တိုကျို၊ မတ်-၂၅-၂၀၂၅
ရတီ(VOM)
ဂျပန်နိုင်ငံမှာ လူသတ်မှုအတွက် မှားယွင်းပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ကမ္ဘာသက်တမ်းအကြာဆုံး သေဒဏ်ကျအကျဉ်းသား ဖြစ်ခဲ့သူ ဂျပန်အမျိုးသားတယောက်ကို ပြန်လွှတ်ပေးပြီးနောက် ဒေါ်လာ ၁ ဒသမ ၄ သန်း လျော်ကြေးငွေပေးအပ်ခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အိုင်ဝါအိုဟာကာမာဒါဟာ သူအကျဉ်းကျခံခဲ့ရတဲ့ ဆယ်စုနှစ်လေးခုကျော်ကာလ နေ့ရက်တိုင်းအတွက် ၈၃ ဒေါ်လာနှုန်းနဲ့ လျော်ကြေးရရှိခဲ့တာပါ။ အသက် ၈၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာ ၁၉၉၆ ခုနှစ်မှာ ထောင်ကျပြီးနောက် ညီမဖြစ်သူနဲ့ ခြားသူတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က လွတ်မြောက်ခဲ့ပါတယ်။
ဟာကာမာဒါကို ပြန်လည်စစ်ဆေးမှုမှာ အပြစ်မရှိကြောင်းနဲ့ ရဲတပ်ဖွဲ့ဟာ သက်သေအထောက်အထားတွေကို မရိုးမဖြောင့်လုပ်ခဲ့တယ်လို့ ရှီဇူအိုကာ ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး လျော်ကြေးပေးဖို့ပါ တနင်္လာနေ့က အမိန့်ချခဲ့တာဖြစ်ပါတယ်။
အခုလိုလျော်ကြေးပေးတာဟာ စံချိန်တင်ဖြစ်တယ်လို့ ဂျပန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ ဟာကာမာဒါရဲ့ တရားရေးအဖွဲ့ကတော့ သူခံစားခဲ့ရတဲ့ နာကျင်မှုတွေက ငွေနဲ့အစားထိုးလို့မရဘူးလို့ ပြောပါတယ်။
ကွပ်မျက်ခံရမယ့်အရေး မကြာခဏခြိမ်းခြောက်မှုတွေနဲ့အတူ ဆယ်စုနှစ်များစွာ အကျဉ်းကျခံနေခဲ့ရတဲ့ ဟာကာမာဒါရဲ့ စိတ်ကျန်းမာရေးကတော့ ထိခိုက်နေတယ်လို့ ဆိုပါတယ်။ ဟာကာမာဒါဟာ ဂျပန်နိုင်ငံမှာ စစ်ပြီးခေတ်နောက်ပိုင်း ပြန်လည်စစ်ဆေးခံရတဲ့ ပဉ္စမမြောက် ကြိုးတိုက်အကျဉ်းသားဖြစ်ပြီး ယခင်အမှုလေးခုစလုံးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
Ref:AFP
Photo:AFP