ဆူဒန် သမ္မတနန်းတော်ကို ပြည်သူ့စစ်တွေလက်ကနေ စစ်တပ်ပြန်သိမ်း

ခါတွမ်၊ မတ်-၂၂-၂၀၂၅
ရတီ(VOM)
နှစ်နှစ်နီးပါးကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဆူဒန်စစ်တပ်ဟာ သမ္မတနန်းတော်ကို အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေလက်ကနေ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဆူဒန်စစ်တပ်က ထုတ်ပြန်ပါတယ်။
မကြာသေးမီ လတွေအတွင်း အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကို ထိုးစစ်သိသိသာသာဆင်နေတဲ့ ဆူဒန်စစ်တပ်တွက် အဓိကအောင်ပွဲတရပ်ဖြစ်ပါတယ်။သမ္မတနန်းတော်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်သားတွေ အောင်ပွဲခံနေတဲ့ ရုပ်သံနဲ့ ဓါတ်ပုံတွေက လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့်လည်း မြို့တော်ခါတွမ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလားဆိုတာတော့ ရှင်းလင်းစွာ မသိရပါဘူး။ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကတော့ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ အဲဒီဒေသအနီးတဝိုက်မှာရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတအိမ်တော်ကို ဒရုန်းတိုက်ခိုက်မှုတခုအတွင်း နိုင်ငံပိုင် ရုပ်သံဌာနသတင်းအဖွဲ့နဲ့ စစ်တပ်မီဒီယာဆက်ဆံရေးအရာရှိနှစ်ယောက်အပါအဝင် လူအများအပြား သေဆုံးခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ပါတယ်။
ဆူဒန်နိုင်ငံပိုင်း သတင်းဌာနကတော့ မနေ့ကမနက်ပိုင်းမှာ သမ္မတနန်းတော်နဲ့ဝန်ကြီးဌာနအဆောက်အအုံတွေကို ဆူဒန်စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း ပြည်သူ့စစ်တွေရဲ့ လက်နက်အများအပြားလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတနန်တော်တောင်ဘက် နယ်မြေအများအပြားကို သိမ်းပိုက်ထားသော ကျန်ရှိနေတဲ့ ပြည်သူ့စစ်တွေကို စစ်တပ်က တို်ကခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဖွယ်ရှိပါတယ်။ ပြည်သူ့စစ်တွေဟာ အနီးအနားရှိ လေဆိပ်ကိုလည်း ထိန်းချုပ်ထားပါတယ်။
ဆူဒန်စစ်တပ်အကြီးအကဲနဲ့ ပြည်သူ့အဖွဲ့အကြီးအကဲတို့အကြား အာဏာလွန်ဆွဲမှုက အစပြုခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးနေရကာ ဆိုးရွားတဲ့ လူသားချင်းစာနာမှုအခြေအနေ ဖြစ်ပေါ်နေပါတယ်။ ပြည်တွင်းစစ်အဆုံးသတ်ဖို့ကတော့ အလှမ်းဝေးနေဆဲဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဟာ နိုင်ငံရဲ့ ဒေသအတော်များများကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
Ref:BBC
Photo:AP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW