ယခုနှစ်သင်္ကြန် မြို့ကြီးတွေမှာသာ စည်ကားနိုင်

မတ် ၁၇ – ၂ဝ၂၅
KKO(VOM)
ကြိုတင်ပြင်ဆင်မှုတွေ စနေပြီဖြစ်တဲ့ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု ယူနက်စကိုစာရင်းဝင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ယခုနှစ်မှာလည်းမြို့ကြီးတွေမှာစည်စည်ကားကားပြုလုပ်ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
ယခုနှစ်အတာသင်္ကြန်ဟာ ရန်ကုန်မြို့တော် အပါအဝင် နေပြည်တော်၊မန္တလေးမြို့တို့လို မြို့ကြီးတွေမှာသာ ပိုမိုစည်ကားနိုင်သလို ယခုမတ်လ အလယ်ပိုင်းကစလို့ ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ မြို့တော်ဝန် သင်္ကြန်ရေကစားမဏ္ဍပ်စတင်ဆောက်လုပ်နေတာကိုလည်းတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကတော့ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်အတွင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီးနောက် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
“မြို့နယ်တိုင်းကတော့ နှစ်တိုင်းသင်္ကြန်မဏ္ဍပ်ဆောက်ကြပါတယ်။ဒီနှစ်လည်း မြို့နယ်မဏ္ဍပ်ဆောက်ဖို့ ရှိပါတယ်။မဏ္ဍပ်ဆောက်မယ်လို့ပြောတယ်။သင်္ကြန်ဆိုတာကအား လုံးပျော်ကြမှာပဲလေ၊အားလုံးက အပူသောကတွေနဲ့ပဲလေ၊ဒီသင်္ကြန်အချိန်လေးပဲပျော်ရတာဆိုတော့ ဒီရက်လေးတွေကို ပျော်ခွင့်ပြုလိုက် ပါကိုငြိမ်းမောင်လို့ပဲ ပြောချင်ပါတယ်”လို့ ရန်ကုန်တိုင်းအတွင်းက အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ဒါအပြင် ရန်ကုန်မြို့မှာ နှစ်စဉ်ကျင်းပနေဆဲဖြစ်တဲ့ လမ်းလျှောက်သင်္ကြန်တွေကိုလည်း ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလမှာ ပြည်သူတွေရေကစားနိုင်အောင် နေရာသုံးခုမှာပြုလုပ်ပေးသွားဖို့ စီ စဥ်နေတယ်လို့ သိရပါတယ်။
“ရန်ကုန်မှာက လမ်းလျှောက်သင်္ကြန်အမြဲလုပ်တယ်လေ၊ဒီနှစ်မှာလမ်း လျှောက်သင်္ကြန်ကို သုံးနေရာလုပ်မယ်ကြားတယ်။ရန်ကုန်မြို့တော်ခန်းမရှေ့ရယ် ပြည်သူ့ရင်ပြင်ရယ် ပြီးတော့နောက်တနေရာထပ်တိုးပေးထားတယ်ပြောတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်လောင်း ပြောပြပါတယ်။
ကမ္ဘာမှာ လူသိများတဲ့ မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်၊ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပါရာဂွေးနိုင်ငံ၊အာဆွန်စီယွန်မြို့မှာ ကျင်းပခဲ့တဲ့ ယူနက်စကိုရဲ့၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဥ်ကျေးမှုညီလာခံကနေ ကမ္ဘာ့ဒြပ်မဲ့ ယဥ်ကျေးမှုစာရင်း(ICH)စာရင်းဝင်အဖြစ် ထည့်သွင်းကြေညာခဲ့တာဖြစ်ပါတယ်။
ဒီလိုမြန်မာရိုးရာအတာသင်္ကြန်ပွဲကို ခုလို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေ အနှစ်အဖြစ်သတ်မှတ်ခံရခြင်းဟာ မြန်မာနိုင်ငံရဲ့ရိုးရာမူပိုင်ပွဲတော်အဖြစ် ကမ္ဘာ့အသိအမှတ်ပြုသတ် မှတ်ခံရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
“သင်္ကြန်ပွဲကတော့ လုပ်မှာပဲလေ၊ဒါကနှစ်တိုင်းလုပ်မှာပဲလေ၊အခုကြားရတာက မြို့နယ်တွေ ရပ်ကွက်တွေတိုင်းလိုလိုမှာ စည်စည် ကားကားဖြစ်အောင်လုပ်မယ်၊ ရေကစားမဏ္ဍပ်တွေဆောက်မယ်၊ဒါကိုလည်းတဖက်ကအုပ်ချုပ်ရေးအဖွဲ့တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီး ရေကစားမဏ္ဍပ်တွေကိုသိုက်သိုက်မြိုက်မြိုက်ဆောက်မယ်လို့ ကြားတယ်။ဒီနှစ်သင်္ကြန်ကို အတော်စည်အောင်လုပ်မယ်လို့ ပြောတယ်။အခုဆိုရန်ကုန်မှာမြို့တော်ဝန် မဏ္ဍပ်စဆောက်နေပါပြီ။မြို့ကြီးတွေမှာတော့ တော်တော်များများ သင်္ကြန်ကိုလုပ်ပါလိမ့်မယ်”လို့ လုပ်ငန်းရှင် တယောက်က VOM ကို ထပ်မံပြောပြခဲ့ပါတယ်။
မြန်မာ့ရိုးရာအတာသကြင်္န်ပွဲတော်ကို နှစ်စဥ်တန်ခူးလရောက်တိုင်း သကြင်္န်အကြိုနေ့မှ သကြင်္န်အတက်နေ့အထိ တနိုင်ငံလုံးကျင်းပဆင်နွှဲလေ့ရှိပြီး နှစ်ယဥ်ကျေးမှုပွဲတော်တခုဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW