ ဒီအတောအတွင်း ယူကရိန်းတပ်တွေဟာ ရုရှားကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ပြီး မကြာခင်မှာ သိမ်းပိုက်ခဲ့တဲ့ ရုရှားအနောက်ပိုင်း ကာ့စ်ဒေသ Sudzha မြို့ကနေ ဆုတ်ခွာခဲ့ပြီး မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကလည်း ဆိုထားပါတယ်။…
Read MoreDay: March 18, 2025
ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို မန္တလေးမှာ စည်ကားသိုက်မြိုက်စွာကျင်းပမယ်
မန္တလေး၊ မတ်- ၁၇ – ၂၀၂၅ SA(VOM) ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တရား ဝင်သတ်မှတ်ခံရပြီးနောက် ဒီနှစ်အတာသင်္ကြန်ပွဲတော်ကို အရင်ကထက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့အတွက် စီစဥ်ထားသလို မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် ဗဟိုဆုပေးမဏ္ဍပ်ကြီးကိုလည်း ဆောက်လုပ်နေပြီဖြစ်ပါတယ်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်နိုင်ဖို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ ကို ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ပေးပို့တင်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက တင်သွင်းထားတဲ့ အဆိုပြုစာကို ပါရာဂွေးနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ၇ ရက်နေ့အထိကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု…
Read Moreမိုးကုတ်မှာ အကောက်အခွန်တွေကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေ
မတ် ၁၇၊ ၂၀၂၅ Shy V(VOM) TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ အကောက်အခွန် တွေကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အခွန်ဆောင်ရတယ်။ လမ်းဘေး ကွမ်းယာဆိုင်တွေရော ဟင်သီးဟင်းရွက် ကုန်စိမ်း ရောင်းတဲ့ သူတွေပါ အကုန်လုံး ဆောင်ရပါတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လမ်းဘေး ကွမ်းယာဆိုင်တောင်မှာ တနှစ်စာ အခွန် တသိန်းခွဲ ဆောင်ရတယ်လို့ သူက ပြောပါတယ်။ အခွန်မဆောင်ရင် ဈေးရောင်းခွင့် မပြုတဲ့ အပြင် အခွန် လာကောက်တာ မပေးရင် အချုပ်ထဲမှာ ထည့်မယ် ဆိုပြီး ဖိအားပေး ခြိမ်းခြောက်တယ် လို့ သူက ပြောပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေက ဆိုင်ရာ ပိုင်ရာ ပေါင်းပြီး…
Read Moreအခြေခံပညာ ကျောင်းသား ကျောင်းသူတွေ နွေရာသီ ကျောင်းပိတ်ရက်မှာ ရက်၂၀ ကျောင်းပြန်တက်ရမယ်
မတ် ၁၇ – ၂၀၂၅ SN (VOM) ၂၀၂၄-၂၅ ပညာသင်နှစ်မှာ စာမေးပွဲ ဖြေဆိုပြီးစီးထားတဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေ အခုနွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းပြန်တက်ရမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။ ကျောင်းတက်ရမယ့်ရက်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး ဧပြီလမှာ ၁၅ ရက်၊ မေလမှာ ငါးရက်၊ စုစုပေါင်း ရက် ၂၀ တိတိ ကျောင်းပြန်တက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုလို ကျောင်းပြန်တက်ရမှာက တနိုင်ငံလုံးကို ရည်ညွှန်းပါတယ်။ လုပ်လို့ရမယ့်နေရာ၊ လုံခြုံမှုရှိတဲ့ နေရာတိုင်းမှာ ဆောင်ရွက်ခိုင်းပါတယ်။ စမယ့်ရက်က ဧပြီလ ၁ ရက်နေ့စမယ်။ သင်္ကြန်ရက်တွေတော့ ရှောင်ရမှာပေါ့။ အဲဒီမှာ ၁၅ ရက် ရအောင်တော့ သက်ဆိုင်ရာကျောင်းတွေက သူ့နည်းသူ့ဟန်နဲ့…
Read Moreယခုနှစ်သင်္ကြန် မြို့ကြီးတွေမှာသာ စည်ကားနိုင်
