အောက်တိုဘာ ၂၁ ၊ ၂၀၂၅ GG (VOM) ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအုပ်စုရှိ ဆန်စက်မှာ ဒီနေ့အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ဘွိုင်လာအိုးပေါက်ကွဲပြီး အမျိုးသား တယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ မနက် ၁၁ နာရီကျော်လောက်မှာ ဆန်စက်ရှိ ဘွိုင်လာအိုးပျက်နေတာကို ပြုပြင်နေချိန်မှာ ဘွိုင်လာအိုးပေါက်ကွဲပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်ကြောင်း ၊ပေါက်ကွဲမှုမှာသေဆုံးသူက ဘွိုင်လာအိုးလာရောက်ပြုပြင်တဲ့အမျိုးသားဖြစ်တယ်လို့သိရပါတယ်။ “ဘွိုင်လာပျက်နေတာကို ပြင်နေတာ။ပြင်ပြီးတော့ မီးထိုးစမ်းတာကနေ မီးပေါင်တအားတက်ပြီး ဘွိုင်လာအိုးကပေါက်ကွဲသွားတာပေါ့။သေတာကတော့ ဘွိုင်လာလာပြင်သူပါ။သူကပဲလာပြင်တော့ အနားမှာသူပဲရှိတာ။” လို့ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးရုံးမှ တာဝန်ကျမီးသတ်တပ်ဖွဲ့ဝင်ကပြောပါတယ်။ လက်ရှိမှာ သေဆုံးသူအမျိုးသားနဲ့ ထိခိုက်ဒဏ်ရာရသူ အမျိုးသားသုံးယောက်၊အမျိုးသမီးတယောက်ကို ဖျာပုံဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ဆန်စက်က ဖြစ်တယ်လို့သိရပါတယ် ။ “ဒဏ်ရာရလေးယောက်က အပေါ်ယံ အရေပြားဒဏ်ရာရတာပေါ့။ဆန်စက်ကလို့ကြားတယ်။ဆေးရုံပို့ထားပါတယ်။” လို့ မြေပြင် ကယ်ဆယ်ရေးလမ်းကြောင်းသွားခဲ့တဲ့ ဖျာပုံမြို့ ၊ပဲ့တင်သံပရဟိတအသင်းမှ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာ ဆန်စက် ပေါက်ကွဲမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး…
Read MoreDay: October 21, 2025
ဒေလီမှာ ဒီဝါလီပွဲတော်အပြီး လေထုညစ်ညမ်းမှု ပိုဆိုးရွားလာ
ဒေလီ၊ အောက်တိုဘာ-၂၁-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဟိန္ဒူရိုးရာ ဒီဝါလီပွဲတော်ကျင်းပမှာ မီးရှူးမီးပန်းပစ်ဖောက်မှုတွေကြောင့် ပွဲတောအပြီး နောက်တနေရမှာပဲ လေထုညစ်ညမ်းမှု အဆင့် မြင့်တက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နယူးဒေလီရှိ အချို့သူတွေဟာ တနင်္လာနေ့ ညနှောင်းပိုင်းအထိ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ပြီး အင်္ဂါနေ့မနက်မှာတော့ မြို့တော်ရဲ့လေထုအရည်အသွေးညွှန်းကိန်းဟာ ရပ်ကွက်အများအပြားမှာ ညွှန်းကိန်း ၃၅၀ ကျော်ထိ ရောက်ရှိသွားပါတယ်။ ဒီညွှန်းကိန်းဟာ လူသားတွေအတွက် အန္တရာယ်ရှိစေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ ပမာဏဖြစ်ပါတယ်။ မီးခိုးမြူတွေကြောင့် လမ်းတွေ၊ အထပ်မြင့်အဆောက်အအုံတွေနဲ့ သမိုင်းဝင် အထိမ်းအမှတ်နေရာတွေမှာပါ မြင်နိုင်စွမ်းတွေကျဆင်းနေပါတယ်။ “ဒီလိုမျိုး တခါမှ မမြင်ဖူးဘူး။ လေထုညစ်ညမ်းမှုကြောင့် ဒီမှာ ဘာမှ မမြင်ရဘူး” နယူးဒေလီကို လာရောက်တဲ့ ခရီးသွားတယောက်က ပြောပါတယ်။ အိန္ဒိယ တရားရုံးချုပ်ဟာ ဒီဝါလီပွဲတော်ကာလအတွင်း နယူးဒေလီမှာ မီးရှူးမီးပန်းပစ်ဖောက်မှု တားမြစ်ချက်ကို ဖြေလျှော့ပေးခဲ့ပြီး ညစ်ညမ်းမှုနည်းတဲ့မီးရှူးမီးပန်းတွေကို အကန့်အသတ်နဲ့…
Read Moreမိုးကုတ်အရှေ့ပိုင်းမှာ လေကြောင်းက ဗုံးကြဲခံရလို့ သုံးယောက်သေ၊ ထိခိုက်ဒဏ်ရာရသူတွေရှိနေ
အောက်တိုဘာ ၂၁ ၊ ၂၀၂၅ CC (VOM) မိုးကုတ်မြို့အရှေ့ပိုင်းကို ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ကနဦးသတင်းအရသိရပါတယ်။ ညနေ ၃ နာရီလောက်မှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကန်တော် ရှမ်းကျောင်းအနီး ကန်တော် ဖူဆယ်ကွင်း နဲ့ ပိတ်စွယ် အထက်ပိုင်း ရေကန်တော်ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖူဆယ်ကွင်းထဲ ကျရောက်ပေါက်ကွဲမှုမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။ “သေးဆုံးသူ ကလေးသုံးယောက်လို့တော့သိနေရပြီ။ ထိခိုက်ဒဏ်ရာရများပါတယ်။ တလုံးက ဘောလုံးကွင်းပေါ် ကျတာပါ။ နောက်တလုံးက ဘုရားငါးဆူနားကျတာပါ။ သေဆုံးထိခိုက်များတာက ဘောလုံးကွင်းပေါ်အတည့်ကျတာပါ။” လို့ ဒေသခံကပြောပါတယ်။ လက်ရှိမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေပြီး ဆေးဝါးကုသဖို့ လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။ အောက်တိုဘာ ၁၉ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်းကို လေကြောင်းကနေဗုံးကြဲ ခံရပြီး လူထိခိုက်မှုမရှိပေမယ့် ကြက်ခြံထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာ…
Read Moreငလျင်ထိ အဆောက်အဦ ပြိုကျလို့ ပိမိနေတဲ့ အမျိုးသားကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့
မန္တလေး၊ အောက်တိုဘာ- ၂၁- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ အကွက် (၅၆၁)၊ ၃၃ x ၃၄ လမ်းကြားနဲ့ ၈၅ x ၈၆ လမ်းကြားမှာရှိ မလွန်ဆေးရိုးဝင်းအတွင်းကငလျင်ဒဏ်သင့်ထားတဲ့ မြစိမ်း တည်းခိုခန်းကို စက်ယန္တရားအသုံးပြုပြီး ဖြိုဖျက်နေချိန် နဘေးကပ်လျက်မှာရှိတဲ့နေအိမ်ပေါ်ကို ပြိုကျမှုဖြစ်လို့ ပိမိနေတဲ့ အမျိုးသားတဦးကို အသက် ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ” ဦးခေါင်းနဲ့ တံတောင်ဆစ် ပွန်းပဲ့တာပဲရှိတာပါ ကျိုးတာမျိုးတော့ မရှိပါဘူး လက်ရှိမှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ပေးထားပါတယ်၊ ဒီလူကို ထုတ်ဖို့ အောက်ကနေ ဝင်လို့လည်း မရဘူး မီးကလည်းလောင်နေတော့ အပေါ်ကနေလည်း ဖောက်ဝင်ရတယ်၊ အောက်ကနေလည်း ဖောက်ဝင်ရတယ် နောက်ဆုံးတော့ အိမ်ကို ရအောင်မြှောက်ပြီးတော့မှ ကယ်ထုတ်ခဲ့ရပါတယ် ” လို့ အဲ့ဒီဖြစ်စဥ်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။ ဒီဖြစ်စဥ်ဟာ…
