ဝါရှင်တန်၊ မတ်-၂၁-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ပညာရေးဌာနကို စတင် ပိတ်သိမ်းဖို့ အမိန့်တရပ်ကို တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ အလုပ်သိပ်မဖြစ်တဲ့ဌာနလို့ ထရန့်ကဝေဖန်ထားပြီး ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ပြည်နယ်တခုချင်းစီကို ပြန်ပေးမယ်လို့ ထရန့်က ပြောပါတယ်။ ဒီဌာနကို ပိတ်ပစ်ဖို့ဆိုတာ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်လိုအပ်မှာဖြစ်ပေမယ့် ဒါကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပညာရေးဌာနပိတ်သိမ်းမှုကို တားဆီးဖို့ ကြိုးပမ်းနေသူတွေရဲ့ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဌာနရဲ့ ဝန်ထမ်းတွေကို လျှော့ချမှုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ကြေညာခဲ့ဖြစ်ပါတယ်။ အိမ်ဖြူတော်ရှိ ကျောင်းစားရေးစာပွဲတွေမှာ ထိုင်နေတဲ့ ကလေးငယ်တွေကြားမှာ ဒီအမိန့်ကို လက်မှတ်ထိုးခဲ့တဲ့ ထရန့်ကတော့ အမေရိကန်ဟာ အခြားနိုင်ငံတွေထက် ပညာရေးအတွက် ငွေပိုမိုသုံးစွဲနေပေမယ့် အမေရိကန်ကျောင်းသားတွေဟာ စာရင်းရဲ့ အောက်ဆုံးရောက်နေတယ်လို့ ဆိုပါတယ်။…
Read MoreDay: March 21, 2025
လေးမျက်နှာမြို့နယ် တိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်
မတ် ၂၁ – ၂၀၂၅ SS (VOM) ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပုသိမ် – မုံရွာ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ လေးမျက်နှာမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့မှ စတင်ကာ နစကတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ပုသိမ် – မုံရွာလမ်းအနီးက ချင်းလယ်၊ စန်းကုန်း၊ စက်စက်ယို၊ ဝတ်ကုန်း၊ လဲခုံလေးနဲ့ လဲခုံကြီးရွာတွေက ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ပုသိမ် – မုံရွာကားလမ်း ရိုးမတောအနီးက ချင်းလယ်ရွာဘက်ကို နစကတပ်က မတ် ၁၇ ရက်နေ့က နယ်မြေရှင်းလင်းရေး လုပ်လာတာ။ အဲဒီမှာ AA ပူးပေါင်းတပ်နဲ့…
Read Moreဆီဆိုင်-လွိုင်ကော်လမ်း သွားလာခွင့်ပိတ်ပင်မှု စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး ပြတ်လပ်လာနိုင်
မတ် ၂၁၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကနေ ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့ သွားလာဖြတ်သန်းခွင့်ကို ပိတ်င်ထားတာကြောင့် ဒေသတွင်း ကုန်စျေးနှုန်းကြီးမြင့်လာသလို စစ်ရှောင်တွေအတွက် စဆးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ စစ်ရှေုာင်ကူညီသူတွေက ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်လို့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အဲဒီလမ်းပိုင်းကို ခေတ္တယာယီပိတ်ထားမယ်လို့ ကယားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသာများကာကွယ်ရေး တပ် (KNDF) စစ်ဗျူဟာ အမှတ် ၂က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးတလျှောက်မှာ နစကတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲထိတွေ့မှုတွေ အချိန်မရွေး ဖြစ်ပွားနိုင်လာတာကြောင့် လုံခြုံရေးအရ အဲဒီလမ်းမကြီးကို ဒီကနေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ယာဉ်ကြီးယာဉ်ငယ်တွေ သွားလာအသုံးပြုတာတွေ မပြုလုပ်ကြဖို့ သတိပေးထားလိုတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ “ကုန်ပစ္စည်းတွေ ဝင်ရောက်ရာ လမ်းကြောင်းကို ပိတ်လိုက်တော့ ဒေသတွင်းမှာ ကုန်စည်ရှားပါး ပြတ်လပ်လာမယ်။ ဈေးကြီးပေးပြီး…
