ကသာမှာ နစက စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား

မတ် ၁၇၊ ၂၀၂၅
Shy V (VOM )
စစ်ကိုင်းတိုင်း ၊ ကသာမှာ နစက တပ်ဖွဲ့ရဲ့ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
၂ ရက် ဆက်တိုက် ကသာ ကနေ အင်းတော် သွားဘက် စစ်ကူသွားတဲ့ စစ်တပ် စစ်ကြောင်းနဲ့ KIA, PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာလို့ သိရတယ်လို့ ဒေသခံက ပြောပါတယ်။
“အင်းတော်ကို လာကယ် ချင်လို့လေ။ ဘယ်လိုလုပ်ကယ်လို့ ရမလဲ။ ကသာနဲ့ အင်းတော်က အဝေးကြီးကော။ သူတို့က ကား မှ မစီးရဲတာ။ လမ်းလျှောက်လာရင်တော့ သေရုံပဲ ရှိတော့ တာပေါ့။” လို့ ယာဉ်‌‌ေမာင်း တယောက်က ပြောပါတယ်။
ကသာဘက်က အင်းတော်ဘက် စစ်ကူသွားဖို့ထွက်လာတဲ့ နစက တပ်ဖွဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၅ ရက် နေ့နဲ့ ၁၆ ရက်နေ့ ၂ ရက် ဆက်တိုက် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း KIA နဲ့ နီးစပ် သူတွေကလည်း ပြောပါတယ်။
“စစ်တပ်ဘက်က စစ်သား အရှင် ဖမ်းမိတဲ့ သူတွေလည်းရှိတယ်၊ လက်နက်တချို့ လည်း ရထားတယ်လို့ ကြားတယ်။” လို့ KIA နဲ့ နီးစပ် သူ တယောက်က ပြောပါတယ်။
ကသာမြို့နယ် လမ်းခွ ကျေးရွာ အုပ်စုမှာ ရှိတဲ့ လမ်းခွ၊ နတ်ရေတွင်း နဲ့ ပင်းမလွတ် စတဲ့ ရွာ ဝန်းကျင်တွေမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာ လို့ဆိုပါတယ်။
ပြီးတဲ့ရက်ပိုင်းကစပြီး နစကတပ်တွေက မန္တလေး မြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ထိုးစစ်ပြန်ဆင်လာပုံရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
#voiceofmyanmar #VOM #ကသာ #နစက စစ်ကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW