ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်နဲ့ ပူတင် ယခုသီတင်းပတ်မှာ ဆွေးနွေးဖို့ရှိ

ဝါရှင်တန်၊ မတ်-၁၇-၂၀၂၅
ရတီ(VOM)
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ယခုသီတင်းပတ်အတွင်းမှာ ဆွေးနွေးနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေါ်နယ်ထရန့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝှစ်အော့ဖ်ဟာ ပြီးခဲ့တဲ့ ကြသပတေးနေ့မှာ ရုရှားသမ္မတ ပူတင်နဲ့မော်စကိုမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတနှစ်ယောက်ရဲ့ ဆွေးနွေးမှုကတော့ ယခုသီတင်းပတ်အတွင်း ဖြစ်နိုင်ကြောင်း သူက CNN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
သမ္မတပူတင်နဲ့ ဆွေးနွေးမှုဟာ သုံးနာရီကနေ လေးနာရီထိ ကြာမြင့်ပြီး အပြုသဘောဆောင်တယ်လို့ စတိဗ်ဝှစ်အော့ဖ်က ပြောပါတယ်။ သမ္မတနှစ်ယောက်ရဲ့ ဆွေးနွေးမှုကလည်း ကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။
ဒီအတောအတွင်း ယူကရိန်းတပ်တွေဟာ ရုရှားကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ပြီး မကြာခင်မှာ သိမ်းပိုက်ခဲ့တဲ့ ရုရှားအနောက်ပိုင်း ကာ့စ်ဒေသ Sudzha မြို့ကနေ ဆုတ်ခွာခဲ့ပြီး မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကလည်း ဆိုထားပါတယ်။
ယူကရိန်းဟာ ကာ့စ်ဒေသမှာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ရုရှားနဲ့ စေ့စပ်ညှိနှိုင်းရာမှာ အပေးအယူ တခုအဖြစ် ယူကရိန်းက အသုံးပြုလိုနေပြီး Sudzha ကနေ ဆုတ်ခွာမှုဟာ ယူကရိန်းအတွက် ဆုတ်ယုတ်မှုတခုလည်းဖြစ်ပါတယ်။
ဒီအတောအတွင်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာလို့မရတဲ့ အာမခံချက်ကို ရှာဖွေနေကြောင်း ရုရှားက ပြောပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW