ယူကရိန်းစစ်ပွဲ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ရုရှားသမ္မတပူတင် ကြေညာ

ဝါရှင်တန်၊ ဧပြီ-၂၉-၂၀၂၅
မျိုးဆက်(VOM)

 

ယူကရိန်းစစ်ပွဲ သုံးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေးကို ရုရှားသမ္မတပူတင်က ကြေညာလိုက်ပြီး မေ ၈ ရက်က စတင်မယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာတွေကို အခြေခံပြီး အပစ်ရပ်ကြေညာတာဖြစ်ပြီး ယူကရိန်းကလည်း အလားတူလုပ်ဆောင်သင့်တယ်လို့ ရုရှားအနေနဲ့ ယုံကြည်ပြီး အပစ်ရပ်ချိုးဖောက်မယ်ဆိုရင် ရုရှားတပ်တွေက ထိရောက်စွာ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

 

ယူကရိန်းအကျပ်အတည်းနဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ အပြုသဘောဆောင်ဆက်ဆံမှုတွေအတွက် ကြိုတင်သတ်မှတ်ချက်မပါဘဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ရုရှားက လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။

 

 

ဒီအပစ်အခတ်ရပ်စဲရေးဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ အထိမ်းအမှတ် အောင်ပွဲအခမ်းအနားနဲ့လည်း တိုက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒါလီဆီဘီဟာကတော့ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလိုက်ပါတယ်။

 

 

နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ညှိနှိုင်းပေးနေတဲ့ အမေရိကန်က အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို မြင်လိုတယ်လို့ ပြောပါတယ်။ ရုရှားဟာ အီစတာကာလကလည်း နာရီ ၃၀ ကြာ အပစ်ရပ်ကြေညာခဲ့ပြီး တိုက်ပွဲတွေ လျော့ပါးသွားပေမယ့် အပစ်ရပ်ချိုးဖောက်မှုတွေရှိတယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

 

ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် အကြိမ်ပေါင်း ၂၀ ကျော် ကြိုးပမ်းခဲ့ဖူးပေမယ့် တချို့ကတော့ မိနစ်ပိုင်းအတွင်းမှာပင် ပျက်ပြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်တရပ် ရတော့မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW