ဩဂုတ် ၁ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် ၊ ပြင်ဦးလွင် – အဆင်း မိုင်တိုင် ၁၆ / ၁၇ အကြား ၊အိုးတလုံးကွေ့အနီး မှာ ဇူလိုင် ၃၁ ရက်နေ့ညပိုင်းက ၂၂ ဘီးကားနဲ့ အံစာတုံးကား တိုက်မိပြီး နှစ်ယောက်သေဆုံးကာ တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ၂၂ ဘီးကားက အရှိန်မထိန်းနိုင်ဘဲ အံစားတုံးကားကို နောက်မှဝင်တိုက်မိပြီး ၂၂ ဘီးကားက လမ်းဘေးရှိ ပေ ၁၅၀ ကျော်နက်တဲ့ချောက်ထဲကို ပြုတ်ကျခဲ့ပြီး အဆိုပါ ကားပေါ်လိုက်လာတဲ့ အမျိုးသားနှစ်ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” သေတာက ယာဥ်မောင်းနဲ့ယာဥ်အကူပေါ့။ ကားကချောက်ထဲကျသွားတော့ အလောင်းကိုတောင် မနည်းသယ်ထုတ်လိုက်ရတယ်။၂၂ ဘီးကားက သကြားတင်လာတာ။အရှိန်များပြီးမထိန်းနိုင်ဘဲ အံစားတုံးကိုဝင်တိုက်ပြီး ချောက်ထဲကျသွားတာ။” လို့ ဒေသခံ လုမှုကူညီရေးအဖွဲ့ဝင် တယောက်ကပြောပါတယ်။ ယာဥ်တိုက်မှုအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကတော့…
Read MoreDay: August 1, 2025
စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ ၆၃ မြို့မှာ စစ်ရေးပိုမို တင်းမာလာနိုင်
ဩဂုတ် ၁ – ၂၀၂၅ SN (VOM) တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ကိုးခုက မြို့နယ် ၆၃ မြို့နယ်ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က မနေ့ ဇူလိုင် ၃၁ ရက်၊ ညပိုင်းက အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ မြို့နယ်တွေထဲမှာ KIA, MNDAA, AA, KNDF, TNLA, PDF, KNU, UWSA, NDAA အပါအဝင် ဒေသတွင်း လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်သလို မငြိမ်းချမ်းသေးတဲ့ မြို့နယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကာလုံအနေနဲ့ လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ မြို့နယ်တွေမှာ ရက်ပေါင်း…
Read Moreရေနီမြောင်း ချိုဆိမ့် (၅)
ဆူးငှက် ကျွန်တော် သည်နေရာဆီသို့ ဦးတည်ရခြင်းက လက်ဖက်ရည် ဆိုင်ကလေးတစ်ဆိုင်ဆီသို့ တစ်ခုတ်တရ လာခြင်းပင်ဖြစ်သည်။ ထိုနေရာ တွင် အလှဆင် ပလာစတာကြွေရည်သုတ် မျက်နှာကြက်မရှိ။ တစိမ့်စိမ့် အေးမြသည့် လေအေးစက်မရှိ၊ အလူမီနီယံဘောင်ကွပ် မှန်တံခါးတွေမရှိ၊ ကြွေပြားရောင်စုံကြမ်းခင်းမရှိ၊ ဖော်မိုက်ကာစားပွဲခုံမရှိ၊ သံမဏိခြေထောက် တပ် ခွေးခြေခုံလေးတွေမရှိ၊ လက်နောက်ပစ် ခေါင်းလေးငုံ့ကာ အသင့် အနေအထားဖြင့် ပေရပ်နေမည့် ယူနီဖောင်းဝတ် စားပွဲထိုးလည်း မရှိ။ အီနောက်နောက် ဒင်းမ်ဆမ်းစားသောက်ဖွယ်ရာလည်း မရှိ။ တိုးညင်းသက်သာ တေးသံစုံလည်း မရှိ။ ပိုက်ဆံပေးပြီး ကိုယ့် ဘာသာ ဖျော်သောက်ရမည့် စုံစီနဖာပစ္စည်းကိရိယာတွေလည်း မရှိ။ ထို့အတူ ထိုနေရာသည် ပလတ်စတစ်ပိန့်ဆေးဖြူသုတ် အဆောက် အအုံမရှိ၊ စားပွဲပုနှင့် ခွေးခြေခုံဆင်တူတွေမရှိ၊ တဝေါဝေါ ဆူညံကာ အုန်းအုန်းကြွက်ကြွက် စည်ကားလှပြီး တိုးဝှေ့ထိုင်ရသော ပရိသတ်မရှိ၊ ဆူဆူညံညံ ကျယ်ကျယ်လောင်လောင်ဖွင့်ထားသော ကက်ဆက်သံမရှိ (သို့မဟုတ်)…