မတ် ၁၇ – ၂ဝ၂၅ KKO(VOM) ကြိုတင်ပြင်ဆင်မှုတွေ စနေပြီဖြစ်တဲ့ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု ယူနက်စကိုစာရင်းဝင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ယခုနှစ်မှာလည်းမြို့ကြီးတွေမှာစည်စည်ကားကားပြုလုပ်ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ယခုနှစ်အတာသင်္ကြန်ဟာ ရန်ကုန်မြို့တော် အပါအဝင် နေပြည်တော်၊မန္တလေးမြို့တို့လို မြို့ကြီးတွေမှာသာ ပိုမိုစည်ကားနိုင်သလို ယခုမတ်လ အလယ်ပိုင်းကစလို့ ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ မြို့တော်ဝန် သင်္ကြန်ရေကစားမဏ္ဍပ်စတင်ဆောက်လုပ်နေတာကိုလည်းတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကတော့ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်အတွင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီးနောက် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ “မြို့နယ်တိုင်းကတော့ နှစ်တိုင်းသင်္ကြန်မဏ္ဍပ်ဆောက်ကြပါတယ်။ဒီနှစ်လည်း မြို့နယ်မဏ္ဍပ်ဆောက်ဖို့ ရှိပါတယ်။မဏ္ဍပ်ဆောက်မယ်လို့ပြောတယ်။သင်္ကြန်ဆိုတာကအား လုံးပျော်ကြမှာပဲလေ၊အားလုံးက အပူသောကတွေနဲ့ပဲလေ၊ဒီသင်္ကြန်အချိန်လေးပဲပျော်ရတာဆိုတော့ ဒီရက်လေးတွေကို ပျော်ခွင့်ပြုလိုက် ပါကိုငြိမ်းမောင်လို့ပဲ ပြောချင်ပါတယ်”လို့ ရန်ကုန်တိုင်းအတွင်းက အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။…
Read Moreအမြန်လမ်းက ရွှေပုလ္လင်ဆိုင်မှာ ဘုရားစေတီပုံတွေ တခါသုံးခွက်မှာ ရိုက်နှိပ်အသုံးပြုနေလို့ သက်ဆိုင်ရာကစစ်ဆေးသိမ်းဆည်း
မတ်၁၇၊၂၀၂၅ Ms(VOM) အမြန်လမ်း၊ ၃၉ မိုင် ယာဉ်ရပ်နားစခန်းရှိရွှေပလ္လင်စားသောက်ဆိုင်မှာ ဘုရားစေတီပုံများ ရိုက်နှိပ်ထားသော တခါသုံးခွက်များကိုအသုံးပြုနေ ကြောင်းတွေ့ရလို့သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ရဲတပ်ဖွဲ့က စစ်ဆေးသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရွှေပလ္လင်စားသောက်ဆိုင်တွင် ကော်ဖီနဲ့လက်ဖက်ရည်များထည့်ကာ ရောင်းချနေတဲ့ တခါသုံးခွက်တွေမှာ ဘုရားစေတီပုံနဲ့ မြို့တော်ခန်းမ၊ကရဝိတ် စတဲ့ ပုံတွေထည့်သွင်းရိုက်နှိပ်ထားကြောင်း သတင်းအရ နယ်မြေခံအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနဲ့ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ထပ်မံပြီးအသုံမပြုရသေးတဲ့ စေတီပုံပါတခါသုံးခွက်တွေကိုလည်းသိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။ ” လူမှုကွန်ယက်မှာ ဝေဖန်မှုတွေများလာလို့ပြီးခဲ့တဲ့မတ်လ၁၆ရက်ညပိုင်းက ဘုရာကြီးအပိုင်းက ထွေအုပ်အဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ စစ်ဆေးတော့ အဲ့ဒီ့ဘုရားစေတီပုံပါ တခါသုံးခွက်တွေ အသုံးမပြုရသေးတာ၂၅ခွက်တွေ့လို့သိမ်းသွားတယ်လို့ပြောတယ်။တခြားအရေးယူမှုဘယ်လိုရှိလဲတော့မသိသေးဘူး။ ဝေဖန်သူတွေကတော့ သာသနာရေးကို ထိခိုက်အောင်လုပ်တယ်ပြောသူနဲ့ ၊ မြန်မာပြည်ရဲ့အထင်ကရနေရာတွေကို အမှတ်တံဆိပ်တစ်ခုအဖြစ်ဖော်ထုတ်ပြသရာရောက်တယ်လို့ အကောင်းဘက်ကရော၊အဆိုးဘက်ကပါ ဝေဖန်နေကြတာလို့ ဘုရာကြီးမြို့ မှာနေထိုင်တဲ့ဒေသခံတယောက်ကပြောပါတယ်။ တခါသုံးခွက်တွေမှာ ဘုရားစေတီပုံထည့်သွင်းရိုက်နှိပ်တာနဲ့ပတ်သက်ပြီး ၃၉မိုင်က ရွှေပုလ္လင်စားသောက်ဆိုင်က အသုံးမပြုရသေးတဲ့စေတီပုံပါခွက်တွေကိုသိမ်းဆည်းတာသာသိရပြီး ယင်းခွက်တွေကိုထုတ်လုပ်သူအားအရေးယူခြင်းရှိမရှိကိုတော့မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ၁၆ရက်နေ့က လည်း အွန်လိုင်းsale ရောင်းချရာမှာ သီလရှင်ဝတ်စုံ ဝတ်ကာမရည်ရွယ်ပဲဈေးရောင်းခဲ့မိလို့…
