ဝိုင်းမော်မှာ ပြည်သူ့စစ် အချင်းချင်း ပစ်သတ် မှုဖြစ်ပွား

ဇူလိုင် ၉၊၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ ဝိုင်းမော်မှာ ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်က ပြည်သူ့စစ် အချင်းချင်း ပစ်သတ်မှု ဖြစ်ပွားပြီး အရာရှိတယောက်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဂွေထုရွာက ပြည်သူ့စစ်တပ်ဖွဲ့က လဆန်အောင်ဝါရဲ့ နေရာ လွဲယူထားတဲ့ တယောက် သူ့အောက်က အရာရှိ တယောက်ကို ပစ်သတ် လိုက်တယ်လို့ သိရတယ် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အစည်းဝေး ပြုလုပ်နေချိန် အချင်းချင်း စကားများကြလို့ ပစ်ခတ်ကြရာက ‌‌ေဂွထု ဌာနေ ပြည်သူ့စစ်ခေါင်း ဆောင်နေရာယူထားတဲ့ ဦးနော်လီက လက်မှာ ၂ ချက် ထိထားပြီး ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးအောင်ဂမ်က သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။
“ကချင် အစစ်မဟုတ်ဘူး။ အောင်ဂမ်ဆိုတဲ့ တယောက်က ဗမာပါ။ အရင်တုန်းက ခင်ညွန့်ရဲ့ လူလို့သိရတယ်။ ဂမ်အောင်ဆိုတာက နာမည်မှည့်ယူ ထားတာပါ။ ‌မွေးစား နာမည်ပေါ့။ နော်လီ ဆိုတဲ့လူလည်း တရုတ်လူမျိုးပါ။ ကချင် အစစ် မဟုတ်ဘူး။” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ရှင်းပြပါတယ်။
ဂမ်အောင်ဆိုသူက ခင်ညွန့်ရဲ့လူဖြစ်ပြီး ထောက်လှမ်းရေးတွေ ဖျက်တုန်းက လဆန်အောင်ဝါ အဖွဲ့ကိုရောက်သွားတဲ့ ထောက်လှမ်းရေး ၈ ဆွယ်မှူးပြုတ် ဌေးအောင် (ခ) တပ်ကြပ်ကြီးကိုကို ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်လုပ်သူတွေက အဓိက စီးပွားရေး အတွက် လုပ်ကြတာဖြစ်ပြီး အခုဖြစ်စဉ်မှာ နေရာ ရာထူး လုကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ဂွေထု ဌာနေပြည်သူ့စစ် တပ်ဖွဲ့ ဥက္ကဌ ဝဏ္ဏကျော်ထင်ဘွဲ့ရ ဦးလဆန်အောင်ဝါက ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၆ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
လဆန်အောင်ဝါအဖွဲ့က ကေအိုင်အို/ကေအိုင်အေ ကနေ ၂၀၀၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ခွဲထွက်ခဲ့ပြီးနောက် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) ထိန်းချုပ်ရာဒေသအတွင်း ခိုလှုံခဲ့ပြီးနောက် ၂၀၀၉ ‌ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ အကွာ၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ လဝါယန်ရွာမှာ ပြည်သူ့စစ်အဖြစ် တရားဝင်ပြောင်းလဲ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

✕
VOM News

FREE
VIEW