လာမယ့်လေးနှစ်အတွင်း နေတိုးကို ရုရှားက တိုက်ခိုက်လာနိုင်ကြောင်း ဂျာမနီသတိပေး

စင်ကာပူ၊ ဇွန်-၂-၂၀၂၅ မျိုးဆက်(VOM) နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ လာမယ့်လေးနှစ်အတွင်း ရုရှားရဲ့ တိုက်ခိုက်လာနိုင်ခြေကို ကြိုတင်ပြင်ဆင်ထားဖို့ ဂျာမနီစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာစတန်ဘရူအာက သတိပေးပြောဆိုလိုက်ပါတယ်။ ရုရှားဟာ တနှစ်ကို တင့်ကားအစီးရေ ရာနဲ့ချီထုတ်လုပ်နေပြီး အများစုကို နေတိုးအဖွဲ့ရဲ့ ဘောတစ်ဒေသနိုင်ငံတွေကို ၂၀၂၉ ခုနှစ် သို့မဟုတ် အစောပိုင်းမှာ တိုက်ခိုက်ဖို့အတွက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားတို့က မကြာသေးခင်က သဘောထားကွဲလွဲမှုတွေရှိခဲ့ပေမယ့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဟာ စည်းလုံးညီညွတ်နေဆဲဖြစ်တယ်လို့ ဂျာမနီစစ်တပ် အကြီးအကဲက ပြောပါတယ်။ နေတိုးအဖွဲ့ဟာ ရုရှားဆီကနေ အလွန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုတရပ်ကို ရင်ဆိုင်နေရပြီး ဒါဟာ သူ့ရဲ့စစ်မှုထမ်း နှစ် ၄၀ သက်တမ်းမှာ တခါမှ မကြုံဖူးသေးကြောင်း ဗိုလ်ချုပ်ကြီး ကာစတန်ဘရူအာက ပြောပါတယ်။ ရုရှားဟာ အဓိက တိုက်ပွဲဝင်တင့်ကား အစီး ၁၅၀၀ ခန့်ကို နှစ်စဉ်ထုတ်လု်ပနေတယ်လို့ သူက ပြောပါတယ်။…

Read More

မိတ္တီလာ – ကျောင်ပန်းတောင်း လမ်းမှာ Elite Express မှောက်လို့ ခြောက်ယောက်သေပြီး ၁၄ ယောက်ဒဏ်ရာရ

ဇွန် – ၂ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ မိတ္တီလာ – ကျောင်ပန်းတောင်း ကားလမ်း၊ ဖလန်ကျင်းရွာအနီးမှာ ဒီနေ့မနက်အစောပိုင်းက Elite Express ခရီးသည်တင်ကား တိမ်းမှောက်ပြီး ခြောက်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ယောက်လောက်အထိရှိ ခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၂ ရက်နေ့ ၊မနက်အစော ၂ နာရီခွဲလောက်မှာခရီးသည်တင်ကား တိမ်းမှောက်ကြောင်းသတင်းရရှိခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူတွေ ထဲမှာ ကလေးငယ်တယောက်ပါဝင်ပြီး ထိခိုက်ဒဏ်ရာရ ရှိသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူ လေးယောက် ပါရှိတယ်လို့ မြေပြင်ကူညီရေးလုပ်ခဲ့သူတွေဆီကသိရပါတယ်။ ” သေတာက အသက် ၄ နှစ်ကလေးပါတယ်။အသက်၃၀ ကျော် မိန်းကလေးနှစ်ယောက်၊အသက် ၆၀ ကျော်နှစ်ယောက်ပါတယ်။နောက်တယောက်ကမသိရသေးဘူး။ ကလေးလေးနဲ့ ကောင်မလေးနှစ်ယောက်ဆိုရင် ကားပိနေတာ မြင်လို့တောင်မကောင်းဘူး။နောက်အသက်ကြီးနှစ်ယောက်ကကြားညပ်ပြီးသေတာ။ကားက ညာအကွေ့ကိုကွေ့တာ အရှိန်များပြီး ပြန်ထိန်းချိန် မထိန်းနိုင်ဘဲ ဘယ်ဘက်ကိုစောင်းပြီးမှောက်ကြတဲ့ပုံပါ။…

Read More

မြစ်ကြီးနားရေဘေး အိမ်ထောင်စု ၈၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းပြီး ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်ထားရ

ဇွန် ၂၊ ၂၀၂၅ Shy V (VOM ) မြစ်ကြီးနားမှာ ရေဘေးကြောင့် ယမန်နေ့ ဇွန်လ ၁ ရက်နေ့ အထိ အိမ်ခြေ ၈၀၀ ကျော်က မိသားစုတွေ ဘေးကင်းရာ ရွှေ့ပြောင်းရပြီး ရေဘေး ကယ်ဆယ်ရေး စခန်း ၁၀ ခု အထိ ဖွင့်လှစ်ထားရကြောင်း ကချင်ပြည်နယ် အစိုးရရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့် လှစ်ပြီး ယမန်နေ့ ဇွန် ၁ ရက်နေ့ ညနေပိုင်းအထိ အိမ်ထောင်စု ၈၁၀ စု၊ လူဦးရေ ၄၀၂၀ ကို ကူညီကယ်ဆယ် ထားရှိပြီဖြစ်ပြီး နေထိုင်စားသောက်မှု အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။ ရေဘေး ကယ်ဆယ်ရေး စခန်းတွေကို ကြက်ပေါင်ခြံ ရပ်ကွက်မှာ ရွှေဆုပန် ဘုန်းကြီးကျောင်းနဲ့…

Read More

ပုဂံမြို့သစ်၊ ဂန့်ဂါရွာမှာ ပဋ္ဌာန်းပွဲအတွက် အစည်းဝေးလုပ်နေချိန် ပစ်ခတ်ခံရလို့ ခုနှစ်ယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

ဇွန် – ၂ ၊ ၂၀၂၅ GG (VOM) ရှေးဟောင်းယဥ်ကျေးမှုအနှစ်ဒေသ၊ညောင်ဦးမြို့နယ် ၊ပုဂံမြို့သစ်တောင်ပိုင်းရှိ ဂန့်ဂါရွာမှာ ပဋ္ဌာန်းပွဲအတွက် အစည်းဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပါတဲ့အဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ခုနှစ်ယောက်သေဆုံးကာ ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဇွန် ၁ ရက်နေ့ ၊ နေ့လယ် ၂ နာရီလောက်မှာ ဂန့်ဂါရွာရှိ ဓမ္မာရုံမှာ အုပ်ချုပ်ရေးမှူးအပါ ဒေသခံ ၁၅ ယောက်က (၁၉)ကြိမ်မြောက်အသံမစဲမဟာပဌာန်းပွဲကျင်းပဖို့အတွက် အစည်းအဝေးလုပ်နေချိန်မှာ PDF တွေက သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ” သေနတ်ပစ်သံကတော့ စက်သေနတ်နဲ့ပစ်သွားတဲ့အသံမျိုးလို့သိရတယ်။ သေနတ်သံပဲ ကြားရတာ ဘယ်သူမှအပြင်ထွက်မကြည့်ရဲကြဘူးပေါ့။ပြီးမှသာ အခြေအနေကိုသိရတာ။ ပစ်ခတ်မှုတွေပြီးတော့ စစ်သားတွေရောက်ပြီးမကြာဘူး အကုန်သယ်သွားတယ်သိရတယ်။သေတဲ့အထဲမှာ အုပ်ချုပ်ရေးမှူးလည်းပါတယ်။ပထမ ခုနှစ်ယောက် ဆိုတာသိရတယ်။ပြီးတော့ထပ်တိုးသေတာ နှစ်ယောက်ရှိတယ်လို့သိရပေမယ့် ဘယ်သူဘယ်ဝါသေချာမသိရသေးဘူး။ခုနှစ်ယောက်ကတော့သေချာတယ်။ ” လို့ ဂန့်ဂါရွာအနီးနေထိုင်သူကပြောပါတယ်။ လက်ရှိသိရှိရတဲ့ သေဆုံးသူစာရင်းမှာ ဂန့်ဂါကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူဦးဇော်ဇော်(ခ)ဦးမြင့်ဇော် ၊…

Read More

ဒေါ်နယ်ထရန့်နဲ့ ရှီကျင်းပင်တို့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးတော့မယ်

ဝါရှင်တန်၊ ဇွန်-၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေး ပြဿနာနဲ့ပတ်သက်ပြီး ယခုသီတင်းပတ်အတွင်းမှာ တယ်လီဖုန်းဆက်သွယ် ဆွေးနွေးကြဖွယ်ရှိတယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ပြောပါတယ်။ မေလမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကုန်သွယ်ရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထပ်ဆောင်းအခွန်ကောက်ခံမှုတွေကို ၁၁၅ ရာခိုင်နှုန်းလျှော့ချဖို့ သဘောတူခဲ့ကာ တရုတ်နိုင်ငံဟာ သဘောတူညီချက်အချို့ကို ချိုးဖောက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အမေရိကန်က စွပ်စွဲထားပါတယ်။ အရေးကြီးဓါတ်သတ္တုတွေအတွက် သွင်းကုန်အခွန်တွေနဲ့ ကုန်သွယ်ရေးကန့်သတ်ချကေတွေကို ဖြေလျော့ဖို့ နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်နေတာလို့ ဒေါ်နယ်ထရန့်က စွပ်စွဲထားပါတယ်။ ဒီကိစ္စကို သမ္မတရှီကျင်းပင်နဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရမယ်လို့ ယုံကြည်ကြောင်း ထရန့်ကပြောပါတယ်။ သဘောတူညီချက်ကို တရုတ်နိုင်ငံရဲ့ ချိုးဖောက်မှုဟာ ဥရောပ၊ အိန္ဒိယတို့ရဲ့ စက်မှုထောက်ပံ့ရေးကွင်းဆက်တွေအတွက် မရှိအဖြစ်ထုတ်ကုန်တွေကို ကန့်သတ်ထားပြီး ဒါဟာယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ကောင်း လုပ်ရပ်မဟုတ်ဘူးလို့ သူကဝေဖန်ပါတယ်။ ဒေါ်နယ်ထရန့်နဲ့…

Read More

နာဂဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်ပြီး နေအိမ်တွေပျက်စီး

ဇွန် ၁ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြို၊ အိမ်ပြိုမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှ စတင်ကာ လက်ရှိ အချိန်အထိ နာဂဒေသ နန်းယွန်း၊ လေရှီး၊ ဆွမ္မရာမြို့တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “မိုးက တောက်လျှောက် မဆက်မပြတ် ရွာလိုက်တော့ လေရှီး – ထမံသီ လမ်းပိုင်းက နေရာတွေမှာ သစ်ပင်ကြီးတွေ လဲကျနေတယ်။ မြေပြိုတာတွေ၊ ကမ်းပါးယံ ပြိုကျနေတာတွေလည်း ရှိတယ်။ နာဂနဲ့ အိန္ဒိယ ဆက်ထားတဲ့ မဏိပူရ် ပြည်နယ်ချင်းဆက် လမ်းမကြီးမှာလည်း မြေပြိုမှုတွေရှိနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါကြောင့် လက်ရှိ အဲဒီ…

Read More

မုံရွာမှာ စျေးထွက်၀ယ်တဲ့ ပြည်သူ့စစ် တပ်ဖွဲ့၀င် နှစ်ယောက် ပစ်သတ်ခံရ

ဇွန် ၊ ၁ ၊ ၂၀၂၅ SP (VOM) စစ်ကိုင်းတိုင်း မုံရွာမြို့ အောင်မဂ်လာရပ်ကွက်ထဲမှာ နေ့လယ် ၁၁ နာရီ၀န်းကျင်က ပြည်သူ့စစ်တပ်ဖွဲ့၀င် နှစ်ယောက် ပစ်သတ်ခံရတယ်လို့ အောင်မဂ်လာ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ ” အလယ်ရပ် ၊ ရပ်ကွက်ရုံးမှာ အခြေပြုတဲ့ ပြည်သူ့စစ် တပ်ဖွဲ့၀င် နှစ်ယောက်က မိတ်ဆက်စျေးမှာ စျေးသွား၀ယ်ရင်း လမ်းမှာ ပစ်သတ်ခံရတာပါ ၊ အရင်နှစ်တွေက သူတို့ အခြေပြုတဲ့နေရာကို ပစ်ပြေး ပြေးသွားတာ ဖြစ်ခဲ့ဖူးတယ် ” လို့ အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ မုံရွာမြို့မှာ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကစလို့ မုံရွာမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေမှာ ပြည်သူ့စစ်အဖွဲ့နဲ့ ရဲတပ်ဖွဲ့၀င်တွေ လုံခြုံရေးတာ၀န်ချထားတယ်လို့ သိရပါတယ် ။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ အလုံတပ်နယ် ကျွဲ…

Read More

လားရှိုးမြို့နယ် နမ့်လုတ်ရွာအနီး MNDAA(ကိုးကန့်) နဲ့ SSPP/SSA တိုက်ပွဲမှာ ကိုးကန့်တပ်ဖက်က ရှစ်ယောက်ကျ

ဇွန် ၁၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ နမ့်လုတ်ရွာ အနီးမှာ MNDAA တပ်ဖွဲ့နဲ့ SSPP/SSA တပ်ဖွဲ့ တို့အကြား ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟန်နား ဆိုတာ လားရှိုး အကျော် စဉ့်အင်နား။ ဘာကြောင့် တိုက်ပွဲ ဖြစ်တာလဲတော့ မသိဘူး။ ခု ဇွန်လ ၁ ရက်နေ့ ညနေ ချနေကြတယ်။” လို့ ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စု၊ နားလိုင်ရွာ အနောက်ဘက်ခြမ်း အထွက်ဘက်မှာ ဒီနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ နဲ့ ၂…

Read More

ကိုယ်ကြိုက်တာကိုယ်လုပ်

    AT   မြန်မာနိုင်ငံဟာ ပဋိပက္ခတွေ၊ အာဏာရှင် အုပ်စိုးမှုတွေ၊ လူမျိုးစုအခြေပြု နိုင်ငံရေးတွေနဲ့ ရုန်းကန်ခဲ့ရတာ ဆယ်စုနှစ်ပေါင်းများစွာကနေ ရာစုနှစ်နားကပ်လာနေလို့  တိုင်းပြည်အခြေအနေဟာ သူများနိုင်ငံတွေနောက်ကို အတော်နောက်ကျနေရတာ လူတိုင်းအသိပါ။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်နောက် နစက အာဏာရယူပြီး နောက်ပိုင်းမှာတော့ နိုင်ငံဟာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေထဲကို ထပ်မံ သက်ဆင်းရပြန်ပါတယ်။ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွဲခံရပြီးနောက်မှာတော့ လက်နက်ကိုင် တော်လှန်မှုဆီကို ကူးပြောင်းသွားပါတယ်။ တော်လှန်ရေးဆိုတဲ့ အချိန်ကြာမြင့်လာတာနဲ့အမျှ အစွန်းရောက်မှုဆိုတဲ့ နောက်ထပ် အန္တရာယ်တခုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ မြန်မာနိုင်ငံမှာ အစွန်းရောက်မှုအကြောင်း ပြောမယ်ဆိုရင် အဖွဲ့အစည်းတခု ဒါမှမဟုတ် ဝါဒတခုမှာပဲ ကန့်သတ်ထားလို့ မရနိုင်ပါဘူး။ အစွန်းရောက်မှုဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဘာသာရေး အသိုင်းအဝိုင်းနဲ့ လက်နက်ကိုင်အုပ်စုတွေထဲမှာ တည်ရှိနေတာကို တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံက အစွန်းရောက်မှုမှာ လူမျိုးရေး…

Read More
VOM News

FREE
VIEW