လန်ဒန်မှာ ပြုလုပ်တဲ့ ပါလက်စတိုင်းအရေးဆန္ဒပြပွဲ လူ ၄၀၀ ကျော် အဖမ်းခံရ

လန်ဒန်၊ စက်တင်ဘာ-၇-၂၀၂၅
ရတီ(VOM)
အာဏာပိုင်တွေက တားမြစ်ပိတ်ပင်ထားပေမယ့် လန်ဒန်မြို့လယ်ခေါင်က ပါလီမန်ရင်ပြင်မှာ ပါလက်စတိုင်းအရေးလှုပ်ရှားမှုအဖွဲ့ရဲ့ဆန္ဒပြပွဲမှာ လူ ၄၂၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အစိုးရရဲ့ တားမြစ်ချက်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ရာနဲ့ချီတဲ့လူတွေ စုဝေးခဲ့ကြပြီး အချို့က လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်တယ်၊ ပါလက်စတိုင်းအရေးလှုပ်ရှားမှုကို ထောက်ခံတယ် ဆိုဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။
ဖမ်းဆီးခံရသူအများစုm တားမြစ်ထားတဲ့အဖွဲ့ကို ထောက်ခံမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့အတွက်နဲ့ အခြားအများဆိုင်အမိန့်အာဏာချိုးဖောက်မှုတွေအတွက် လူ ၂၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ဇူလိုင်လမှာ အစိုးရက အကြမ်းဖက်မှုဆိုင်ရာဥပဒေအရ ပါလက်စတိုင်းအရေးလှုပ်ရှားမှုအဖွဲ့ကို တားမြစ်ခဲ့ပြီး အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် ထောက်ခံခြင်းကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေဟာ နှုတ်နဲ့ရိုင်းပြပြောဆိုတာ၊ လက်သီးနဲ့ထိုးတာ၊ ခြေနဲ့ကန်တာ၊ တံတွေးထွေးတာ၊ အရာဝတ္ထုတွေပစ်တာ တွေလည်း ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန္ဒပြပွဲကို စီစဉ်ခဲ့တဲ့ Defend Our Juries ကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကတ်ထူပြားဆိုင်းဘုတ်တွေကိုင်ထားတဲ့ လူတထောင်ကျော်ကို ဖမ်းဆီးဖို့ကြိုးစားရာမှာ သက်ကြီးရွယ်အိုတွေအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တယ် လို့ တုံ့ပြန်ခဲ့ပါတယ်။
Ref:BBC

Related posts

Leave a Comment

VOM News

FREE
VIEW