ပြည်တွင်းမှာလူသုံးများတဲ့ VPN အချို့ချိတ်ဆက်မရမှုတွေ ပြန်လည်ဖြစ်ပွား

စက်တင်ဘာ ၇ – ၂ဝ၂၅ KKO(VOM) ယခုရက်ပိုင်းအတွင်းပြည်တွင်းမှာလူသုံးများတဲ့ VPN တွေချိတ်မရတဲ့ပြဿနာဖြစ်ပေါ်နေပြီးဒါဟာအချို့‌ သော VPN တွေအနေနဲ့ပိတ်ပင်ခံရတာဖြစ်နိုင်တယ်လို့နည်းပညာကျွမ်း ကျင်သူတွေက VOM ကိုသုံးသပ်‌ ပြောပြပါတယ်။ Facebook မှာ VPN ချိတ်မရပေမယ့်အခြားသော TikTok,YouTube တို့ကဲ့သို့သော Social လူမှုကွန်ရက်တွေကတော့လွယ်လွယ်ကူကူအသုံး ပြုလို့ရနေသေးတယ်လို့လူမှု့ကွန် ရက်အသုံးပြုသူ User တွေကပြောပါတယ်။ “VPN ချိတ်မရဘူးဆိုတာကလူသုံးများတဲ့ VPN တွေပါ။လူအရမ်းအ သုံးများတဲ့ VPN တွေပေါ့လေ၊ဒါတွေကလူသုံးတာအရမ်းများလာတဲ့အခါပိတ်သွားတာမျိုးဖြစ်တတ်တယ်။တချို့ VPN တွေဆိုအပြီးပိတ်သွားတာမျိုးသုံးမရတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့ Free VPN တွေကအများကြီးရှိတော့တခုမရတခုချိတ်သုံးကြည့်ရမှာပါ။။VPN အား လုံးကိုလိုက်ပိတ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။VPN အမျိုးအစားပေါင်းများစွာရှိနေပါတယ်”လို့ မြန်မာနိုင်ငံသားအိုင်တီနည်းပညာရှင်တယောက်က VOM ကို ပြောပါတယ်။ အခုလို VPN အများစုကိုအသုံးပြုလို့မရတာ VPN တွေအပိတ်ခံရတာဟာသိပ်စိုးရိမ်စရာမလိုဘဲ၊Google နဲ့ Play Store တွေမှာ Free VPN အမျိုးအစားပေါင်းများစွာရှိနေတဲ့အတွက် မိမိတို့နဲ့ဖုန်းနဲ့ ကိုက်ညီမယ့်သင့်တော်မယ့်…

Read More

အမေရိကန်မှာ Hyundai စက်ရုံအလုပ်သမားတွေ ဖမ်းဆီးခံရမှု တောင်ကိုရီးယားအစိုးရ အရေးပေါ် စည်းဝေး

ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယားအစိုးရက အရေးပေါ်အစည်းအဝေးကျင်းပပြီး အမေရိကန်ရှိ Hyundai စက်ရုံမှာ လူပေါင်းရာချီဖမ်းဆီးခံရတဲ့ ကိစ္စကို အမြန်ဆုံးတုံ့ပြန်ဖို့ ကတိပေးလိုက်ပါတယ်။ ဂျော်ဂျီယာပြည်နယ်က စက်ရုံဆီကို ဆိုးလ်က သံတမန်တွေစေလွှတ်ထားပြီး Hyundai နဲ့အတူ စက်ရုံလုပ်ကိုင်တဲ့ LG Energy Solution ကလည်း အမေရိကန်ကို လုပ်ငန်းခရီးစဉ်အများစုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်း က နိုင်ငံသားတွေဖမ်းဆီးခံရတဲ့အတွက် နိုင်ငံခြားကိုရီးယားလူမျိုးကာကွယ်ရေးတာဝန်ခံအဖွဲ့ကို အစိုးရက ဖွဲ့စည်းထားပြီး လိုအပ်ရင် ဝါရှင်တန်ကိုသွားနိုင်တယ်လို့ သူက ဆိုပါတယ်။ “ဒီဖြစ်ရပ်ကိုသိရတာနဲ့ သမ္မတက အမေရိကန်ရဲ့ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့အခွင့်အရေးတွေ သို့မဟုတ် ကိုရီးယားရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို မတရားကန့်သတ်ခံရမှုမရှိစေရဘူးလို့ အလေးပေးပြောခဲ့တယ်” လို့ သူက ဆိုပါတယ်။ ဘက်ထရီစက်ရုံမှာ တရားမဝင်အလုပ်လုပ်နေတာတွေ့ရှိရတဲ့ လူ ၄၇၅ ယောက်ကို အမေရိကန်အရာရှိတွေက ဖမ်းဆီးထားပါတယ်။…

Read More

လန်ဒန်မှာ ပြုလုပ်တဲ့ ပါလက်စတိုင်းအရေးဆန္ဒပြပွဲ လူ ၄၀၀ ကျော် အဖမ်းခံရ

လန်ဒန်၊ စက်တင်ဘာ-၇-၂၀၂၅ ရတီ(VOM) အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားပေမယ့် လန်ဒန်မြို့လယ်ခေါင်က ပါလီမန်ရင်ပြင်မှာ ပါလက်စတိုင်းအရေးလှုပ်ရှားမှုအဖွဲ့ရဲ့ဆန္ဒပြပွဲမှာ လူ ၄၂၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အစိုးရရဲ့ တားမြစ်ချက်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ရာနဲ့ချီတဲ့လူတွေ စုဝေးခဲ့ကြပြီး အချို့က လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်တယ်၊ ပါလက်စတိုင်းအရေးလှုပ်ရှားမှုကို ထောက်ခံတယ် ဆိုဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။ ဖမ်းဆီးခံရသူအများစုm တားမြစ်ထားတဲ့အဖွဲ့ကို ထောက်ခံမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့အတွက်နဲ့ အခြားအများဆိုင်အမိန့်အာဏာချိုးဖောက်မှုတွေအတွက် လူ ၂၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဇူလိုင်လမှာ အစိုးရက အကြမ်းဖက်မှုဆိုင်ရာဥပဒေအရ ပါလက်စတိုင်းအရေးလှုပ်ရှားမှုအဖွဲ့ကို တားမြစ်ခဲ့ပြီး အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် ထောက်ခံခြင်းကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ နှုတ်နဲ့ရိုင်းပြပြောဆိုတာ၊ လက်သီးနဲ့ထိုးတာ၊ ခြေနဲ့ကန်တာ၊ တံတွေးထွေးတာ၊ အရာဝတ္ထုတွေပစ်တာ တွေလည်း ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။…

Read More

ရေတာရှည်မြို့အနီးမှာအင်အား ၄.၉ ရစ်(ခ်)တာစကေးရှိမြေငလျင်ငယ်တခုလှုပ်ခတ်ခဲ့ပြန်

စက်တင်ဘာ ၉ – ၂ဝ၂၅ KKO(VOM) ယနေ့ နံနက်ပိုင်းအချိန်ကပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့အနီးမှာ အင်အား ၄.၉ ရစ်(ခ်) တာစကေးရှိ မြေငလျင်ငယ်တခုလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းမိုး/ဇလညွှန်ကြားမှုဦးစီး ဌာနကတော့ ယနေ့ (၇-၉- ၂၀၂၅) ရက်၊(၀၉း၄၇း ၀၆)အချိန်ကရေတာရှည်မြို့ရဲ့အနောက်၊အနောက် တောင်ဘက်(၉)မိုင်ခန့်အကွာဗဟို ချက်တည်နေရာကိုဗဟိုပြုပြီးအင် အားပမာဏ ၄.၉ ရစ်(ခ်)တာစကေးအဆင့်ရှိမြေငလျင်တခုလှုပ်ခတ်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ “အိမ်ကသိမ့်ခနဲတုန်သွားတယ်။သိ သာတယ်။လန့်ပြီးဘယ်ပြေးရမှန်းမသိဘူး”လို့ တောင်ငူမြို့မှာ နေထိုင်တဲ့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။ ယနေ့ နံနက်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကိုတောင်ငူ၊ရေတာရှည်၊ပြွန်တန်ဆာ၊နေပြည် တော်၊ အုတ်တွင်းနဲ့ ဖြူးမြို့နယ်တို့မှာရှိကြတဲ့ဒေသခံပြည်သူတွေအနေနဲ့ သိရှိခံစားလိုက်ရတယ်လို့ သိရပါတယ်။ မြေငလျင်များသတင်းစင်တာက တော့ယခုလှုပ်ခတ်ခဲ့တဲ့မြေငလျင်ဟာမြေအောက်အနက် ၆ မိုင်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊တောင်ငူအ နောက်မြောက်ဘက် ၆ မိုင်ခန့်မှာ မဂ္ဂနီကျု ၄.၉ အဖြစ်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ၇.၇ အဆင့်ရှိ စစ်ကိုင်းနဲ့…

Read More

မန္တလေးမှာ ကလေးတွေကို ဖမ်းဆီးနှိပ်စက် တောင်းရမ်းခိုင်းနေတဲ့ အဖွဲ့တွေကို ဖမ်းဆီးဖို့ လို

စက်တင်ဘာ ၇ – ၂၀၂၅ SN (VOM) မန္တလေးမြို့မှာ ကလေးတွေကို ဖမ်းဆီးနှိပ်စက် တောင်းရမ်းခိုင်းနေတဲ့ အဖွဲ့တွေ ပေါ်ပေါက်နေပြီး သက်ဆိုင်ရာအနေနဲ့ ဥပဒေနဲ့အညီ ဖမ်းဆီး အရေးယူဖို့ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့တွင်း လူစည်ကားရာ လမ်းမကြီးတွေဖြစ်တဲ့ ၂၆ လမ်း၊ ၇၈ လမ်း၊ ၃၅ လမ်း၊ လမ်း ၈၀၊ ၆၂ လမ်းနဲ့ ဘူတာကြီးနဲ့ သိပ္ပံလမ်းတ​လျှောက် စတဲ့ နေရာတွေမှာ ကလေးငယ်တွေ အဖွဲ့လိုက် တောင်းရမ်းနေတတ်ပြီး အဆိုပါ နေရာတွေဟာ ယာဉ်အသွားအလာများတဲ့ နေရာ‌တွေဖြစ်တာကြောင့် လိုက်လံ တောင်းရမ်းနေတဲ့ ကလေးငယ်တွေသာမက လမ်းသွားလမ်းလာတွေပါ ယာဉ်အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။ “မန္တလေးမီးပွိုင့်တွေမှာ ကလေးတွေ စိတ်မပါဘဲ တောင်းနေတာ ခဏခဏမြင်ရတယ်။ တချို့ကလေးတွေဆို မျက်လုံးတဖက် မမြင်ရတာတို့ ဒဏ်ရာတွေနဲ့တွေ့ရတယ်။…

Read More

သူတို့အိမ် အခန်း – ၄

  ဆူးငှက်     စစ်ကြီးအတွင်း ရွာအပြန် ————————- ကျွန်တော်သည် ထိုရပ်ကွက်လေးတွင် မွေးဖွားခဲ့ပါ၏။ တစ်နေ့ကပဲ အမေ့မှတ်ပုံတင်ဟောင်းလေး တွေ့လို့ လွမ်းလွမ်းဆွတ်ဆွတ် ပြန်ကြည့်လိုက်တော့ အမေ့ မွေးသက္ကရာဇ်က ၁၂၇၀ပြည့်နှစ် ဖြစ်သည်။ အမေ၁၉နှစ်သမီးမှာ မန္တလေးရောက်သည်ဆိုပြန်တော့ ၁၂၈၉ ၊ ၉၀ ဝန်းကျင် ဖြစ်မှာပေါ့။ မန္တလေးရောက်ပြီး ၄နှစ်လောက်မှ အစ်မကြီး မွေးသတဲ့။ အစ်မကြီးအရင် ၂နှစ်လောက်က သားဦး ယောက်ျားလေးကတော့ အဖတ်မတင်ဘူးတဲ့။ အစ်မကြီး မွေးတော့ အရင်သားဦးလို အဖြစ်မခံနိုင်တော့ ဆွေမျိုးအသိုင်းအဝန်းရှိရာ ရွာပြန်မွေးသတဲ့။ ရွာမှာ သားသမီးဖွားပြီး လအချို့နေပြီးမှ မန္တလေး ပြန်သည်။     သည်တစ်ခါ မန္တလေးအပြန်မှာ ကလေးနှင့်မို့ ရွာက အဘ အဖေ အဖိုးဦးလူနီနှင့် အဘမိထွေးပါ လိုက်လာသည်ဆိုသည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး မန္တလေးကို…

Read More
VOM News

FREE
VIEW