Read Moreပဲခူးက ကျောင်းသား ၁၇ ယောက်ကို အဓမ္မကျင့်လိင်တူဆက်ဆံတဲ့ကျောင်းဆရာနဲ့ ၇ တန်းကျောင်းသားကို သတ်ခဲ့တဲ့တရားခံတွေကို မသေမချင်းကြိုးကွင်းစွပ် သေဒဏ်အပြင် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်
ဩဂုတ် ၁ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်း ပဲခူးမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ၇ တန်းကလေးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲဲ့တဲ့တရားခံတွေနဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မကျင့် လိင်တူဆက်ဆံခဲ့တဲ့ ကျောင်းဆရာတို့ကို သေဒဏ်အပြင် ၊ အလုပ်ကြမ်းနဲ့နှစ်ရှည်ထောင်ဒဏ်အသီးသီးကို ကျခံစေဖို့ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ အမှုအလိုက် ပြစ်ဒဏ်ချမှတ်မှုအနေနဲ့ကတော့ကျောင်းသား ၁၇ ယောက်ကို အလိုမတူဘဲ အဓမ္မကျင့်ပြီး လိင်တူဆက်ဆံခဲ့တဲ့ ကျောင်းဆရာကို ထောင်ဒဏ်အနှစ် ၄၀ ကျခံစေဖို့ ဇူလိုင် ၃၁ ရက်မှာ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ နောက်အမှုကတော့ ပဲခူးမြို့ ၊မဇင်းရပ်ကွက် ၊ မဟာစေတီ ၃ မှာနေထိုင်တဲ့ ၇ တန်းကျောင်းသား မောင်သက်နိုင်မင်းကို သတ်ဖြတ်ခဲ့တဲ့ တရားခံနှစ်ယောက်ကိုတော့ မသေမချင်းကြိုးကွင်းစွပ်သတ်စေ သေဒဏ်အပြင် အလုပ်နဲ့ထောင်အနှစ် ၂၀ ကျခံစေဖို့ ပဲခူးခရိုင်တရားရုံးက ဇူလိုင်…
Read Moreဝန်ကြီးချုပ်ဟောင်းရဲ့ ပါတီဝင် ၁၀၀ ကျော်ကို ပါကစ္စတန်အာဏာပိုင်တွေ ထောင်ဒဏ်ချမှတ်
အစ္စလာမ္မာဘတ်၊ ဩဂုတ်-၁-၂၀၂၅ ရတီ(VOM) ပါကစ္စတန်အစိုးရက ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အီမရာခန်းရဲ့ ပါတီဝင် ၁၀၈ ယောက်ကို ၂၀၂၃ခု နှစ်က စစ်တပ်ဆန့်ကျင်ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ၂၀၂၃ခုနှစ် မေလမှာ အီမာရန်ခန်ကို ခြစားမှုစွဲချက်နဲ့ ဖမ်းဆီးခဲ့ပြီးနောက် တနိုင်ငံလုံးမှာ အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အစိုးရက လူအများအပြားကို ပြစ်ဒဏ်တွေချမှတ်ခဲ့ပြီး လက်ရှိ အတိုက်အခံခေါင်းဆောင် အိုမာရ်အာယုခန်းကို ၁၀နှစ်ထောင်ဒဏ်အပါအဝင် ပါတီဝင်တွေကို ဒီအမိန့်တွေ ချမှတ်လိုက်တာဟာ အီမာရန်ခန်ရဲ့ပါတီ PTI ကို ကြီးမားတဲ့ထိုးနက်ချက်လည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှုဆန့်ကျင်ရေးတရားရုံးရဲ့ဆုံးဖြတ်ချက်ကို အတိုက်အခံတွေက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ PTI အမတ် ခြောက်ယောက်ကိုလည်း ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ PTI က တော့ ဒါဟာပါကစ္စတန်တရားစီရင်ရေးသမိုင်းမှာ ပထမဆုံးအကြိမ် ဝမ်းနည်းဖွယ်ရာ အမှောင်ကျတဲ့နေ့လို့ ပြောပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးမှာ အတိုက်အခံခေါင်းဆောင်တွေကို အီမာရန်ခန်းကို…
