ချစ်သူ့သြဇာ ရှင်းတမ်း

ဆူးငှက် ဆရာမြို့မငြိမ်းမှာ ၁၉၄၂ ခုနှစ်က စတင်၍ စစ်ကြီးကြောင့် မတည်မငြိမ်ဖြစ်ကာ အနယ်နယ်အရပ် ရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၁၉၄၅ ခုနှစ် စစ်ကြီးပြီးသော်လည်း အခြေမကျသေး။ ၁၉၄၉ ၌ပင် မိမိနေအိမ်၌ စိတ်ချလက်ချ နေမည် ကြံကာမှ ရှိသေး။ ပြည်တွင်းစစ်မီး တောက်လောင်ပြန်တော့ ပြေးဟယ်လွှားဟယ် ဖြစ်ရပြန်ကာ သည်အထဲ သူအင်မတန် ချစ်သော၊ ခင်မင်လေးစားသော နန်းတော်ရှေ့ဆရာတင်လည်း ၁၉၄၉ ခု ပြည်တွင်းစစ်မီးကြောင့် မန္တလေးမှာ ကရင်တွေ၀င်ချိန် ကွယ်လွန်ရှာသည်။ ဆရာတင် ကွယ်လွန်တော့ မြို့မငြိမ်းဖြစ်နေသည့် ကိုဘညိန်းက တော်တော် စိတ်မကောင်းဖြစ်ရသည်။ ဆရာတင်က သဘင်လောကအတွက် အလွန်အားထား မျှော်လင့်ထားသော သူ့သား ရွှေနန်းတင်က ဥမမယ် စာမမြောက် ကျန်ရစ် နေခဲ့သည့်အပေါ် စိတ်ဖြောင့်ဖြောင့်ဖြစ်မှာ မဟုတ်ဘူးဟု မြို့မငြိမ်းက ယုံသည်။ ယုံသလိုလည်း ကျန်ရစ်သည့် ဆရာတင့်သားအတွက် သူ့မှာတာ၀န်ရှိတယ်ဟု…

Read More

MNDAA ထိန်းချုပ်နယ်မြေက ဒေသခံ ကတ်ပြားရှိသူတွေ တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပြုလုပ်ပေး

ဇွန် ၅၊ ၂၀၂၅ Shy V (VOM) MNDAA ထိန်းချုပ်နယ်မြေက ဒေသခံ အိမ်ထောင်စုနဲ့ ဒေသခံ ကတ်ပြားရှိသူတွေ ကို တရုတ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် လုပ်ပေးတာ ဟုတ်ပါတယ်။ MNDAA ထိန်းချုပ်နယ်မြေက ဒေသခံတွေ အကုန်လုံး လုပ်လို့ရပါတယ်။ MNDAA ဘက်က ထုတ်ပေးတဲ့ အိမ်ထောင်စု စာအုပ်နဲ့ မှတ်ပုံတင် ရှိထားသူတွေ အကုန် လုပ်လို့ ရပါတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ရှမ်းပြည်နယ် အထူးဒေသ ၁ အိမ်ထောင်စုကတော့ ကျေးရွာအလိုက်ပြုလုပ်ပေးတာ ဖြစ်ပြီး ဒေသခံတွေအနေနဲ့ ဒေသခံ ကတ်ပြားဖြစ်တဲ့ အထူးဒေသ ၁ မှတ်ပုံတင် လျှောက်ယူမယ်ဆိုရင် တရုတ်ငွေယွမ် ၇၀ ကျသင့်ပြီး ၂…

Read More

မြန်မာအပါအဝင် နိုင်ငံအများအပြားကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်

ဝါရှင်တန်၊ ဇွန်-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ကို အန္တရာယ်ရှိတဲ့ ပြည်ပနိုင်ငံသားတွေရန်က ကာကွယ်ဖို့ နိုင်ငံအများအပြားက နိုင်ငံသားတွေ လာရောက်ခွင့်ကို ပိတ်ပင်တားမြစ်တဲ့ အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ထိုး ထုတ်ပြန်လိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒီအမိန့်မှာတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံသားတွေ လာရောက်မှုကို အပြည့်အ၀ကန့်သတ်ထားပါတယ်။ အခြေား ခုနှစ်နိုင်ငံဖြစ်တဲ့ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေ ဝင်ရောက်မှုကိုတော့ တစိတ်တပိုင်း ကန့်သတ်ထားမှာဖြစ်ပါတယ်။ ပြည်ဝင်ခွင့် အလုံးစုံပိတ်ပင်ခံရတဲ့နိုင်ငံတွေဟာ စိစစ်တာနဲ့ စစ်ဆေးတဲ့လုပ်ငန်းစဉ်တွေမှာ ချို့ယွင်းချက်တွေရှိနေပြီး အမေရိကန်အတွက် အလွန်အန္တရာယ်မြင့်မားတာကို တွေ့ရှိရတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်ဟာ ဇွန် ၉ ရက် အရှေ့ပိုင်း…

Read More

ယူကရိန်းသမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ ပူတင်ပယ်ချ

မော်စကို၊ ဇွန်-၅-၂၀၂၅ ရတီ(VOM) အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ထိပ်သီးဆွေးနွေးပွဲအတွက် ယူကရိန်းရဲ့ အဆိုပြုချက်တွေကို ရုရှားသမ္မတ ပူတင်က ပယ်ချလိုက်ပြီး အကြမ်းဖက်မှုကိုအားကိုးတဲ့ သူတွေနဲ့ ဘယ်သူမှ မညှိနှိုင်းဘူးလို့ ပြောပါတယ်။ တူရကီမှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုကို ဦးဆောင်ခဲ့တဲ့ ပူတင်ရဲ့လက်ထောက် မက်ဒင်စကီးက ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သမ္မတကို အစီရင်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ပူတင်နဲ့ ဇီလန်စကီး ထိပ်သီးဆွေးနွေးအတွက် ပြင်ဆင်ရေး ရက် ၃၀ သို့မဟုတ် ရက် ၆၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တယ်လို့ ပြောပါတယ်။ မကြာသေးခင်ရက်အတွင်း ရုရှားအနောက်ခြမ်း ဘရန့်စ်နဲ့ ကာ့စ်ဒေသတွေမှာ တံတားတွေ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခို်ကမှုဖြစ်တယ်လုပ ပူတင်က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ယာယီလုပ်လိုက်ရင် ယူကရိန်းအနေနဲ့ အနောက်နိုင်ငံလက်နက်တွေကို ပြင်ဆင်ဖို့နဲ့ အခြားအကြမ်းဖက်မှုတွေအတွက် ပြင်ဆင်နိုင်ခြေရှိတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။…

Read More

ပြည်တွင်းထုတ် SKD၊ CKD ကားတွေကို အခွန်လျှော့ပေါ့ကောက်ခံ

ဇွန် ၅ – ၂ဝ၂၅ KKO(VOM) ပြည်တွင်းထုတ် SKD၊ CKD ကားတွေကို အခွန်လျှော့ပေါ့ကောက်ခံသွားမယ်လို့ စီမံကိန်းနဲ့ဘဏ္ဍရေး၀န်ကြီးဌာနက အခုရက်ပိုင်းအတွင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ သို့သော်လည်း ပြည်တွင်းကားဈေးကွက်မှာတော့ Without ကားဖမ်းဆီးအရေးယူမှုကိစ္စရပ်တွေကြောင့် နယ်အဝယ်တွေလိုက်နေပြီး ပြည်တွင်းကားဈေးနှုန်းတွေက အမြင့်ပိုင်းမှာသာဆက်ရှိနေတယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။ “ပြည်တွင်းထုတ် SKD နဲ့ CKD ကားတွေကို အခွန်လျှော့တဲ့ကိစ္စပေါ့။အရင်က သူတို့က ၁ဝဝဝ စီစီအထက်ကို ၇.၅ ရာခိုင်နှုန်းဖြတ်ထားတဲ့ကိစ္စပါ။အရင် ၂ဝ၂၃ ကလည်းဒီမူဝါဒ ပဲလေ၊ ဘာမှသိပ်ထူးခြားလာတာမျိုးတော့မရှိပါဘူး။လျှော့ကောက်တာလည်းမဟုတ်၊တိုးကောက်တာလည်းမဟုတ် အရင်လျှော့ကောက်ထားတဲ့ဟာအတိုင်းပါပဲ။အဲဒါကိုပြန်ပြီးထုတ်ပြန်တာပါ။အရင်သွားမြဲတိုင်းသွားလို့ ပြောတာနဲ့တူတူပါပဲ။ဈေးကွက်မှာက အပြောင်းအလဲမရှိဘူး။အခုနယ်အဝယ်တွေလာကြတယ်။အောက်ပိုင်းမြင့်တဲ့ကားတွေကိုဝယ်ကြတယ်။အခုတော့အရာင်းသွက်နေတယ်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတေ့ာနယ်ကလူတွေကအခု Without စီးလို့မရတော့ဘူးဆိုလို့ အရောင်းအဝယ်ကလိုက်နေတယ်။လက်ရှိကားဈေးကွက်အနေ အထားအဲလိုပုံစံတော့ရှိပါတယ်”လို့ ကားလောကသား တယောက်က VOM ကို ပြောပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့နဲ့ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြု…