Read Moreကျိုင်းတုံ – တာချီလိတ်လမ်းမှာ ကုန်တင်ကားမှောက်လို့ ယာဉ်မောင်းသေဆုံးပြီး သုံးယောက် ဒဏ်ရာရ
မတ် ၂၁၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ – တာချီလိတ် သွားလမ်း ကျိုင်းတုံမြို့နယ်အတွင်းရှိ ပန်ကွဲတောင် အဆင်းမှာ မတ်လ ၂၀ ရက်နေ့ည ၆ နာရီ ကျော်ခန့်က ၁၀ ဘီးကုန်တင်ကားတိမ်းမှောက်လို့ ယာဉ်မောင်း သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိကြောင်း လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ “ကားပေါ်မှာ လေးယောက်ပါတာ။ တယောက်က ဆုံးသွားတယ်။ ကား ဆရာပေါ့။ သုံးယောက်ကို ဆေးရုံပို့ထားတယ်။” လို့ လူမှုကုညီရေး အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲဒီ တိမ်းမှောက် သွားတဲ့ကားက တာချီလိတ်က ဘိလပ်မြေတွေ၊ သံချောင်းတွေ တင်လာတဲ့ ကား ဖြစ်ပြီး ဆမ်တန်း ကုမ္ပဏီက ကားဖြစ်ကြောင်း သူက ပြောပါတယ်။ ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပန်ကွဲတောင်အဆင်း…
Read Moreတောင်ကြီးခရိုင်အတွင်း လိုင်စင်မဲ့ကားတွေကို မြို့နယ်အလိုက် အဖွဲ့၁၀ ဖွဲ့ ဖွဲ့စည်းပြီး စတင်ဖမ်းဆီးနေ
မတ် ၂၁၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အချို့မှာ အခုမတ်လ၊ တတိယပါတ်မှစတင်ပြီး လိုင်စင်မဲ့ကားတွေကို မြို့နယ်အလိုက် အဖွဲ့၁၀ဖွဲ့ ဖွဲ့စည်းကာ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့၊ ဒုစရိုက်သမားတွေ အပါအဝင် ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်း လုပ်ကိုင်သူတွေဟာ လိုင်စင်မဲ့ ကားတွေကို အသုံးပြုပြီး ခရီးသွားလာတာ၊ ကူးသန်းရောင်းဝယ်တာ အပါအဝင် လက်နက်ခဲယမ်း သယ်ဆောင်ရာမှာ အသုံးပြုနေကြသောကြောင့် နေအိမ်အထိဝင်ဖမ်းဖို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှို့ဝှက်ညွှန်ကြားစာတစ်စောင် မတ်လ ၂၀ရက်က ထွက်ပေါ်လာပါတယ်။ အဲဒီစာမထွက်ခင် မတ်လ ၁၈ရက်ကတည်းကနေ ဒီကနေ့အထိ တောင်ကြီးမြို့တွင်းရှိ အဓိကလမ်းမကြီးတွေနဲ့ လမ်းဆုံလမ်းခွတွေ၊ မြို့ဝင်ထွက်စစ်ဆေးရေးဂိတ်တွေ၊ တောင်လေးလုံး၊ သရက်ပုစတဲ့ နေရာတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် လိုင်စင်မဲ့ကား အစီး ၄၀ကျော်ကို ဖမ်းဆီးထားတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ “မြို့တွင်းမှာဆို အသွားအလာမရှိသလောက်ဖြစ်နေပြီ။ မြို့ပြင်ဂိတ်တွေကို…
Read Moreလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာဒေသနဲ့ ပြည်ပ ရောက်နေသူတွေကို နစက ပြန်ခေါ်
မတ် ၂၁ – ၂၀၂၅ SN (VOM) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေရဲ့ ထိန်းချုပ်ဒေသနဲ့ ပြည်ပနိုင်ငံတွေဆီ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ မိမိတို့နေရပ် အသီးသီးကို ပြန်လာနိုင်တယ်လို့ နစက က ဒီကနေ့ မတ်လ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတွေကြောင့် တချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေဟာ EAO တွေတည်ရှိရာ နေရာတွေနဲ့ ပြည်ပနိုင်ငံတွေကို စိုးရိမ်စိတ်တွေနဲ့ တိမ်းရှောင်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဲဒီလို တိမ်းရှောင်နေကြရသူတွေဟာ ရောက်ရှိရာနေရာတွေမှာ လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ…
Read Moreမိုးမိတ်ရှိ KIA တပ်စခန်း တခုကို TNLA တပ်ဖွဲ့က စီးနင်း ၊ ကွတ်ခိုင်ကလွှတ်ပေးလိုက်တဲ့ စစ်ကိုင်းpdf တွေကို မန်တုံက ထပ်ဖမ်း