Read Moreမြန်မာ့ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေမှု ကုလသမဂ္ဂ စိုးရိမ်ပူပန်ပြန်
နယူးယောက်၊ ဩဂုတ်-၁-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတံ့အပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေချိန်မှာ မြန်မာပြည်သူတွေ လွတ်လပ်စွာနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးအခွင့်အရေးတွေကို သုံးစွဲနိုင်ဖို့ လုံခြုံရေးအခြေအနေတွေ မရှိသေးတဲ့အတွက် ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမသင့်သေးဘူးလို့ ဆိုပါတယ်။ ဒီအပေါ် စိုးရိမ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို စိုးရိမ်နေ့ပြီး ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေး အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့အခြေအနေကနေ ထွက်ပေါက်ရှာဖို့ဆိုရင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မတ်လ ၂၈ရက်က ငလျင်ဒဏ်ကြောင့် ပိုမိုဆိုးရွားလာတဲ့ လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့တွေကို အတားအဆီးမရှိ ပို့ဆောင်နိုင်ဖို့ လိုအပ်တယ်လို့လည်း ဂူတာရက်စ်က ပြောပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉…
Read Moreမြန်မာ့နိုင်ငံရေးတိုး တက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပမှု ဂျပန်သတိပေး
တိုကျို၊ ဩဂုတ်-၁-၂၀၂၅ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပမှုဟာ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ပိုမိုခက်ခဲလာမှာကို စိုးရိမ်ပူပန်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိုင်ဝါယာတာကီရှီက ပြောပါတယ်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း လေး နှစ်ခွဲကြာသည့်တိုင် အခြေအနေမှာ ဆိုးရွားလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အများအပြားသော နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ချုပ်နှောင်ခံနေရဆဲဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆပ်လက်ဖြစ်ပွားနေတာကို ဂျပန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေအောက်မှာ မြန်မာအာဏာပိုင်တွေ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ အရေးပေါ်အခြေအနေကြေညာချက်ရုပ်သိမ်းကာ ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဇန်နဝါရီအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အထွေထွေရွေးကောက်ပွဲတွေကို ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး လမ်းကြောင်းတခုအဖြစ် ရှုမြင်သော်လည်း၊ အကျဉ်းသားတွေလွှတ်ပေးခြင်း၊ ဆက်စပ်အင်အားစုနဲ့အဖွဲ့တွေအကြား သိသာထင်ရှားတဲ့ နိုင်ငံရေးတိုးတက်မှုလက္ခဏာတွေ…
