ကွာလာလမ်ပူ၊ ဩဂုတ်-၉-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေရုပ်သိမ်းပြီးနောက် မလေးရှားဦးဆောင်တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ လာမယ့်လမှာ မြန်မာကို လာရောက်မယ်လို့ မလေးရှာနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။ ဒီခရီးစဉ်မှာ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် မြန်မာ့အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိဖို့ ဒီခရီးစဉ်ကို စီစဉ်တာလို့ ပြောပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာအာဏာပိုင်တွေအပေါ် အပေါ် ဖိအားမြှင့်တင်ဖို့ ကြိုးစားနေပေမယ့် ယခုအထိ အောင်မြင်မှုမရသေးဘူး။ အာဏာပိုင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အတိုက်အခံအုပ်စုတွေက သပိတ်မှောက်မယ်လို့ ဆိုထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ သွေးထွက်သံယိုကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို အာဆီယံထိပ်သီးအစည်း အဝေးတွေတက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့်…
Read MoreDay: August 9, 2025
ရန်ကုန်-ဒလ တံတားစီမံကိန်းပြီးစီးလုနီးလို့ ဒလ အိမ်ခြံမြေဈေး သိန်းသောင်းချီစျေးခေါ်မှုတွေရှိလာ
ဩဂုတ် ၉ – ၂ဝ၂၅ KKO(VOM) ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ လတ်တလောမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်လို့ ဒလမြို့နယ်ရဲ့ အိမ်ခြံမြေစျေးနှုန်းတွေဟာလည်း အဆမတန်မြင့်တက်လာပြီး သိန်းသောင်းချီအထိပေါက်စျေးရှိလာသ လို ကျပ်သိန်း ၃ သောင်းကနေ ကျပ်သိန်း ၄ သောင်းခွဲလောက်အထိ စျေးခေါ်ရောင်းချမှုတွရှိလာတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ ၂၀၁၉ ခုနှစ်၊မေလမှာ စတင်ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ အရှည်ဆုံးတံတားထဲမှာ တစင်း အပါအဝင်ဖြစ်တဲ့ ရန်ကုန်-ဒလတံတား(ခေါ်)ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းဟာ လက်ရှိကာလမှာ ပြီးစီးလုနီးပါးဖြစ်လာပြီး တံတားအလယ်ရှိ ပင်မလမ်းကြောင်းကိုပါ အခုသြဂုတ်လ အတွင်းမှာချိတ်ဆက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တံတားပြီးပြီဆိုတော့ ဒလဘက်က မြေဈေးတွေက တအားတက်လာတယ်။မြေဈေး အိမ်ဈေးအကုန် တက်ပဲ၊ဂျောင်ကျတဲ့ အတွင်းပိုင်းရပ်ကွက်တွေမှာတောင် ဈေးတွေကသိန်းထောင်ချီဖြစ်နေတယ်။တစနဲ့ တစတက်လာတာပေါ့၊တံတားနဲ့ နီးတဲ့ ရပ်ကွက်တွေဆို ဟိုးအရင်ကမကြားဘူးတဲ့ဈေးတွေတောင်ဖြစ် နေတယ်”လို့ ဒလမြို့ခံတယောက်က VOM ကို ပြောပါတယ်။…
Read Moreထရန့်နဲ့ ပူတင် အလက်စကာမှာ ထိပ်သီးဆွေးနွေးတော့မယ်
ဝါရှင်တန် ၊ ဩဂုတ်-၉-၂၀၂၅ ရတီ(VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်နိုင်ငံ အလာစကာပြည်နယ်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူကရိန်းသမ္မတ ဇယ်လင်စကီးအပါအဝင် သက်ဆိုင်သူတွေဟာ စစ်ပြေငြိမ်းရေးသဘောတူညီချက်နဲ့ နီးစပ်နေပြီလို့ ပြောကြားခဲ့တယ်။ ဒီသဘောတူညီချက်မှာ ယူကရိန်းဘက်က နယ်မြေပေးရနိုင်တာတွေရှိမယ်လို့ သူက ဆိုပါတယ်။ သုံးနှစ်ခွဲကြာ စစ်ပွဲအဆုံးသတ်ရေးအတွက် နယ်မြေတွေနဲ့ပတ်သက်ပြီး သဘောတူရမှာတွေရှိတယ်လို့ ထရန့်က ပြောပါတယ်။ ဒီထိပ်သီးအစည်းအဝေးကို ရုရှားဘက်ကလည်း အတည်ပြုခဲ့တယ်။ ယူကရိန်းအကျပ်အတည်းကို ရေရှည်ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အဓိကထား ဆွေးနွေးမယ် လို့ ပူတင်ရဲ့ အကြံပေးက ပြောပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ စိန်ခေါ်မှုတွေရှိနေပေမယ့် ရုရှားအနေနဲ့ တက်ကြွစွာ ပါဝင်မယ်လို့ ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားအပေါ် လုံလောက်တဲ့ ဖိအားပေးနိုင်မယ်ဆိုရင် စစ်ပြေငြိမ်းရေး ရနိုင်တယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံတကာခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့လည်း အဆက်အသွယ်ရှိနေတယ်လို့…
Read Moreအမျိုးသားရေးလှုပ်ရှားသူ ဇော်ဘုန်းဟိန်း အလုပ်နဲ့ထောင် ၁၁ နှစ်ချမှတ်ခံ
ဩဂုတ် ၉ ၊ ၂၀၂၅ GG(VOM.) အမျိုးသားရေးလှုပ်ရှားသူ ဇော်ဘုန်းဟိန်းကို ဩဂုတ် ၈ရက်မှာ ပြင်ဦးလွင်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ ကိုဇော်ဘုန်းဟိန်း ထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ကန်ကြောင်း ပေါက်ကိုယ်တော်ကလည်း အတည်ပြုပြောဆိုထားသလို မိသားစုဝင်ဘက်ကလည်း မီဒီယာသမားတယောက်ကိုပြောဆိုထားပါတယ်။ ပေါက်ကိုယ်တော်က “ကိုဇော်ဘုန်းဟိန်းကိုအမိန့်ချလိုက်ပါပြီ။ ၁၁ နှစ်လို့သိတယ်။ကိုဇော်ဘုန်းဟိန်းကိုဝန်းရံတဲ့သူတွေ အနီးကပ်လူတွေ ပြည်ပကိုအားမကိုးပါနဲ့၊တခါတလေ ပြည်ပကြောင့်ဒုက္ခရောက်သွားသူတွေရှိပါတယ်။ပြည်ပကလူတေ်ကဘာမှလုပ်မပေးနိုင်ပါဘူး။အဲတော့ ဦးဇင်းတို့က ကိုဇော်ဘုန်းဟိန်းကို လွတ်ငြိမ်းပဲမျှော်ရတော့မယ်။ဘာပြောပြော ဥပဒေအထက်မှာဘယ်သူမှမရှိစေရဆိုတော့ ဥပဒေအလုပ် ဥပဒေအတိုင်းလုပ်မှာ ဥပဒေအတိုင်း ဆော်မှာပဲ။အပြစ်ပြောလို့မရဘူး။လွတ်ငြိမ်းကိုပဲမျှော်ရမယ်။ကိုဇော်ဘုန်းဟိန်းကလည်းသူ့ကိုအမိန့်ချပေမယ့် ပျော်ပျော်ကြီးပါဘဲ။ အပြုံးမပျက်ပါဘူး။” လို့ လူမှုကွန်ယက်စာမျက်နာကနေ ပြောဆိုထားပါတယ်။ ကိုဇော်ဘုန်းဟိန်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ခ)(၁၅)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ( က) အပါအဝင် ပုဒ်မအချို့အတွက် အလုပ်နဲ့ထောင် ၁၁ နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ ကိုဇော်ဘုန်းဟိန်းအနေနဲ့ ရန်ကုန်…
Read Moreမန္တလေးမှာ ဆိုင်ကယ်မောင်းနှင်တဲ့သူတွေကို ဓားပြချိန်းခြောက်ပြီး လုယက်တဲ့အမှုတွေ အဖြစ်များလာ
မန္တလေး၊ သြဂုတ် – ၉- ၂၀၂ SA(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၁၁၀ E လမ်း၊ ၄၉ လမ်းနဲ့ ၅၀ လမ်းကြားမှာ မနေ့ သြဂုတ်လ ၈ ရက်နေ့ ည ၈ နာရီဝန်း ကျင်ခန့်က ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိသုံးယောက်ကို လုယက်သူနှစ်ဦးက ဓားပြခြိမ်းချောက်ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးသွားခဲ့တဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ယက်စာမျက်နှာတခုမှာ တွေ့ရပါတယ်။ ” MDY အခြေအနေကတော့ ကိုယ်တိုင်ခံလိုက်ရပြီ၊ ခလေးတွေထိမှာဆိုးလို့ အေးဆေးပေးလိုက်ရတယ်၊ ငါ့ဆိုင်ကယ်လေး နှမြောပေမယ့် ခလေးတွေဘာမှ မဖြစ်ပါဘူးဆိုတဲ့စိတ်နဲ့ ဖြေနေရတယ် ” Moe Thu facebook account စားမျက်နှာမှာ ရုပ်သံဖိုင်နဲ့တကွ တင်ထားတာကိုတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်၊ ကား၊ အိုးဝေတွေကို ပစ်မှတ်ထား လုယက်သတ်ဖြတ်ခံရတဲ့ အရေ…
Read Moreရုပ်ရှင်အစည်းအရုံးဝင်၊တွေနဲ့ လျှောက်ထားဆဲ သူတွေကိုသာ ရိုက်ကူးခွင့်နဲ့ ဆင်ဆာ ထောက်ခံချက်ပေးမယ်
ဩဂုတ် ၉ ၊ ၂၀၂၅ GG (VOM) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်၊ အစည်းအရုံးဝင်အဖြစ်လျှောက်ထားဆဲ အနုပညာရှင်နဲ့ အတတ် ပညာရှင်တွေ ပါဝင်တဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယို ဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုတွေ ကိုသာ ရိုက်ကူးခွင့်ပေးပြီး ဆင်ဆာကြည့်ရှုခွင့်ထောက်ခံချက် ပေးတော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ အသိပေးလာပါတယ်။ အဆိုပါ ဆောင်ရွက်ချက်စနစ်သစ်ကို လာမယ့် အောက်တိုဘာလ ၁ ရက် မှစပြီး စတင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ခုလိုသတ်မှတ်လိုက်တဲ့အပေါ် ဒါရိုက်တာ ညိုမင်းလွင်က “ဒါကြီးက ဘယ်လိုစိတ်ကူးနဲ့လဲတော့ကျွန်တော်လည်းမသိပါဘူး။ကျွန်တော်တို့တလျှောက်လုံးသိထားခဲ့တာက ရုပ်ရှင်အစည်းအရုံးဝင်အဖြစ်လျှောက်ထားဖို့ဆိုတာသတ်မှတ်ထားတဲ့ရုပ်ရှင်၊ဗီဒီယိုကားအရေအတွက်ပြည့်အောင်ရိုက်ဖူးထားမှရမယ်။ အဲဒီလိုမရိုက်ဖူးသေးပဲနဲ့ရုပ်ရှင်အစည်းအရုံးဝင်အဖြစ်လျှောက်ထားလို့မရဘူး။ခုက အဲဒီလိုအစည်းအရုံးဝင်အဖြစ်လျှောက်ထားမှပဲကားထဲမှာခေါ်ရိုက်လို့ရမယ်ဆိုတော့ တကားမှမရိုက်ဖူးလည်းလျှောက်လို့ရနေပြီလား။” လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတော့ ခုလိုဆောင်ရွက်တာက ရုပ်ရှင်လောကသားတွေအတွက် ထိခိုက်မှုမရှိအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနဲ့ အစည်းရုံးဝင်ဖြစ်ဖို့အတွက်က ယခင် သတ်မှတ်ထားတဲ့…
Read Moreအိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာတွေကို ဆေးရုံကြီးတွေမှာပဲ ART ဆေး ထုတ်ပေးတော့မယ်
ဩဂုတ် ၉ – ၂၀၂၅ SN (VOM) အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူးစက်ခံ လူနာတွေအတွက် ART (Antiretroviral Therapy) ဆေးကို အစိုးရ ဆေးရုံကြီးတွေမှာပဲ ထုတ်ယူခွင့် ပေးတော့မှာ ဖြစ်တယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက သိရပါတယ်။ မနေ့ ဩဂုတ် ၈ ရက်ကနေ စတင်ပြီး မြန်မာနိုင်ငံတွင်းရှိ HIV/AIDS လူနာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ART ဆေးတွေကို အရပ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO အဖွဲ့တွေကနေတဆင့် ဆေးပေးခွင့် ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က “ကျွန်တော်တို့လည်း ဒီသတင်း ကြားပါတယ်။ သေချာသလောက်တော့ ရှိတယ်ပေါ့။ တကယ်လို့သာ ဒီသတင်း အတည်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်လဲ ဆိုတော့ ဒါက HIV/AIDS လူနာတွေအတွက် သတင်းကောင်းတော့ မဖြစ်နိုင်ဘူး”…
Read Moreဂါဇာမြို့တော်ကို သိမ်းပိုက်မယ့်အစီအစဉ်အပေါ် ဝေဖန်ရှုတ်ချမှု အစ္စရေး ပယ်ချ
