အစ္စတန်ဘူလ်မြို့တော်ဝန် ဖမ်းဆီးခံရမှု တူရကီမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေ

အန်ကာရာ၊ မတ်-၂၀-၂၀၂၅
ရတီ(VOM)
သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမယ့် အစ္စတန်ဘူလ်မြို့တော်ဝန်ကို တရားဝင်မရွေးချယ်ခင် ရက်ပိုင်းအလိုမှာ အာဏာပိုင်တွေက ဖမ်းဆီးမှုကြောင့် မြို့တော်အစ္စတန်ဘူလ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခ်ရမ်အင်မာမိုဂလူကို ရီပတ်ဘလီကန် ပြည်သူ့ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ စီစဉ်ထားပြီး သူဟာ လက်ရှိသမ္မတ အာဒိုဂန်ကို ယှဉ်ပြိုင်နိုင်မယ် အဓိက နိုင်ငံရေးပြိင်ဘက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။
မြို့တော်တွင်လည်း လေးရက်ကြာ ကန့်သတ်မှုတွေနဲ့ လူစုလူဝေးကို ရဲတပ်ဖွဲ့က တားမြစ်ထားပေမယ့် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူအုပ်ကိုဖြိုခွဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ အစ္စတန်ဘူလ်မြို့ လမ်းမတွေ၊ တက္ကသိုလ်တွေနဲ့ မြေအောက်ရထားဘူတာရုံတွေမှာ အစိုးရဆန့်ကျင်ရေး ကြွေးကျော်သံတွေနဲ့ ချီတက်ဆန္ဒပြမှုများပြုလုပ်ခဲ့ပြီး ဒါဟာ နှစ်များစွာအတွင်း အစိုးရအပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
လာမယ့် သမ္မတရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေလည်းရှိနေပြီး ရီပတ်ဘလီကန် ပြည်သူ့ပါတီကတော့ ဒါဟာနောက်တက်လာမယ့် သမ္မတကို အာဏာသိမ်းလိုက်တာလို့ ဝေဖန်ပြောဆိုထားပါတယ်။ သူ့ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် လာမယ့် တနင်္ဂနွေနေ့မှာ ရွေးချယ်မှာဖြစ်ပါတယ်။
သူ့ကို အကျင့်ပျက်ချစားမှု၊ အကြမ်းဖက်အဖွဲ့ကို အားပေးကူညီမှု ၊ ရာဇဝတ်အဖွဲ့ခေါင်းဆောင် သံသယရှိသူအဖြစ် အစိုးရရှေ့နေတွေက စွပ်စွဲထာပြီး အခြားနိုင်ငံရေးသမား၊ ဂျာနယ်လစ်၊ စီးပွားရေးသမားတွေအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို မကြာသေးမီလက ဖမ်းဆီးခဲ့ပြီးနောက် သူ့ကို ဖမ်းဆီးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW