ဇွန် ၊ ၁ ၊ ၂၀၂၅
SP (VOM)
စစ်ကိုင်းတိုင်း မုံရွာမြို့ အောင်မဂ်လာရပ်ကွက်ထဲမှာ နေ့လယ် ၁၁ နာရီ၀န်းကျင်က ပြည်သူ့စစ်တပ်ဖွဲ့၀င် နှစ်ယောက် ပစ်သတ်ခံရတယ်လို့ အောင်မဂ်လာ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
” အလယ်ရပ် ၊ ရပ်ကွက်ရုံးမှာ အခြေပြုတဲ့ ပြည်သူ့စစ် တပ်ဖွဲ့၀င် နှစ်ယောက်က မိတ်ဆက်စျေးမှာ စျေးသွား၀ယ်ရင်း လမ်းမှာ ပစ်သတ်ခံရတာပါ ၊ အရင်နှစ်တွေက သူတို့ အခြေပြုတဲ့နေရာကို ပစ်ပြေး ပြေးသွားတာ ဖြစ်ခဲ့ဖူးတယ် ” လို့ အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မုံရွာမြို့မှာ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကစလို့ မုံရွာမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေမှာ ပြည်သူ့စစ်အဖွဲ့နဲ့ ရဲတပ်ဖွဲ့၀င်တွေ လုံခြုံရေးတာ၀န်ချထားတယ်လို့ သိရပါတယ် ။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ အလုံတပ်နယ် ကျွဲ ရဲကျေးရွာမှာ နစက တပ်ဖွဲ့၀င် နှစ်ယောက်ပစ်သတ်ခံရပြီး လက်နက်ငယ် တလက် ပါသွားခဲ့တယ်လို့ သိရပါတယ်။
မုံရွာ အေးသာယာ ( အုန်းခြံ) ရပ်ကွက်ရုံးမှာ အခြေပြုတဲ့ ပြည်သူ့စစ်အဖွဲ့လည်း ပြီးခဲ့တဲ့ နှစ်တုန်းက ပစ်သတ်ခံရလို့ နှစ်ယောက်သေဖူးတယ် ” လို့ မုံရွာ ဇက်ကူးတို့ဆိပ်မှာနေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း မေ ၁၁ ရက်က မုံရွာမြို့ထွက် မအူစုပေါင်းဂိတ်နေရာမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့က PDF တပ်ဖွဲ့၀င် သုံးယောက် ဆိုင်ကယ်ရပ်မပေးလို့ ပစ်သတ်ခံရပြီး သူတို့ဆီကနေ ပစ္စတို သေနတ် နှစ်လက်သိမ်းဆည်း ရမိတယ်လို့ နမခ နဲ့နီးစပ်သူတွေက သတင်းထုတ်ပြန်တယ်လို့ သိရပါတယ်။
#voiceofmyanmar