တဲလ်အဗစ်၊ ဩဂုတ်-၉-၂၀၂၅ မျိုးဆက်(VOM) ဂါဇာမြို့တော်ကို ထိန်းချုပ်ဖို့ အစီအစဉ်အား အတည်ပြုခဲ့သည့် အစ္စရေးအစိုးရကို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝေဖန်မှုတွေကို အစ္စရေးက တင်းတင်းမာမာပဲ ပယ်ချလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီး Israel Katz က အစ္စရေးရှုတ်ချပြီး ဒဏ်ခတ်မှုခြိမ်းခြောက်တဲ့ နိုင်ငံတွေကြောင့် မိမိတို့ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှုကို အားနည်းမသွားစေဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးကက်ဇ်က ပြောပါတယ်။ ဂါဇာမှာ စစ်ဆင်ရေးတွေ ထပ်မံချဲ့ထွင်မယ့် အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါ အပါအဝင် နိုင်ငံအချို့က ရှုတ်ချခဲ့ပြီး ဂျာမနီကတော့ အစ္စရေးကို စစ်လက်နက်တင်ပို့မှုများ ရပ်ဆိုင်းခဲ့ပါတယ်။ အစ္စရေး အတည်ပြုခဲ့တဲ့ အစီအစဉ်မှာ စစ်ပွဲအဆုံးသတ်ဖို့ အခြေခံမူငါးချက် ပါဝင်ပါတယ်။ ဒါတွေကတော့ ဟားမတ်စ်အဖွဲ့ လက်နက်ဖျက်သိမ်းခြင်း၊ ဓါးစာခံအားလုံး လွတ်မြောက်ရေး၊ ဂါဇာကမ်းမြှောင်ဒေသကို စစ်ရေးတွေ အကုန်ဖြုတ်သိမ်းဖို့၊ နယ်မြေအား လုံခြုံရေး အစီအမံတွေ ရေးဆွဲဖို့…
Read Moreကွန်ဟိန်းမြို့မှာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံတွေ့
ဩဂုတ် ၉ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့မှာ မနေ့ ဩဂုတ် ၈ ရက်၊ မနက် ၆ နာရီဝန်းကျင်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ နမ့်ပန်ချောင်းရေ မြင့်တက်လာတဲ့အတွက် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ နမ့်ပန်ချောင်းရေ မြင့်တက်မှုကြောင့် အဆိုပါ ချောင်းအနီးက ရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၄)၊ အမှတ် (၅) ရပ်ကွက်နဲ့ နားတဲ့ကျေးရွာအတွင်း ရေဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ “အခုနှစ် ရေကြီးတာက ၁၉၈၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးလို့ ပြောရမယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း…
Read Moreဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ STUM အဖွဲ့ဝင် ၁၀ ယောက်ကို တရားရုံးသုံးခုမှာ ချုပ်ရက်ရမန်ပေး
ဩဂုတ် ၉၊ ၂၀၂၅ GG(VOM) ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ သမီး မခြူးခြူးသွယ် အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက်ကို တရားရုံးသုံးခုမှာ ချုပ်ရက်ရမန်ပေးလိုက်တယ်လို့သိရပါတယ်။ ” ဒီရက်ပိုင်းထဲမှာပဲ ချုပ်ရက်ရမန်ပေးလိုက်တယ်သိရတယ်။ အခြေအနေက ရုံးချိန်းထုတ်မှပဲ သေချာသိရမယ်။ ” လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူကပြောပါတယ်။ အဆိုပါ ၁၀ ယောက်လုံးကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့နဲ့ သီးခြားစီ အမှုစွဲဆိုကာ ရွှေပြည်သာမြို့နယ်တရားရုံ၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး နဲ့ အင်းစိန် မြို့နယ်တရားရုံး တို့မှာ ဩဂုတ် ၇ ရက်က ချုပ်ရမန်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်မျိုးမျိုးအေးနဲ့ သမီးအပါအဝင် ရှစ်ယောက်ကို ယခုလ ဩဂုတ် ၂၀…
Read More