ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို မန္တလေးမှာ စည်ကားသိုက်မြိုက်စွာကျင်းပမယ်

မန္တလေး၊ မတ်- ၁၇ – ၂၀၂၅
SA(VOM)
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တရား ဝင်သတ်မှတ်ခံရပြီးနောက် ဒီနှစ်အတာသင်္ကြန်ပွဲတော်ကို အရင်ကထက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့အတွက် စီစဥ်ထားသလို မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် ဗဟိုဆုပေးမဏ္ဍပ်ကြီးကိုလည်း ဆောက်လုပ်နေပြီဖြစ်ပါတယ်။
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်နိုင်ဖို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ ကို ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ပေးပို့တင်သွင်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံက တင်သွင်းထားတဲ့ အဆိုပြုစာကို ပါရာဂွေးနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ၇ ရက်နေ့အထိကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တရားဝင်အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW