ဝိုင်းမော်မှာ နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တပ်စခန်းချထားတဲ့ နေရာ နှစ်ခု သိမ်းပိုက်ခံရ

အောက်တိုဘာ ၈၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စု၊ လုမြန်ရွာဘက်က နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တပ်စခန်းချထားတဲ့ နေရာ နှစ်နေရာကို ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဝိုင်းမော် လုမြန်ရွာက ပြည်သူ့စစ် မင်းဇေသန့်ရဲ့ နေရာ နှစ်နေရာ ဒီနေ့မနက် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူလိုက်ပြီလို့ ကြားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဝိုင်းမော် လုမြန်ရွာဘက် အောက်တိုဘာလ ၈ ရက်နေ့ မနက် ၆ နာရီဝန်းကျင်ခန့်ကစ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ စစ်တပ် တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားနေခဲ့တာ…

Read More

တွမ်မဟော့ခ် ဒုံးကျည်တွေ ယူကရိန်းအတွက် ထောက်ပံ့ဖို့စီစဉ်နေမှု အမေရိကန်ကို ရုရှားသတိပေး

ဝါရှင်တန်၊ အောက်တိုဘာ-၈-၂၀၂၅ ရတီ(VOM) ယူကရိန်းအတွက် တွမ်မဟော့ခ် ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးရန် ဆုံးဖြတ်ချက်ချခါနီပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ရုရှားကတော့ ဒီလိုထောက်ပံ့မှုဟာ တင်းမာမှုတွေ ပိုဆိုးလာလိမ့်မယ်လို့ သတိပေးထားပါတယ်။ တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးပြီလားလို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ကျွန်တော် ဆုံးဖြတ်ချက်ချပြီး သလောက်နီးပါး ဖြစ်နေလို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းတပ်တွေက ဒုံးကျည်တွေနဲ့ ဘာတွေလုပ်နေလဲ၊ ဘယ်နေရာကို ပို့နေလဲဆိုတာကို သိချင်နေတယ်လို့ သူက ထပ်ပြောပါတယ်။ တင်းမာမှုတွေ ပိုဆိုးလာဖို့ကိုတော့ သူမလိုလားဘူးလို့ ပြောပါတယ်။ အမေရိကန်က ယူကရိန်းတပ်ဖွဲ့တွေ ရုရှားပိုင်နက်အတွင်းကို တိုက်ခိုက်မှုအတွက် အမေရိကန်က ထောက်ပံ့ပေးထားသော ATACMS ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးနေပြီလို့ ယုံကြည့်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ အထိ ပျံသန်းနိုင်ပြီး တွမ်မဟော့ခ်ဒုံးကျည်တွေရဲ့ အကွာအဝေး ဒီထက်…

Read More

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတယောက်ကို အပိုင်းပိုင်းခုတ်သတ်ခဲ့တဲ့ ကျူးလွန်သူနဲ့ ကူညီသူကို ဖမ်းမိ

အောက်တိုဘာ ၈ ၊၂၀၂၅ GG (VOM) ရန်ကုန် ၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို ဓားနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့တဲ့ ကျူးလွန်သူနဲ့ အလောင်းဖျောက်ဖို့ကူညီခဲ့သူတို့ နှစ်ယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။ လူသတ်မှု ကျူးလွန်သူကို သာကေတမြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်ဖြစ်ပြီး အလောင်းဖျောက်ဖို့ကူညီသူကတော့ ကျူးလွန်သူရဲ့ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာမှ အသက် ၁၈ နှစ်အရွယ် အေမွန်အောင် တို့ဖြစ်တယ်လို့သိရပါတယ်။ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်အသုံးပြုခဲ့တဲ့ အဝတ်အစား၊ စတီးဓား နှစ်ချောင်း၊ သေဆုံးသူ ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းတလုံးအပါအဝင် လက်ကိုင်ဖုန်းသုံးလုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို​ပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ကျူးလွန်သူတရားခံ အောင်ခန့်ကျော်ဇင်က ဂိမ်းအလွန် အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်တဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေ အလွန်အကျွံ ကြည့်ရှုလေ့ရှိကြောင်း၊…

Read More

ကမ္ဘာ့ရွှေ အတက်ကြမ်းမှုနဲ့အတူ ပြည်တွင်းရွှေဈေး ကျပ် နှစ်သိန်းဝန်းကျင် ခုန်တက်လာ

အောက်တိုဘာ ၈ – ၂၀၂၅ SN (VOM) ကမ္ဘာ့ရွှေဈေး အတက်ကြမ်းမှုနဲ့အတူ ပြည်တွင်းရွှေဈေး တရက်အတွင်း ကျပ် နှစ်သိန်းဝန်းကျင် ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံး ဈေးတန်းဖြစ်တဲ့ တအောင်စ ဒေါ်လာ ၄၀၄၉ ဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပြည်တွင်း အခေါက်ရွှေ (စနစ်ဟောင်း) ဈေးကတော့ လက်ရှိမှာ ရှစ်ဆယ့်နှစ်သိန်းခွဲ ဝန်းကျင်ကို ရောက်ရှိနေပြီး ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ တရက်တည်းမှာတင် ကျပ် နှစ်သိန်းဝန်းကျင် ခုန်တက်လာတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “ကမ္ဘာ့ရွှေက တောက်လျှောက် တက်နေတယ်။ လက်ရှိ တော်တော်လေး မြင့်နေပြီပေါ့။ ကျွန်တော်တို့ အထင်ဆို ဖြစ်လေ့ဖြစ်ထ ရှိတာကတော့…

Read More

ပြည်သူ့အသံ ကဏ္ဍ

ပင်းတယမှာ နှစ်လုံး သုံးလုံးဒိုင်​တွေ တရားဝင်စီးပွား​ရေးလိုလုပ်​နေ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ရှမ်းရပ်ကွက်တွင် ၂ လုံး ၃လုံးအား လိုင်းကြေးပေး၍ အကြီးအကျယ်ပေါ်တင်ပြုလုပ်နေပါတယ်။ သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး တရားဥပဒေမစိုးမိုးဘဲ ညောင်ရွှေမှ ဦးဘုန်းကြွယ်(ခ)ကိုငယ်မှ ရဲ၊ ​မြို့နယ်ထွေအုပ် ၊ ဒေသဦးစီးအဖွဲ့များအား လိုင်းကြေးအသီးသီးပေး၍ ရောင်းချနေပါကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့် ​ပေးပို့ပါသည်။ ဒေသ အုပ်ချုပ်​ရေးအဖွဲ့ကလည်း လောင်းကစားများ၊ သစ်လမ်းကြောင်းများ၊ ကုန်သွယ်မှုလမ်းကြောင်းများ တရားဝင်သဖွယ်ခွင့်ပြုထားပါကြောင်း လုပ်ကိုင်​နေသူ​တွေဆီက သိရပါသည်။ ထိုကိစ္စ​တွေ​ကြောင့် ​ဒေသခံ​တွေပါ အလုပ်လက်​ကြောတင်း​အောင် မလုပ်ချင်​တော့ဘဲ ​လောင်းကစားပဲ အားစိုက်လုပ်​နေလို့ ဘဝ​တွေပျက်သူပျက်၊ ခိုးဆိုးလု​တွေတိုး​နေပါသည်။ ထို့​ကြောင့် သက်ဆိုင်ရာမှ အ​ရေးယူ​ပေးနိုင်ပါရန် VOM မှတဆင့် တင်ပြပါသည်။ ပင်းတယသား ပုံ ချဲစာရင်း ​ငွေစာရင်းလုပ်​နေပုံ

Read More

တာမွေမှာ အဘိုးအိုတယောက် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံး

အောက်တိုဘာ ၈ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ ဒီကနေ့ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာညွန့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က မေတ္တာညွန့်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသူဟာ အသက် ၇၄ နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။ “သူ့မိသားစုဝင်တွေက သူဒီလိုလုပ်ပြီး ၁၅ မိနစ်လောက်ကြာမှ သိကြတာ။ သူ အိမ်သာသွားတယ်ပဲ ထင်နေကြတာ။ ပတ်ဝန်းကျင်က အကြောင်းကြားလို့ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကတော့ မိနစ် ၂၀၊ ၂၅ မိနစ်လောက် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ရောက်တဲ့အချိန်…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၆)

ဆူးငှက် တိုက်အပေါ်ထပ် ထမင်းစားခန်းထဲမှာ ဒေါ်ဒေါ်က ကော်ဖီခွက်တွေ၊ ပဲပလာတာတွေနှင့် ကျွန်တော်တို့ကို စောင့်နေသည်။ “လာကြကွဲ့၊ စားကြဦး” ဟု ဆိုကာ သူကိုယ်တိုင် ကော်ဖီတွေ ငှဲ့ထည့်ပေးသည်။ ကျွန်တော်သည် ဒေါ်ဒေါ်၏ ထမင်းစားပွဲမှာ ခပ်ရို့ရို့ မဝံ့ မရဲထိုင်ရင်း ဒေါ်ဒေါ်ကျွေးသော နံနက်စောစာကို စားကာ ရင်တွေ တလှပ်လှပ်ခုန်နေသည်။ ကမ္ဘာကျော်၊ နာမည်ကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီးတစ်ယောက်က မိခင်တစ်ယောက်ပမာ ကျွေးမွေးစောင့်ရှောက်နေမှုအပါ် ဝမ်းသာပီတိ ကြည်နူးမှု ဖုံးလွှမ်းသွားလို့ ဖြစ် သည်။ ဒေါ်ဒေါ်က ကျွန်တော်တို့ဘေးမှထိုင်ကာ …” မနေ့က မနက်က ငါတို့ဆီ ဦးမောင်မောင်မြ ဖုန်းဆက်တယ်ကွဲ့၊ မြစ်ဝကျွန်းပေါ် ဖျာပုံ ဘိုကလေးဖက်က မန္တလေးကို ဘုရားဖူးလာတဲ့ မိသားတစ်စုက မန္တလေးရောက်တာနဲ့ သူတို့ ထိုးခဲ့တဲ့ ထီလက်မှတ်က ဆုကြီးပေါက်တာ တဲ့။ မန္တလေးနဲ့ ကံစပ်တယ်ဆိုပြီး မလွန်ဆန်လှူသင်းကြီးကို၊…

Read More
VOM News

FREE
VIEW