Read Moreဘားအံတမြို့လုံးနီးပါး ရေကြီး
ဩဂုတ် ၁ ၊ ၂၀၂၅ GG(VOM) ကရင်ပြည်နယ် ၊ ဘားအံမြို့မှာ သံလွင်မြစ်ရေက ၉ ရက်ကြာတဲ့အထိ ဆက်တိုက်တိုးလာနေတဲ့အတွက် တမြို့လုံးနီးပါး ရေကြီးမှုဖြစ်ပွားနေပြီး မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်မှာဆိုရင် နေအိမ်တွေ ရေနစ်မြုပ်တဲ့အထိ ရှိနေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ မြစ်ရေဆက်တိုက်တိုးလာတာကြောင့် မြို့ထဲကို ကား ကြီးသာ ဝင်ရောက်နိုင်တဲ့ အခြေအနေရှိပြီး.ကားသေးဝင်ရောက်ဖို့ မလွယ်တော့ကြောင်း ၊ ဘားအံ့မြို့နယ်ထဲက အထင်ကရနေရာဖြစ်တဲ့ ကော့ဂွန်း ၊ ဆန္ဒန်ဂူ ၊ နော့ခလိုင်ဂူ စတဲ့နေရာတွေမှာလည်း ရေလွှမ်းမိုးနေပြီး သွားလာလို့ မရတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ” ရေက ဆက်တိုးလာတယ်။အခုက ဘယ်နေရာမှသွားဖို့မလွယ်တော့ဘူး။ နော့ခလိုင်ဂူဘက်ဆို ဂူဝကရေမြုပ်သွားပြီမြင်ကိုမမြင်ရတော့ ဘူး ။အခုရေကတမြို့လုံး ရေကြီးနေတာ။မြို့ထဲလည်း တွဲကားကြီးတွေလောက်ပဲသွားလို့ရတယ်။ကားသေးက မလွယ်ဘူး။မြို့ထဲမှာ နေရာတိုင်းရေကြီးနေတယ်။ကျွန်တော်တို့ဘားအံက မြေနေရာမညီဘူးလေ။နိမ့်တဲ့နေရာက နိမ့်ပြီး ကုန်ကျတဲ့နေရာကသပ်သပ်ဆိုတော့ နိမ့်တဲ့နေရာတွေက အခုရေနစ်မြုပ်မှုဆိုးတယ်။ဆယ်အိမ်စု၊အမှတ် ၅ ဘက်ဆိုရင် အုတ်ဖိုတို့ဥယျာဥ်လမ်းတို့ တော်တော်များများပဲမြုပ်ကုန်ပြီ။တချို့အိမ်တွေဆို…
Read Moreတရုတ်နိုင်ငံ ချုံကင်းမှာ အပူလှိုင်းကြောင့် အနီရောင် သတိပေးချက် ထုတ်ပြန်
ပေကျင်း၊ ဩဂုတ်-၁-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံကင်းမြို့မှာ ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ထိ ပူပြင်းမှုတွေ ရက်အတန်ကြာ ဖြစ်ပွားနေတာကြောင့် မြို့ခံတွေဟာ အပူဒဏ်ရှောင်ရှားရေးနဲ့ လျော့ပါးသက်သာရေး ဖြေရှင်းနေရပါတယ်။ “နှစ်တိုင်း ပိုပူလာနေတယ်” လို့ အသက် ၆၀ အရွယ် မြို့ခံတယောက်က ပြောပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲအပူချိန် မြင့်တက်လာချိန်မှာ သူဟာ မြေအောက်ရထားဝင်ပေါက်အတွင်း လေအေးပေးစက်ဖွင့်ထားတဲ့ နေရာမှာ အခြားသူ အငြိမ်းစား ၁၀၀ နဲ့အတူ အပူရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံတဝန်းမှာ စံချိန်တင်အပူချိန်တွေကြောင့် လျှပ်စစ်သုံးစွဲမှု တနေ့တည်း ကီလိုဝပ် ဘီလီယံ ၁.၅ ကျော်သွားပြီး ဇူလိုင်လတလအတွင်း စံချိန်သစ် လေးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက် နေဝင်ချိန်မှာတော့ အပူရှောင်ဖို့အတွက် ယန်ဇီမြစ်ကမ်းစပ်သို့ ရေလာကူးသူတွေ ပြည့်နှက်နေပါတယ်။ တပတ်ကြာချိန်ထိ အပူချိန်…
Read More