မတ် ၂၊၃၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ဆိုက်ခေါင်-မောက်မယ်-မိုးနဲလမ်းရှိ စစ်ဆေးရေးဂိတ်တွေမှာ အခုမတ်လ၊ အလယ်ပိုင်းလောက်ကနေ စတင်ပြီး ၆ဘီးကားတစ်စီးကို ၆သိန်းအထိ အခွန်ကောက်ခံနေလို့ ကုန်သည်တွေနဲ့ ကုန်ကားသမားတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ကားသမားတွေထံကနေ သိရပါတယ်။ အဲဒီလမ်းပိုင်းမှာ စစ်ဆေးရေးဂိတ် ၁၆ဂိတ်အထိ ရှိနေပြီး နစကစစ်ဆေးရေးဂိတ် ငါးဂိတ်၊ ပအိုဝ်းပြည်သူ့စစ် PNOရဲ့ စစ်ဆေးရေးဂိတ် ကိုးဂိတ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSSရဲ့ စစ်ဆေးရေးဂိတ် နှစ်ဂိတ်တို့ဖြစ်သလို တစ်ကြိမ်သွားမယ်ဆိုပါက အဖွဲ့ပေါင်းစုံကို ပေးရတဲ့ အခွန်ငွေ ၆သိန်းအထိ ကုန်ကျနေတယ်လို့ သိရပါတယ်။ “၆ဘီးကားတစ်စီးကို ၆သိန်းလောက်ကုန်နေတော့ တော်တော်များတယ်လေ။ ၁၂ဘီးတို့၊ တွဲကားတို့ဆိုရင် ထားပါတော့၊ ကားငယ်တစ်စီးကို ကုန်က ဘယ်လောက်သယ်နိုင်မှာလဲ။ သွားပြီးတော့လည်း စောဒဂ မတက်ရဲဘူးလေ။ ပေးမဖြတ်ဘူး၊ ပြန်လှည့်ဆိုမှ ပိုဆိုးနေမှာစိုးလို့။ ဂိတ်တွေကလည်း အရင်က ဒီလောက်မများဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကမှ ပိုများလာတာ”လို့…
Read More