စက်တင်ဘာ ၉ – ၂ဝ၂၅
KKO(VOM)
ယနေ့ နံနက်ပိုင်းအချိန်ကပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့အနီးမှာ အင်အား ၄.၉ ရစ်(ခ်) တာစကေးရှိ မြေငလျင်ငယ်တခုလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းမိုး/ဇလညွှန်ကြားမှုဦးစီး ဌာနကတော့ ယနေ့ (၇-၉- ၂၀၂၅) ရက်၊(၀၉း၄၇း ၀၆)အချိန်ကရေတာရှည်မြို့ရဲ့အနောက်၊အနောက် တောင်ဘက်(၉)မိုင်ခန့်အကွာဗဟို ချက်တည်နေရာကိုဗဟိုပြုပြီးအင် အားပမာဏ ၄.၉ ရစ်(ခ်)တာစကေးအဆင့်ရှိမြေငလျင်တခုလှုပ်ခတ်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
“အိမ်ကသိမ့်ခနဲတုန်သွားတယ်။သိ သာတယ်။လန့်ပြီးဘယ်ပြေးရမှန်းမသိဘူး”လို့ တောင်ငူမြို့မှာ နေထိုင်တဲ့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။
ယနေ့ နံနက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကိုတောင်ငူ၊ရေတာရှည်၊ပြွန်တန်ဆာ၊နေပြည် တော်၊ အုတ်တွင်းနဲ့ ဖြူးမြို့နယ်တို့မှာရှိကြတဲ့ဒေသခံပြည်သူတွေအနေနဲ့ သိရှိခံစားလိုက်ရတယ်လို့ သိရပါတယ်။
မြေငလျင်များသတင်းစင်တာက တော့ယခုလှုပ်ခတ်ခဲ့တဲ့မြေငလျင်ဟာမြေအောက်အနက် ၆ မိုင်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊တောင်ငူအ နောက်မြောက်ဘက် ၆ မိုင်ခန့်မှာ
မဂ္ဂနီကျု ၄.၉ အဖြစ်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ၇.၇ အဆင့်ရှိ စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးအပြီးမှာနောက် ဆက်တွဲမြေငလျင်ငယ်လေးရာပေါင်းများစွာဟာနိုင်ငံတဝှမ်းမှာဆက် တိုက်ဆိုသလိုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
“စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးအ ပြီးမှာငလျင်ငယ်လေးတွေကဆက်ရှိနိုင်ပါတယ်” လို့လည်းငလျင်ပညာ ရှင်တွေက ပြောကြားထားပါတယ်။
ယခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးအပြီးမှာနောက်ဆက်တွဲငလျင်တွေအနေနဲ့ အကြိမ်ရေ ရာကျော်နီးပါးအထိ လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်သတင်းစင်တာတွေရဲ့သ တင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။
အဲဒီအထဲမှာ ရစ်(ခ်)တာစကေးအနေနဲ့ ပြင်းအား ၅.၀–၅.၉ ပမာဏရှိသောငလျင် ၁၂ ကြိမ်၊ ၄.၀–၄.၉ ပမာဏရှိသောငလျင် ၆၇ ကြိမ်၊ ၃.၀–၃.၉ ရှိသော ငလျင် ၁၈၂ ကြိမ် အပါ အဝင် ၁.၀–၂.၉ ပမာဏရှိသော ၁၆၁ ကြိမ်အထိ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင်ယခုစက်တင်ဘာလရက်သတ္တပတ်အတွင်းမှာမြေငလျင်ငယ်လေးတွေအနေနဲ့ ရခိုင်ပြည်နယ် ၊ဂွမြို့၊အရှေ့ဘက် ၁၁ မိုင်၊ရခိုင်ရိုးမတောင်တန်းတစ်နေရာမှာ မဂ္ဂနီကျု ၃.၆ မြေငလျင်တခု၊ပဲခူးတိုင်းဒေသကြီး၊ဆွာအ ရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ မဂ္ဂနီကျု ၃..၃ ရှိမြေငလျင်တခု၊မန္တလေးမြို့၊မတ္တရာအနီးမှာ ၅ မိုင်ခန့်မှာ မဂ္ဂနီကျု ၃.၉ ရှိ မြေငလျင်တခု၊မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်အနီးမှာ မဂ္ဂနီကျု ၄.၉ အဆင့်ရှိ မြေငလျင်တခုတို့ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒါအပြင် မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်အရှေ့ဘက် ၁၂ မိုင်ခန့်၊ ဂွေဘင်အနီးမှာမဂ္ဂနီကျု ၄.၉ အဆင့်ရှိမြေငလျင်နဲ့ ပဲခူးတိုင်း၊တောင်ငူမြို့မှ အနောက်တောင်ဘက်ပိုင်း ၁၄ မိုင်ခန့်၊ ညောင်ခြေထောက်မြောက်ဘက်ပိုင်း ၉ မိုင်ကျော်အကွာ မြေအောက်အနက် ၆ မိုင်မှ မဂ္ဂနီကျု ၄.၂ အဆင့်ငလျင်ငယ်တို့ လှုပ်ခတ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
ယနေ့ နံနက်က ရေတာရှည်မြို့အနီးမှာအင် အား ၄.၉ ရစ်(ခ်)တာစကေးရှိမြေငလျင်ငယ်တခုလှုပ်ခတ်ခဲ့မှုကြောင့် အဲဒီအနီးပတ်ဝန်း ကျင်ဒေသတဝိုက်မှာတော့ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တာမျိုးတော့မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သို့သော် ငလျင်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတွေ အပါအဝင် နိုင်ငံတဝှမ်းက ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြတာကိုလည်း ကြားသိရပါတယ်။
ဓါတ်ပုံ – မြေငလျင်များသတင်းစင်တာ။
