ဂါဇာမြို့တော်ကို သိမ်းပိုက်မယ့်အစီအစဉ်အပေါ် ဝေဖန်ရှုတ်ချမှု အစ္စရေး ပယ်ချ

တဲလ်အဗစ်၊ ဩဂုတ်-၉-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာမြို့တော်ကို ထိန်းချုပ်ဖို့ အစီအစဉ်အား အတည်ပြုခဲ့သည့် အစ္စရေးအစိုးရကို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝေဖန်မှုတွေကို အစ္စရေးက တင်းတင်းမာမာပဲ ပယ်ချလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီး Israel Katz က အစ္စရေးရှုတ်ချပြီး ဒဏ်ခတ်မှုခြိမ်းခြောက်တဲ့ နိုင်ငံတွေကြောင့် မိမိတို့ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှုကို အားနည်းမသွားစေဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးကက်ဇ်က ပြောပါတယ်။
ဂါဇာမှာ စစ်ဆင်ရေးတွေ ထပ်မံချဲ့ထွင်မယ့် အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါ အပါအဝင် နိုင်ငံအချို့က ရှုတ်ချခဲ့ပြီး ဂျာမနီကတော့ အစ္စရေးကို စစ်လက်နက်တင်ပို့မှုများ ရပ်ဆိုင်းခဲ့ပါတယ်။
အစ္စရေး အတည်ပြုခဲ့တဲ့ အစီအစဉ်မှာ စစ်ပွဲအဆုံးသတ်ဖို့ အခြေခံမူငါးချက် ပါဝင်ပါတယ်။ ဒါတွေကတော့ ဟားမတ်စ်အဖွဲ့ လက်နက်ဖျက်သိမ်းခြင်း၊ ဓါးစာခံအားလုံး လွတ်မြောက်ရေး၊ ဂါဇာကမ်းမြှောင်ဒေသကို စစ်ရေးတွေ အကုန်ဖြုတ်သိမ်းဖို့၊ နယ်မြေအား လုံခြုံရေး အစီအမံတွေ ရေးဆွဲဖို့ ၊ ဟားမတ်စ် သို့မဟုတ် ပါလက်စတိုင်းအာဏာပိုင်တွေ မဟုတ်တဲ့ အခြားအရပ်သားအုပ်ချုပ်ရေ ထူထောင်ရန် တို့ဖြစ်ပါတယ်။
အစ္စရေး မီဒီယာတွေကတော့ ဒီအစီအစဉ်ဟာ ကနဦးမှာ ဂါဇာမြို့တော်အား အပြည့်အဝထိန်းချုပ်ရန်နဲ့ လူဦးရေတသန်းခန့်ကို တောင်ဘက်သို့ ရွှေ့ပြောင်းဖို့တွေပါဝင်တယ်လို့ ပြောပါတယ်။ အစ္စရေးတပ်တွေဟာ ဂါဇာအလယ်ပိုင်းရှိ ဒုက္ခသည်စခန်းတွေနဲ့ ဓါးစာခံရှိနိုင်တဲ့ နေရာများကိုလည်း ထိန်းချုပ်မှာဖြစ်ပါတယ်။
အချိန်အနည်းငယ်ကြာပြီးနောက် ဒုတိယအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ဖို့တွေလုပ်မယ်လို့ ဖော်ပြထားပါတယ်။ ဂါဇာကို သိမ်းပိုက်မယ့်အစီအစဉ်ကို အစ္စရေး စစ်ဘက်အရာရှိအချိူ့နဲ့ ဓါးစာခံမိသားစုတွေအပါအဝင် အချို့သောသူတွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံနေရပါတယ်။
ဂါဇာမြို့တော်ကို သိမ်းပိုက်မယ့် အစီအစဉ်ဟာ “စစ်ရာဇဝတ်မှုအသစ်တခု ” ဖြစ်ပြီး အစ္စရေးတွက် အလျော်အစားကြီးလိမ့်မယ်လို့ ဟားမတ်စ်အဖွဲ့က သတိပေးထားပါတယ်။
သောကြာနေ့မှာတေ့ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများက ဒီအစီအစဉ်အား ပယ်ချတဲ့ ပူးတွဲထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး ဂါဇာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို မီးလောင်ရာလေပင့်ဖြစ်စေတယ်လို့ ဝေဖန်ထားပါတယ်။
“မည်သည့်သိမ်းပိုက်မှုသို့မဟုတ် နယ်မြေချဲ့ထွင်မှုကြိုးပမ်းမှုမဆို နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ် ” လို့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ ပိုမိုကြီးမားတဲ့ အတင်းအကျပ်ရွှေ့ပြောင်းခံရမှု၊ ပိုမိုသေကြေမှု၊ ဆင်းရဲဒုက္ခ၊ အဓိပ္ပါယ်မဲ့ပျက်စီးမှုနဲ့ သေကြေမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကလည်း သတိပေးထားပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW