ဇူလိုင် ၂၀၊ ၂၀၂၅ Shy V (VOM) နစက ပြန်လည် ရယူထားတဲ့ နောင်ချိုမှာ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်ကစ ဌာနဆိုင်ရာ ဝန်ထမ်း တချို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နောင်ချိုကို ဇူလိုင်လ ၁၈ ရက် ညနေပိုင်းက ဝန်ထမ်းတွေ တသုတ် ဝင်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ရဲတပ်ဖွဲ့၊ ထွေအုပ် နဲ့ လဝက ဝန်ထမ်း တချို့ဇူလိုင်လ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်က ပထမ အသုတ်အဖြစ် ပြန်လည် ဝင်ရောက်လာတာလို့ သူက ပြောပါတယ်။ “နောင်ချိုကို TNLA တပ်ဖွဲ့ ထိန်းချုပ်ထားချိန်တောင်ကြီးမြို့မှာ ခေတ္တရုံးဖွင့်ထားခဲ့ရတဲ့ နိုင်ငံ့ ဝန်ထမ်းတွေလည်း နောင်ချိုမြို့ကိုပြန်လည်…
Read MoreDay: July 20, 2025
ညိန်းနိဒါန်း (သို့မဟုတ်) နိဂုံးမချုပ်သော “ငြိမ်း” (၅)
ဆူးငှက် တကယ်တော့ မန္တလေးသင်္ကြန်သည် ၁၉၃၀ ခုနှစ်မတိုင်မီ ၁၉၂၆,၂၇ခုနှစ်လောက်ကတည်းက မော်တော်ကား များပေါ်တွင် တူရိယာ ပစ္စည်းများတင် ကာ ညအချိန်၌ လှည့်လည် တီးမှုတ်ဖျော်ဖြေမှုများ စတင်နေပြီဖြစ်၏။ ၁၉၃၀ ခုနှစ် ကျော်သောအခါ မော်တော်ယာဉ်ကို အလှအပများ ဆင်ယင်လာကြသည်။ ရုပ်လုံးဒီဇိုင်းများ ဆင်လာကြသည်။ ရှုတိုင်းယဉ် ရေသဘင်အသင်းက ပဥ္စရူပရုပ်၊ ပျိုတို့မောင် ရေသဘင်အသင်းက ကြက်ရုပ်၊ မြို့မရေသဘင်အသင်းက ငန်းရုပ်ကြီးများ ဆင်ယင်လှည့်လည်ကြ၏။ ပန်းချီ ရေခံထည်များအပြင် ဘက်ထရီမီးလုံးများနှင့်ပါ အလှဆင်လာကြသည်။ ဤသို့ဖြင့် အလှသင်္ကြန်၊ အကသင်္ကြန်၊ ဂီတသင်္ကြန်အဖြစ် ဆက်တိုက်ဆင်နွှဲလာခဲ့ကြရာ စစ်ကြီးဖြစ်သောအခါ အရှိန်ပျက် ရပ်တန့်သွားသည်။ စစ်ကြီးအပြီး ၁၉၄၇ ခုနှစ်ရောက်ပါမှ ရှေးမူမပျက် သင်္ကြန်ကို ပြန်လည်ဆင်နွှဲကြရန် စိုင်းပြင်းကြသည်။ မြန်မာသက္ကရာဇ် ၁၃၀၈ခုနှစ်မှ ၁၃၀၉ ခုနှစ်အကူး ၁၉၄၇ သင်္ကြန်သည် စစ်ပြီးခေတ်၌ ပထမဆုံးစတင်စည်ကားခဲ့သည့် သင်္ကြန်ဖြစ်သည်။…
Read Moreထောင်ကျနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင် အင်းစိန်ထောင်မှာ ကွယ်လွန်
ဇူလိုင် ၂၀၊ ၂၀၂၅ GG (VOM) ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် ၇ နှစ်ချခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ၊ နိုင်ငံရေးအကျဥ်းသူ မ၀တ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ အင်းစိန်ထောင်တွင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ မဝတ်ရည်အောင် သေဆုံးသွားပြီဖြစ်ကြောင်းကို အင်းစိန်ထောင်တွင်း တာဝန်ရှိသူတွေက မိသားစုထံ အကြောင်းကြားမှုအရသိရှိရတာဖြစ်ပြီး သေဆုံးချိန်မှာ မဝတ်ရည်အောင်ဟာ အသက် ၂၅ နှစ်သာရှိသေးတယ်လို့သိရပါတယ်။ ” နာရေးကတော့ လုပ်ဖြစ်မယ်လို့သိရတယ်။ အခုအလောင်းက အပြင်ဆေးရုံရောက်နေပြီပြောတယ်။ နောက်ဆုံးဆေးစစ်ချက်အဖြေကိုတော့ မိသားစုကမရသေးဘူး။” လို့ မိသားစုနဲ့နီးစပ်သူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကပြောပါတယ်။ မဝတ်ရည်အောင်က ပြီးခဲတဲ့ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးအဲဒီနောက်မှာ နိုင်ငံတော် အကြည်ညို ပျက်စေမှုဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၂၃…
Read Moreစစ်သင်္ဘောတွေ ချင်းတွင်းမြစ်မှာ ဆန်တက်လာလို့ မြစ်ကမ်းနံဘေးက ကျေးရွာတွေ တိမ်းရှောင်
ဇူလိုင် ၂၀ – ၂၀၂၅ SN (VOM) ချင်းတွင်း မြစ်ကြောင်းတလျှောက် စစ်သင်္ဘောတွေ ဆန်တက်လာလို့ မြစ်ကမ်းနံဘေးက ကျေးရွာတွေ တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ စစ်သင်္ဘောကြီး သုံးစီး၊ သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း အစီး ၃၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ပြီး မုံရွာမြို့နယ် အလုံဆိပ်ကမ်းကနေ ဟုမ္မလင်း – ခန္တီးဘက်ကို ဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း လေကြောင်း လုံခြုံရေးယူပြီး ဆန်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မင်းကင်း၊ ကလေးဝ၊ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ မော်လိုက်၊ ဖောင်းပြင် စတဲ့ မြို့နယ်တွေက မြစ်ကမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေ စစ်ဘေး တိမ်းရှောင်နေကြရတာလို့ သိရပါတယ်။ “စစ်သင်္ဘောတွေက…
Read Moreသီပေါမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာတွေ မကြာခဏဖြစ်လာလို့ မြို့တွင်းလူသိပ်မနေရဲတော့
ဇူလိုင် ၂၀၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ သီပေါမှာ ဆယ်ရက်ကျော်အတွင်း လေကြောင်းနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီရက်ပိုင်းအတွင်း သီပေါမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာ သုံးကြိမ် ရှိပြီး လူ သေဆုံးတာ နှစ်ယောက်၊ ဒဏ်ရာရ ပြင်းထန် တယောက်၊ မစိုးရိမ် ဒဏ်ရာရတာ သုံးယောက်ရှိတယ်” လို့ သူက ပြောပါတယ်။ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ည ၁၁ နာရီ ခွဲကျော် ဝနးကျင်မှာလည်း သီပေါမြို့ သုံးနေရာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရပြီး လူထိခိုက်တာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။ “မနေ့ညက ကျတဲ့ လေယာဉ်ဗုံး သုံးလုံးထဲက တလုံးဝောာ့ မကွဲဘူး။ ၃ နေရာချတာ တနေရာမကွဲတာ။ ထောင်ထဲ…
Read Moreအမြန်လမ်း ၃၁၈ မိုင်မှာ တိုက်ပွဲသံကြားလို့ အမြန်လမ်း အသွားအလာ ယာယီရပ်တန့်ခဲ့ရ
ဇူလိုင် ၂၀၊၂၀၂၅ GG (VOM) ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပြင်စည်ရဲစခန်းအပိုင် မိုင်တိုင် ၃၁၈ အနီးမှာ ဒီနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီကျော်လောက်က နစကလုံခြုံရေးတပ်ဖွဲ့ နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တို့ မြေပြင်ပစ်ခတ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ခရီးသွားပြည်သူတယောက်က ” တိုက်ပွဲဖြစ်တဲ့ ပစ်ခတ်သံတွေကြား ကားတွေလည်းအကုန် ရပ်ထားပြီ ရှေ့ဆက်မသွားရဲတော့ဘူး ။ ခုတော့ငြိမ်သွားပါပြီ အေးဆေးဖြစ်သွားပြီ။” လို့ သူရဲ့လူမှုကွန်ယက်ကနေ အသိပေးပြော ဆိုပါတယ်။ တိုက်ပွဲပစ်ခတ်မှုဖြစ်ပွားမှုက တနာရီလောက်ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားချိန်မှာ အမြန်လမ်းပေါ်သွားလာမှုရပ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ အဆိုပါအမြန်လမ်း ၃၁၈ မိုင်က နွားထိုးကြီး မြို့နယ် ၊ ပြင်စည်ရဲစခန်းအပိုင်ဖြစ်တာကြောင့် ဒီနေ့မနက်ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအခြေ အနေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့အတွက် ပြင်စည်အမြန်လမ်းရဲကင်းကို VOM မှဆက်သွယ်ခဲ့ပေမယ့်…
Read Moreမန္တလေးအနီး တိုက်ပွဲတချို့ ပြန်ဖြစ်လာ
ဇူလိုင် ၂၀၊ ၂၀၂၅ Shy V (VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ သရက်ကိုင်းရွာ၊ မြကံသာရွာ နဲ့ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းရွာ တွေမှာ ဇူလိုင်လ ၂၀ ရက်နေ့ ဒီနေ့မနက် အစောပိုင်းကစ နစက တပ်ဖွဲ့နဲ့ TNLA, MDY-PDF ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲ ဖြစ်ပွားကြောင်း ယာဉ်မောင်းတွေ၊ နှစ်ဖက်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “မတ္တရာ လမ်းဘက် တိုက်ပွဲ ဖြစ်နေတယ်လို့ ကြားရတယ်။ ရွှေဘိုလမ်းဘက်လည်း ပိတ်တယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ မတ္တရာမြို့နယ်နဲ့ ထိစပ်နေတဲ့ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်က နစက တပ်စခန်း တချို့ကို ဇူလိုင်လ ၂၀ ရက်နေ့ မနက်က PDF တွေ သွားရောက်…
Read Moreစစ်တောင်းမြစ်ရေ မြင့်တက်လာလို့ တောင်ငူမြို့က ကျေးရွာတွေအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်
ဇူလိုင် ၂၀ – ၂၀၂၅ SS (VOM) စစ်တောင်းမြစ်ရေ မြင့်တက်လာတဲ့အတွက် တောင်ငူမြို့နယ်၊ အနိမ့်ပိုင်းနေရာတွေက ကျေးရွာတွေအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ Save The Trees Rescue Team မှ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုကျော်သူရက ပြောပါတယ်။ လက်ရှိမှာ တောင်ငူမြို့နယ်အတွင်းက ပြသောင်၊ အလယ်ကျွန်း၊ ကြက်လျှာဇွန်း၊ မြစ်ကြီးပေါက်နဲ့ သဖန်းပင်ရွာ အပါအဝင် တခြားသော ကျေးရွာတွေမှာ ရေဝင်ရောက်မှု ဖြစ်ပေါ်နေပြီး ဒေသခံတချို့ ကယ်ဆယ်ရေး စခန်းတွေဆီ ပြောင်းရွှေ့ နေထိုင်နေရတယ်လို့ သိရပါတယ်။ “ရွာတွေမှာ ရေဝင်ရောက်နေတာက လေး၊ ငါးရက်လောက်တော့ ရှိပြီ။ အခုချိန်ထိတော့ အများကြီးတော့ အိမ်တွေ ရွှေ့ပြောင်းတာ မရှိသေးဘူး။ လာမယ့်ရက်ပိုင်း မြစ်ရေမြင့်တက်မှု အခြေအနေကို စောင့်ကြည့်နေကြတာပေါ့။ တောင်ငူ၊ အလယ်ကျွန်းကတော့ လက်ရှိ မြစ်ရေကြီးမှု အခြေအနေကနေ ရေထပ်တိုးရင်…
Read More