ပြည်သူ့ရှေ့ဆောင်ပါတီ ( People’s Pioneer Party) ပီသုံးလုံး ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန် နီးပါးဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၅ရက်နေ့မှာ မန္တလေးက ပါတီဝင်တွေ၊ ရှမ်းပြည်မြောက်ပိုင်းက ပါတီဝင်တွေနဲ့ နှစ်နေရာခွဲပြီး မန္တလေးမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းကနေ ရွေးကောက်ပွဲယှဥ်ပြိုင်မယ့် ဦးအောင်ဆန်းဇော်ကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်