Read Moreဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ICC မှာ ရင်ဆိုင်နေတဲ့အခြေအနေနဲ့ ဖိလစ်ပိုင် နိုင်ငံရေး တစေ့တစောင်း
The Manila Times မှာ ဖော်ပြထားတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ICC မှာ ရင်ဆိုင်နေတဲ့အခြေအနေနဲ့ ဖိလစ်ပိုင် နိုင်ငံရေး တစေ့တစောင်း PH govt consulted on Duterte’s arrest ===================================== DOCUMENTS from the International Criminal Court revealed that the government knew beforehand about former president Rodrigo Duterte’s impending arrest. Government officials have denied that they had prior knowledge of the arrest warrant. The documents detail prior consultations between Philippine…
Read Moreကသာမှာ နစက စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား
မတ် ၁၇၊ ၂၀၂၅ Shy V (VOM ) စစ်ကိုင်းတိုင်း ၊ ကသာမှာ နစက တပ်ဖွဲ့ရဲ့ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ၂ ရက် ဆက်တိုက် ကသာ ကနေ အင်းတော် သွားဘက် စစ်ကူသွားတဲ့ စစ်တပ် စစ်ကြောင်းနဲ့ KIA, PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာလို့ သိရတယ်လို့ ဒေသခံက ပြောပါတယ်။ “အင်းတော်ကို လာကယ် ချင်လို့လေ။ ဘယ်လိုလုပ်ကယ်လို့ ရမလဲ။ ကသာနဲ့ အင်းတော်က အဝေးကြီးကော။ သူတို့က ကား မှ မစီးရဲတာ။ လမ်းလျှောက်လာရင်တော့ သေရုံပဲ…
Read Moreနောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအနီး လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲခံရ
မတ် ၁၈၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအုပ်စု၊ ကျောက်ကြမ်းရွာ အနီးဘက် မတ်လ ၁၇ ရက်နေ့ နေ့လယ် ပိုင်းက လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချသွားတဲ့ အပြင် စက်သေနတ်နဲ့ လည်းပစ်သွားတယ်။ ကြားရသလောက်က ပြည်သူထိတာမရှိဘူးရယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မတ်လ ၁၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ လောက်မှာ နောင်ချိုမြို့၊ကျောက်ကြမ်းရွာ အနီးကို ပေါင်၅၀၀ ဗုံး ၂ လုံး ထပ်ကြဲသွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ “လေယာဉ်ဗုံး သုံးခါ…
Read Moreနစကရဲ့ ခွင့်ပြုချက်မရဘဲ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေ ပြည်ပထွက်ခွင့် မရှိတော့ဘူးလို့ သိရ
မတ် ၁၈ – ၂၀၂၅ SS (VOM) အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ ပြည်ပထွက်ခွင့် လုံးဝ မရှိတော့ဘူးလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ ပြည်ပထွက် အလုပ် လုပ်ကိုင်ခွင့်ကို မနေ့ မတ် ၁၇ ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ ငါးရက် ကြိုတင် လျှောက်ထား၊ ခွင့်ပြုချက် ရယူပြီးမှသာ ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “မတ် ၁၆ ရက်နေ့၊ ည ၁၂ နာရီအထိက အလုပ်သမား သက်သေခံကတ် (OWIC) သက်တမ်း ကျန်နေသေးတဲ့ အလုပ်သမားတွေရော၊ ခွင့်ပြန် အလုပ်သမားတွေကိုရော ပြည်ပထွက်ခွင့် ပြုထားသေးတယ်။ မတ် ၁၇ ရက်နေ့ကျမှ…
Read More