မန္တလေး၊ နိုဝင်ဘာ- ၁၃- ၂၀၂၅
SA(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ရှိတဲ့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှာ သတင်းမီဒီယာသမားတွေအတွက်လာမယ့် ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးတိုင်း ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့ တက်ရောက်ခဲ့ပါတယ်။
မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်း မြန်မာနိုင်ငံ နဲ့ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့က ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြစ်မြောက်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ သတင်းမီဒီယာသမားတွေကို ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်တွေ ပေးအပ်ခဲ့ပါတယ်။