Read Moreသူတို့အိမ် အခန်း – ၂၀
ဆူးငှက် ရွာထမင်း ရွာဟင်းနှင့် ရွာက ကန်ရေလေးသောက်ချင်လို့ —————————————————– အဘနှင့် အမေက သူတို့ရွာကနေ မန္တလေးသို့ ပြောင်းရွှေ့အခြေချကာ သားသမီးများပင် ထွန်းကားခဲ့သော်လည်း နွေအခါ တပို့တွဲ တပေါင်းရောက်လျှင် ရွာသို့ အလည်အပတ် ပြန်ချင်ကြသည်။ ရွာမှာလည်း ထိုအချိန်ရောက်မှ ယာလုပ်ငန်းနားပြီး အားလပ်ကြ၍ အလှူအတန်း နှင့် ယုတ်စွအဆုံး ဘုန်းကြီးပျံ မယ်တော်ပျံ ဘတော်ပျံတို့ ကျင်းပကြသည်။ အဘက နတ်တော်ကျော်၍ တပိုတွဲ လဆန်းလျှင်ပင် ရွာထမင်းရွာဟင်းလေးနဲ့ ရွာက ကန်ရေလေး သောက်ချင်သေးတယ် ဟု ပြောလေ့ရှိသည်။ ရွာမှာ သူ့ဖခင် ဦးလူနီ ရှိသေးသည်။ ကျွန်တော် ၉ နှစ် ၁၀နှစ်သားလောက်မှ အဘိုး ဦးလူနီ ဆုံးရှာသည်။ အဘိုးဆုံးတော့ အသက် ၉၀ နီးပြီပေါ့။ ရွာသို့ ပြန်ချင်လှသော အဘတစ်ယောက် တကယ်တမ်း အဘိုးဆုံးတော့…
Read Moreနယ်စပ်ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားကို တောင်ကိုရီးယား ဖမ်းဆီးထိန်းသိမ်း
ဆိုးလ်၊ အောက်တိုဘာ-၂၀-၂၀၂၅ ရတီ(VOM) ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ ကုန်းမြေနယ်နိမိတ်ကို ဆန္ဒအလျောက် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား စစ်သားတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ အဲဒီမြောက်ကိုရီးယားစစ်သားဟာ တောင်ကိုရီးယားဘက်ကို ဘက်ပြောင်းခိုလှုံဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီနယ်နိမိတ်ဟာ ကမ္ဘာပေါ်မှာ မိုင်းအထူထပ်ဆုံးနေရာများထဲမှ တခုဖြစ်ပြီး စစ်မဲ့ဇုန်ရဲ့ အလယ်မှာ ရှိပါတယ်။ ကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ ကုန်းမြေနယ်နိမိတ်ကိုဖြတ်ကာ ဘက်ပြောင်းလာမှုဟာ ရှားရှားပါးပါးဖြစ်ပြီး ဒီဧရိယာဟာ သစ်တောထူထပ်ကာ မြေမြှုပ်မိုင်းတွေနဲ့ ပြည့်နှက်နေပြီး နှစ်ဖက်တပ်တွေကလည်း အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။ အောက်တိုဘာ ၁၉ ရက်မှာ အဓိက စစ်နယ်နိမိတ်မျဉ်း ကိုဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယား စစ်သားတယောက်ကိုတွေ့ရှိပြီးနောက် ခြေရာခံစောင့်ကြည့်ကာ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျွန်းဆွယ်နှစ်ခြမ်းကွဲပြီးနောက် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ သောင်းနဲ့ချီတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေဏာ…
Read More