ဒေလီ၊ ဩဂုတ်-၂၁-၂၀၂၅
ရတီ (VOM)
အိန္ဒိယစစ်တပ်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
Agni-5 ပဲ့ထိန်းဒုံးကျည်ဟာ ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ စစ်ရေးအနေအထားကို ကာကွယ်မှု မြှင့်တင်ဖို့ ရည်ရွယ်ပြီး ပြည်တွင်းထုတ်မှာ ထုတ်လုပ်ထားတဲ့ တာတိုနဲ့ တာလတ်ပစ် ဒုံးကျည် အများအပြားထဲမှ တခုဖြစ်ပြီး တရုတ်နိုင်ငံ ဘယ်နေရာဖြစ်ဖြစ် ပစ်ခတ်ရောက်ရှိနိုင်ပါတယ်။
Agni-5 ဒုံးကျည်ကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒီဆာ ပြည်နယ်မှာ အောင်မြင်စွာ ပစ်ခတ်ခဲ့တာဖြစ်ပြီဒ လည်ပတ်မှုနဲ့ နှင့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များအားလုံး အောင်မြင်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ဟာ တောင်အာရှတဝန်းမှာ သြဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပြီး လူ အသေအပျောက်များခဲ့တဲ့ နယ်စပ်တိုက်ပွဲအပြီး ၂၀၂၀ ခုနှစ်ကစပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းသွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ တရုတ်ကို တန်ပြန်ဖို့ဖွဲ့စည်းခဲ့တာလို့ ရှုမြင်ရတဲ့ အမေရိကန်၊ သြစတြေးလျနဲ့ ဂျပန်တို့ရဲ့ လေးနိုင်ငံမဟာမိတ် ကွပ်ဒ်အဖွဲ့ ဝင်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယရဲ့ ခါးသီးတဲ့ ပြိုင်ဘက် ပါကစ္စတန်ကလည်း နျူကလီယား လက်နက်ပိုင်ဆိုင်ထားပြီး အိန္ဒိယ အုပ်ချုပ်သည့် ကက်ရှ်မီးယားမှာ မေလအတွင်းက စစ်သွေးကြွ တိုက်ခိုက်မှုကြောင့် လူ ၂၆ ယောက် သေဆုံးပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့ အောက်တိုဘာလက အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားမှာ တွေ့ဆုံခဲ့ပါတယ်။ ဒါအပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဖို့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အဖြစ် မိုဒီဟာ ယခုလနှောင်းပိုင်းမှာ တရုတ်သွားဖို့ရှိနေပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နဲ့ အိန္ဒိယဆက်ဆံရေးဟာလည်း တင်းမာနေပြီး ရုရှားရေနံ ဝယ်ယူမှုတွေကြောင့် အိန္ဒိယကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန် ၅၀ ရာခိုင်နှုန်းထိ ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။
Ref:CNA
Photo:AP