တရုတ်နယ်စပ်အနီးမှာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် အခြေစိုက်စခန်း တည်ရှိနေ

ပြုံးယမ်း၊ ဩဂုတ်-၂၂-၂၀၂၅
ရတီ(VOM)
မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ထားရှိနိုင်ဖွယ်ရှိတဲ့ အခြေစိုက်စခန်း တည်ရှိမှုကို အတည်ပြုတယ်လို့ အမေရိကန် သုတေသနအဖွဲ့တဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS) က ထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ အဲဒီ အခြေစိုက်စခန်းဟာ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယား အနောက်မြောက်ပိုင်းနယ်စပ်မှ ၂၇ ကီလိုမီတာခန့်အကွာ မြောက် ပြုံးဂန်း ပြည်နယ်ရဲ့ တေဂွမ်ခရိုင်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားဟာ အခြေစိုက်စခန်းတည်ရှိမှုကို ထုတ်ဖော်ကြေညာခြင်းမျိုးမရှိကြောင်းနဲ့ ပထမဆုံးအကြိမ် လေ့လာအတည်ခြင်းဖြစ်တယ်လို့ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ ကပြောပါတယ်။ ပဏာမ လေ့လာမှုများအရ အခြေစိုက်စခန်းဟာ Hwasong-15 သို့မဟုတ် Hwasong-18 တိုက်ချင်းပစ်ဒုံးကျည် ခြောက်ခုမှ ကိုးခုအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
Hwasong-18 ဟာ လျှင်မြန်စွာ ပစ်လွှတ်နိုင်သော လောင်စာ ဒုံးအင်ဂျင်အမျိုးအစားသစ်နဲ့ တည်ဆောက်ထားပြီး ဒုံးကျည်အမျိုးအစားနှစ်ခုစလုံးဟာ နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်ပြီး အကွာအဝေး ကီလိုမီတာ ၁၀၀၀ ကျော်လွန် ပစ်ခတ်နိုင်ပါတယ်။
အကြပ်အတည်း သို့မဟုတ် စစ်ပွဲဖြစ်ပွားလာရင် ဒုံးကျည်တွေနဲ့ ရွေ့လျားလောင်ချာတွေကို အခြေစိုက်စခန်းမှ ရွှေ့ကာ နေရာအသီးသီးမှ ပစ်ခတ်နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။အခြေစိုက်စခန်းဟာ ယေဘုယျအားဖြင့် ၂၀၁၄ ခုနှစ်မှာ အပြီးသတ် လည်ပတ်ခဲ့တယ်လို့ ပြောပါတယ်။
အခြေစိုက်စခန်းဌာနချုပ်၊ ဒုံးကျည်ထောက်ပံ့ရေးအဆောက်အအုံနဲ့ မြေအောက်အဆောက်အအုံကြီးအပါအဝင် အထွေထွေလှုပ်ရှားမှု ခြောက်ခုအဖြစ် ခွဲခြားထားကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ဒီဒုံးကျည်တွေဟာ အရှေ့အာရှနဲ့ အမေရိကန်ပြည်မကြီးအတွက် အလားအလာရှိတဲ့ နျူကလီယား ခြိမ်းခြောက်မှုကို ဖြစ်စေတယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref:NHK
Photo: CSIS

Related posts

Leave a Comment

VOM News

FREE
VIEW