Read More

ဂါဇာမှာ ခြွင်းချက်မရှိ အပစ်ရပ်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း အမေရိကန် ဗီတိုအာဏာသုံးပြီး ပယ်ချ

ဂါဇာစီးတီး၊ ဇွန်-၅-၂၀၂၅ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ ခြွင်းချက်မရှိ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။ ဂါဇာရှိ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်မှု ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့အချက်တွေပါဝင်တဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီဝင် အခြားအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းဟာ အပစ်အခတ်ရပ်စဲရေးအတွက် သ့တမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ပြားစေပြီး ကုလသမဂ္ဂဟာ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မထားဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ကတော့ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ ဟားမတ်စ်တို့ကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို ထောက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်သံအမတ် ဒိုရိုသီရှီယာက ပြောပါတယ်။ လက်ရှိမှာတော့ ဂါဇာမှာ အကူအညီဖြန့်ဝေမှုအပေါ် စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေပြီး လူနှစ်သန်းကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။…

Read More

ရွှေမန်းတောင်ရိပ်ခို ရှင်းတမ်း

ဆူးငှက် ကျွန်တော်သည် ယခုရှင်းတမ်းကို တင်ပြရာတွင် “ရွှေမန်းတောင်ရိပ်ခို” သီချင်းအား ၁- မြို့မငြိမ်း တယောက်တည်းက ရေးသားခဲ့သည်။ ၂ – ချိုပြုံးရွှင်သော အပိုဒ်က မန္တလေးဦးဘသိန်း၊ သံပြိုင်အပိုဒ်က မြို့မငြိမ်း၊ ခါးသေးနွဲ့မူယာချီ အပိုဒ်က အေဝမ်းဆရာညှာတို့ ၃ဦး စုပေါင်းစပ်ပေါင်း ရေးခဲ့သည် စသည့် ပြဿနာကို ရှင်းလင်းမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသီချင်းနှင့် ပတ်သက်၍ ဒေါ်ဒေါ်လူထုဒေါ်အမာက သုံးသပ်ဆုံးဖြတ်ပြီး ကျွန်တော့်ကိုလည်း သင်ကြား ဆုံးမသည့် စကားကိုပဲ လိုက်နာကာ ထိုသီချင်း၏ ဗျုပ္ပတ်ကိုပဲ တင်ပြပါမည်။ ××××× ××××× “အေးအေးချမ်းချမ်း လောင်စမ်းသင်္ကြန်ရေ မာပါစေ … တောင်းဆုကိုချွေ။ ဖျန်းပက်သူတို့၊ ယဉ်စစ ချောနွဲ့နွှဲ့လုံမေ … ထောင့်သုံးရာရှစ်ခုနစ် သင်္ကြန်ရေ … စွတ်သူစိုသူ ကြည်ဖြူစွာလေ … စိတ်မှာထင်မြင် ရေစာတွေဖျန်း မောင်ရင်းပမာ…

Read More

ဂျပန်နိုင်ငံ ကလေးမွေးဖွားမှုနှုန်း ခုနှစ်သိန်းအောက်ကို ပထမဆုံးအကြိမ် ကျဆင်း

တိုကျို၊ ဇွန်-၄-၂၀၂၅ ရတီ(VOM) ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးမွေးဖွံားမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ခုနှစ်သိန်းအောက်ကို ကျဆင်းသွားကြောင်း ဂျပန်အစိုးရက ဒီကနေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ သက်ကြီးရွယ်အိုဦးရေ များပြားလာတဲ့ ဂျပန်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကလေးငယ် ၆၈၆၀၆၁ ယောက်သာ မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၁၂၂၇ ယောက် လျော့နည်းခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားကာ ၁၈၉၉ ခုနှစ် မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အနိမ့်ပါးဆုံးဖြစ်ပါတယ်။ ဒါဟာနိုင်ငံအတွက် တိတ်တဆိတ်အရေးပေါ်အခြေအနေလို့ ဂျပန်ဝန်ကြီးချုပ် အိုင်ရှီဘာက ပြောဆိုထားပြီး ဒီအခြေအနေကို လိုက်လျောညီထွေဖြစ်မယ့် အလုပ်ချိန်နဲ့ မိသားစုအစီအမံမျိုးတွေ ချမှတ်မယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ နိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကပြီးရင် ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုအများဆုံး ဒုတိယမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ နိုင်ငံရဲ့ စုစုပေါင်းမွေးဖွားမှုနှုန်းဟာ အမျိုးသမီးတယောက်ကို မွေးဖွားမှုနှုန်း ၁ ဒဿမ…

Read More

ရွှေပြည်သာ Joy Time စက်ရုံလုပ်သားတွေ လုပ်ခလစာ တိုးမြှင့် တောင်းဆိုမှု ပြေလည်မှုရရှိ

ဇွန် ၄ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ Joy Time (Myanmar) Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုမှု ပြေလည်မှု ရရှိခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ စက်ရုံအထည်ချုပ် အလုပ်သမားတွေက အနည်းဆုံး အခကြေးငွေ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်၊ ညနေပိုင်းက စတင်ပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ “တောင်းဆိုတာကို စက်ရုံဘက်က ညှိနှိုင်းပေးတယ်။ အခု ပြေလည်သွားပါပြီ။ တောင်းဆိုမှု သုံးရက်အကြာပေါ့၊ ဇွန် ၂ ရက်နေ့ကပဲ ညှိနှိုင်းပြီး အဆင်ပြေသွားတာပါ။ သူတို့ တောင်းဆိုတာက အဓိက က အနည်းဆုံး အခကြေးငွေ တသောင်းသုံးထောင် ရရှိဖို့ပေါ့။ ဒါပေမယ့် တောင်းဆိုမှုတွေကိုတော့…

Read More

လားရှိုးမှာ မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်ပေမယ့် ငွေထုတ်လို့ အဆင်မပြေသေး

ဇွန် ၄၊ ၂၀၂၅ Shy V(VOM) လားရှိုးမှာ မြန်မာ့ စီးပွားရေးဘဏ် ပြန်ဖွင့်ပြီဖြစ်ပေမယ့် အခု ရက်ပိုင်းအတွင်း ငွေ ထုတ်လို့ အဆင်မပြေသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မြန်မာ့ စီးပွားရေးဘဏ်က ဖွင့်ထားပြီး။ ကြာဝောင် ကြာနေပြီ။ ဒါပေမယ့် ပိုက်ဆံ ထုတ်လို့ မရသေးဘူး။ ငွေ မရှိဘူးလို့ ပြောတယ်။” လို့ ပင်စင် ထုတ်မယ့် အမျိုးသမီး တယောက်က ပြောပါတယ်။ လေယာဉ် လာမှငွေထုတ်လို့ ရမယ်၊ ငွေ သားက သယ်လာမှ ရှိမယ်လို့လည်း ကြားရပြီး လောလောဆယ် ထုတ်ဖို့ ငွေသား မရှိသေးတာလို့ သိရကြောင်း သူက ပြောပါတယ်။ “ဘဏ်ကတော့ ဖွင့်ပါတယ်။ မကြာမီ ရက်ပိုင်းအတွင်း ငွေ ထုတ်လို့ ရတော့မယ်လို့ ကြားတယ်။ ဒီရက်ပိုင်း ထုတ်လို့ ရမှာပါ”…

Read More
VOM News

FREE
VIEW