မတ် ၂၁၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးရွာက KIA ဒေသကာကွယ်ရေး တပ်စခန်း တခုကို TNLA တပ်ဖွဲ့ အင်အား ၂၀၀ ခန့်က ဝင်ရောက် စီးနင်းခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးမိတ်က KIA ဒေသ ကာကွယ်ရေး တပ်ဖွဲ့ကို ဒီမနက် မတ်လ ၂၀ ရက်နေ့ အစောပိုင်း မိုးမလင်းခင် TNLA အင်အား အယောက် ၂၀၀ ခန့် လာပြီး ကားနဲ့ လာတင်သွားတယ်။ တခြားနေရာ သွားပို့လိုက်ကြတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ KIA ဒေသ ကာကွယ်ေရး တပ်ဖွဲ့ကို TNLA တပ်ဖွဲ့ တွေက အင်အား အလုံးအရင်းနဲ့ စီးနင်းကာ…
Read Moreဦးကိုကို (ကိုကို စက်မှု) ဦးဆောင်ပြီး ပြည်တွင်း/ပြည်ပ ပညာရှင်တွေ ပါဝင်မယ့် ၂၀၂၅ အလွန်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Forum on Myanmar Beyond 2025 ကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေ
မတ် ၂၁ – ၂ဝ၂၅ KKO(VOM) ပြည်တွင်း/ပြည်ပ ပညာရှင်တွေ ပါဝင်မယ့် ၂၀၂၅ အလွန်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှု Forum on Myanmar Beyond 2025 ကို ဒီကနေ့နေပြည်တော်မှာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီနေ့ပြုလုပ်တဲ့ Forum ကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့စီစဉ်မှုနဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)အဖွဲ့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး Forum ပြုလုပ်ရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဒီကနေ့ Forum မှာပါဝင်တက်ရောက်မယ့် ပညာရှင်တယောက်က VOM ကိုအခုလို ပြောပြပါတယ်။ “အဓိကက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကို နိုင်ငံတကာကသိအာင် နောက်တခုက ဒီ ၂ဝ၂၅ အလွန်မှာ ဖြစ်လာမယ့် အခင်းအကျင်းပေါ့နော်၊ဒီအခင်းအကျင်းကိုလည်း နိုင်ငံတကာက မှန်းဆနိုင်အောင်ဒါကိုလုပ်ကြတာပေါ့၊ လုပ်တဲ့အခါမှာ ဒါကိုအဓိကကတော့ ဗဟုဝင်ရိုးနဲ့ပတ်သက်ပြီးတော့မှ ကျွမ်းကျင်တဲ့ နိုင်ငံတကာကပညာရှင်တွေပါတယ်။သူတို့ကလည်း သူတို့ရဲ့အမြင်တွေ သူတို့ရဲ့စဉ်းစားချက်တွေကိုဒီ Forum မှာရှင်းလင်းတင်ပြမှာပေါ့။ပြည်တွင်းက ပညာရှင်ပုဂ္ဂိုလ်တွေလည်းပါတယ်ဆိုတော့ သူတို့က…
Read Moreပါဝါဘန့်ခ် မီးလောင်မှုကြောင့် ဟောင်ကောင် ခရီးသည်တင်လေယာဉ်တစင်း တရုတ်မှာ အရေးပေါ်ဆင်းသက်
ဟောင်ကောင်၊ မတ်-၂၁-၂၀၂၅ ရတီ(VOM) ဟောင်ကောင်လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစင်းဟာ ခရီးသည်တွေရဲ့ အိတ်တလုံးထဲကနေ မီးလောင်မှုဖြစ်ပွားလို့ တရုတ်ပြည်မကြီးမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၁၆၈ ယောက်နဲ့လေယာဉ်အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။ Airbus SE A320 အမျိုးအစား လေယာဉ်ခရီးစဉ်အမှတ် HX115 ဟာ တရုတ်နိုင်ငံ ဟန်ကျိုးကနေ ဟောင်ကောင်ကို ပျံသန်းစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဖူကျိုးမှာ အရေးပေါ်ဆင်းသက်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို လေကြောင်းလိုင်းက မထုတ်ပြန်သေးပေမယ့် ခရီးသည်တွေအပေါ်မှာရှိတဲ့ ခရီးဆောင်အိတ်တခုကနေ ပါဝါဘန့်ခ်မီးလောင်မှုကနေ စတင်ခဲ့ကြောင့် လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းတွေ ပျံ့နှံ့နေပါတယ်။ အိတ်ထဲကနေ မီးခိုးတွေထွက်လာတာကြောင့် လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေက ရေသန့်ဗူးတွေနဲ့ ငြှိမ်းသတ်ခဲ့ပြီးနောက် မီးငြိမ်းခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းကလည်း တောင်ကိုရီးယားမှာ ဘူဆန်လေကြောင်းလိုင်း လေယာဉ်တစင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒါဟာ ခရီးသည်တွေရဲ့ ပါဝါဘန့်ခ်တခုကြောင့်လို့ ကနဦး…
Read More